ဗုဒ္ဓဘာသာ မြန်မာလူမျိုးမျာ၏ ရှင်ပြု နားသ အလှူ တော်
မင်္ဂလာပွဲများ အကြောင်း သိကောင်းစရာ
Hello , all my steemit member
Steemit မြန်မာ မိသားစု ဝင်များ အားလုံး မင်္ဂလာပါရှင့်
ဗုဒ္ဓဘာသာ မြန်မာ လူမျိုး များ ရဲ့ အလှူ အတန်း များစွာ
ထဲ မှ အရေးပါလှသော ရှင်ပြု နားသ အလှူတော် မင်္ဂလာ
အကြောင်း ကိုရေးသား မှာ ဖြစ်ပါတယ်
ဗုဒ္ဓဘာသာ မြန်မာ့ရိုးရာ ထုံးတမ်း စဉ်လာ များထဲမှ
ရှင်ပြုနားသ အလှူ တော် မင်္ဂလာပွဲများ ဆင်နွဲကြရာတွင်
ဒေသ အလိုက် အမျိုးမျိုး ကွဲ ပြား မှုများစွာ ဖြင့်ဆင်ယင်
ကျင်းပ ကြပါတယ်
ရှင်ပြုခြင်း ဆိုသည်မှာ သာမဏေပြု လုပ်ပေးခြင်း သင်္ဃန်း
စီးပေးခြင်း သာသနာ့ဘောင်အတွင်း သွတ်သွင်းခြင်း
ဖြစ်ပါတယ်
ဗုဒ္ဓဘာသာ မြန်မာလူမျိုး တို့သည် မိမိတို့ ရင်နှစ်သည်းခြာ
သားလှရတနာ သမီးလှရတနာ လေးများအား သာဿနာ့
အမွေ ခံယူစေခြင်းဘဲ ဖြစ်ပါတယ်
သားယောင်္ကျား လေးများအား သာ့သနာ့ဘောင် သို့
သွတ်သွင်း ရှင်သာမဏေ ပြုလုပ်ပေးခြင်း ဖြစ်ပြီး
သမီး မိန်းကလေး များကို မြတ်နားသ မင်္ဂလာ သဘင်
ဆင်ယင် ကျင်းပ ခဲ့ကြသည်မှာ ရှေးယခင် ကတည်းကပင်
တည်ရှိခဲ့ သည့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ရဲ့
ထုံးထမ်းစဉ်လာ ရိုးရာ အမွေ တစ်ခုလည်း ဖြစ်ပါတယ်
မြတ်စွာဘုရားရှင် လက်ထက်တော် ကပင်လျှင် ရှင်သာမဏေ
ပြုခြင်း ကိုရင်ဝတ်ခြင်း များရှိခဲ့ ပါတယ်
မြတ်စွာဘုရားရှင် သည်သားတော် ရာဟုလာ ကို သာမဏေ
ပြုပေးလိုက် ရာမှ စတင်ကာ သာသနာတော်တွင် ရှင်သာမဏေ
ပေါ်ထွန်းလာခြင်း ဖြစ်ပါတယ်
မြန်မာ ဗုဒ္ဓဘာသာဝင်များသည် သာဏေ ကို ကိုရင် မောင်ရင်
ရှင်သာမဏေ ဟူ၍ အမျိုးမျိုး ခေါ်ဝေါ် ကြပါတယ်
"ရှင် "ဟူသော ဝေါဟာရသည် ဘုရားရှင် ရှင်ဘုရင်
ရှင်သာမဏေ စသည့်ဖြင့် မြင့်မြတ်သူ တို့ကို ခေါ်ဝေါ် သုံး
စွဲ သည့် စကားလုံး ဖြစ်ပါတယ်
သာမဏေ ဟူသောဝေါဟာရမှာ " သာမဏေရ "ဟူသော
ပါဋ္ဌိ စာလုံး မှဆင်းသက်လာသော မြန်မာဝေါဟာရ ဖြစ်ပြီး
အဓိပ္ပါယ် မှာ ရဟန်းပြုရန် အရွယ်မရောက်သေးသူများအား
ရှင်ကျင့်ဝတ် အနည်းငယ် ကို လိုက်နာကျင်ူသုံးရသည့်
မြင့်မြတ်သူ များ ဟု အဓိပ္ပါယ် ရပါတယ်
ရှင်ပြုရာတွင် အရေးအကြီးဆုံးသော အချက် (၃) ချက်
ရှိပါတယ်
၎င်းအချက်(၃)ချက်မှာ
၁ - မောင်ရှင်လောင်းအား ဆံချပေးခြင်း
၂ - မောင်ရှင်လောင်းအား သင်္ဃန်း စီးပေးခြင်း
၃ - မောင်ရှင်လောင်းအား သရဏဂုံ နူတ်တိုက်ချပေးခြင်း
တို့ဖြစ်ပါတယ်
အထက်ပါ အချက်များတွင် အရေး အကြီးဆုံး အချက်မှာ
သရဏဂုံ ရွတ်ဆိုရာတွင် ဋ္ဌာန်ကရိုဏ်း ကျစွာ ပီပီသသ ရွတ်ဆို
နိုင်ပါမှ ရှင်သာမဏေ စစ်စစ် အဖြစ်သို့ ရောက်ရှိမှာဖြစ်ပါတယ်
ထို့ကြောင့်ပင် ရှေးယခင်ခေတ် များက ဗုဒ္ဓဘာသာ မြန်မာတို့သည် မိမိ၏ ရင်သွေးများ အား ရှင်ပြု နားသ မင်္ဂလာ
ပြုလုပ်တော့မည် ဆိုပါက မောင်ရှင်လောင်းများအား
ဘုန်းကြီးကျောင်း တွင် သရဏဂုံ ရွတ်ဆိုခြင်း ရှင်ကျင့်ဝတ်
များသင်ကြားစေခြင်း တို့ကိုဆရာတော် ကြီး များထံမှောက်၌
ကြီု တင်သင်ယူလေ့လာစေရန် ဘုန်ကြီးကျောင်းများတွင်
ပို့ဆောင်ထားကြရပါတယ်
ထို့ အတူ ဖိုးသူတော် အဖြစ် ဘုန်းကြီးကျောင်း တွင် သင်ကြား
ကြရပါတယ်
ရှင်ပြုမည့် မောင်ရှင်လောင်းသည် သရဏဂုံ သုံးပါးကို ပီသစွာ
ရွတ်ဆိုနိုင်ပြီး သင်င်္ဃန်း နိုင်သည့် အသက်အရွယ် ဖြစ်ရပါမယ်
ထိုအတွက်ကြောင့် ရှင်သာမဏေပြုလုပ်ရာတွင်
သရဏဂုံ သုံးပါးကို အခက်အခဲ မရှိ ရွတိဆိုနိုက်သည့် အတွက်
ရှင်သာမဏေ စစ်စစ် အဖြစ်ကိုရရှိပါတယ်
ရှင်ပြု နားသ အလှူ တော် မင်္ဂလာ အခမ်းအနား များဆင်ယင်
ကျင်းပကြရာ တွင် မောင်ရှင်လောင်းလှည့် အလှူ လှည့်
ပွဲများပြုလုပ်ကြပါတယ်
ရှင်လောင်းလှည့်ခြင်းဓလေ့ သည် မြတ်စွာဘုရားရှင်
လက်ထက်တော် ကပင်လျင် ရှိခဲသည့် အစဉ်အလာ
တစ်ခု ဖြစ်မည်ထင်ပါသည်
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက
သီရိဓမ္မသောကမင်းကြီး သည် ညီတော်တိဿအား
ရဟန်းပြုပေးရာတွင် အာသောကာရုံကျောင်း သို့သွားရာ
လမ်းဘေးဝဲရာများတွင် သဲဖြူခင်း ရာဇမတ်ကာ တန်ဆာ
ဆင်စေပြီး အမွှေးနံ့သာရေ များပက်ဖြန်းကာ
ညီတော် ကိုလည်းမင်းခန်းမင်းနားထွက်တော်မူသကဲ့သို့
ဆင်မြန်းစေပြီး ရဲမက်ဗိုလ်ပါ စစ်သည်တော်မျာြးံခံရံလျက်
ညီတော် ရဟန်းလောင်း ကို ကျောင်းတော်သို့ ပို့ဆောင်စေခဲ့
ပါတယ်
ဤကဲ့သို့ မြတ်စွာဘုရားရှင်လက်ထက်တော် အခါကပင်
ရှင်လောင်း ရဟန်းလောင်း များ ကို ကြီးကျယ်ခန်းနားစွာ
ပူဇော်မှု့ အခမ်းအနား များပြုလုပ်ပြီး ကျောင်းတော်သို့
ပို့ဆောင်သည့် အစဉ်အလာ ကို ယူ၍ ယနေ့ခေတ်တွင်
ရှင်လောင်းလှည့်ပွဲ အလှူလှည့်ပွဲ များ ပြု လုပ်လာကြ
ခြင့်းဖြစ်ဟန်တူပါသည်
ယနေ့ခေတ်ရှင်လောင်းလှည့် ပွဲများ တွင် အရပ်ဒေသ
ထုံးတမ်း အစဉ်အလာများ အမျိုးမျိုး ရှိကြသည့် အတွက်
နေရာဒေသပေါ် လိုက်၍ ကွဲပြားမှုများ စွာရှိကြပါတယ်
ငွေကြေးတတ်နိုင်သူများမှလည်း တတ်နိုင်သည့် အလျောက်
ရှင်လောင်းလှည့် ပွဲကြီးများ အလှူ လှည့် ပွဲကြီများ ကို ဆင်ယင်ကျင်းပကြပါတယ်
မောင်ရှင်လောင်းလှည့်ရာတွင်ပါဝင်သည့် အစီအစဉ်
များမှာလည်း မတူကွဲပြားစွာ အမျိုးမျိုး ရှိကြရာတွင်
မောင်ရှင်လောင်း နားထွင်းများအား နတ်ပြခြင်း
ရွာသူ / မြို့သူ အပျို ချောများအားကွမ်းတောင်ကိုင်
ပန်းတောင်ကိုင် စေပြီး စီတန်းလှည်းလည်ခြင်း
အလှူဒါယိကာ အလှူဒါယိကာမ များမှလည်း သင်္ဃန်းပရိတ်
က္ခရာ အခြံအရံ များစွာဖြင့် စီတန်းလှည့်လည်ခြင်း
မောင်ရှင်လောင်းအား ဆင် မြင်းများပေါ် တွင်း ချပ်ဝတ်တန်ဆာ
စုံလင်စွာဝတ်ဆင်စေပြီး မောင်ရှင်လောင်ရံ များခြံရံ လျက်
စီတန်းလှည့်လည်စေခြင်း
နားထွင်းများအား ရွှေလှည်းယဉ် ငွေလှည်းယဉ် ပတ္တမြားလှည်း
ယဉ် တိုဖြင့် နားထွင်းရံများ နားထွင်းထိမ်း များခြံရံ လျက်
စီတန်းလှည့်လည်စေခြင်း
ရာဇာဝင်း ဒေဝါဝင်း မင်းခန်းမင်းနား များထဘ့်သွင်း တန်းစီ ၍
လှည့်လည်ကြခြင်း
ဆွမ်းတော်ကြီးဝတ်အသင်းများ ဓမ္မာစကြာင်္ ဝတ်ရွတ်စဉ် အဖွဲ့
များဖြင့် စီတန်းလှည့်လည်ကြခြင်း
စည်တော်ကြီးများတီး ဗျောအဖွဲ့ များ ဒိုးပတ်ဝိုင်း များတီးမှုတ်
ကခုန်ကာ မြိုင်ဆိုင်စွာ
ရှင်လောင်းလှည့်ပွဲ ကြီးများ အားပြုလုပ်ကြပါတယ်
ငွေကြေးတတ်နိုင်သည့် သူများမှလည်း တတ်နိုက်သည့်
အလျောက် ရှင်ပြုနားသ အလှူတော် မင်္ဂလာ ပွဲ များကို
သူ့ထက်ငါ အပြိုင် မဏ္ဌပ်ကြီးများထိုး ၍ အလှူဧည့်ခံ ဆိုင်းဝိုင်း
များ ဘိတ်သိတ်သွန်း မင်္ဂလာမျိား အငြိမ့်ပွဲ များ ဇာတ်ပွဲ များ
ဖြင့်ခြိမ့်ခြိမ့် သဲ ဆင်နွဲ ကြပါတယ်
မြို့ ပြ များတွင်သာမက ကျေလက်တောရွာများပါ ပကာသ
ဖက်သည့် အလှူ ပွဲ များစွာတွေ့မြင်လာရပါတယ်
ရှေးယခင် က ရှင်ပြုပွဲ များ ပြုလုပ်ကြရာတွင် ပကာသန မပါဘဲ
ရှင်သာမဏေ စစ်စစ် ဖြစ်မြောက်ရေး ကိုသာ အဓိက ထား
ပြုလုပ်ကြပါတယ်
ရှင်သာမဏေ အဖြစ်သို့ရောက်ရှိ သွားပါကလည်း
ဘုန်းကြီးကျောင်းတွင်ပင် အနည်းဆုံး တစ်နှစ် တစ်ဝါ ဝါဆို
တော်မူကြရင်း ကျောင်းထိုင်ဘုန်းကြီးများမှ ရှင်သာမဏေ များအား
ရှင်ကျင့်ဝတ်များ ဗုဒ္ဓအဆုံးအမများ ယဉ်ကျေးလိမ္မာစာပေများ
သင်ကြား တတ်မြောက်စေခြင်းဖြင့် လောကီ လောက္ကုတ္တရာ
နှစ်ဖြာသော ကောင်းကျိုးများကို ရရှိစေပါတယ်
ကျေးလက်တောရွာများတွင် ကိုရင် ရဟန်းတွေဟာ
ကိုရင်ဘဝကို လွယ်လွယ်နဲ့ ရခဲ့တဲ့သူတွေ မဟုတ်ကြပါ
ရှင်မပြုခင် နွေကျောင်းပိတ်ပြီး တစ်လောက်က ဘုန်းကြီး
ကျောင်းပြေးပြီး သင်္ကန်းတောင်း သင်ကြရပါတယ်
အလွတ်ရနေအောင် ကျက်ကြရပါတယ်
ရှင်ပြုပြီး ကိုရင်ဝတ်ခါနီး ခေါင်းရိတ်ကြရင် " လောမာ နခါ ဒန္တာ တစော ဆံပင် မွေးညှင်း ခြေသည်းလက်သည်း သွား အရေ"ဆိုတဲ့ တစပဉ္စက ကမ္မဌာန်းကို ခေါင်းရိတ်နေရင်း ဆိုရပါတယ်
ကိုရင်ဝတ်ပြီးချိန်မှာ အလှူရှင် မိဘ ဒကာ ဒကာမတွေကို "ဝန္ဒနာ ပဏာမ ပူဇာသက္ကာရ"အစရှိတဲ့ ဆုပေးကို ပေးကြရပါတယ်
ရှင်ပြုပြီး ခေါင်းရိတ်ကြရင် ဘုန်းကြီးက ရှေ့ကနေ တိုင်ပေးစရာမလိုဘဲ ကိုယ်တိုင် အလွတ်ရွတ်ဖတ်ကြရပါတယ်
တန်ဖိုးရှိတဲ့ ဓလေ့တစ်ခုလည်း ဖြစ်ပါတယ်
တကယ်လည်း ရှိသင့်တဲ့ ဓလေ့လေး ဖြစ်ပါတယ်
ကိုရင်ဘဝကို တန်ဖိုးထားတတ်ရမှန်းလည်း သိကြပါတယ်
မြို့အရပ်မှာ လည်း မရှိသေးတဲ့ သင်္ကန်းတောင်းခြင်း ဓလေ့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်ကြပါတယ်
လူဦးရေ အများဆုံး နေထိုင်ကြတဲ့ မြို့အရပ်မှာ သာသနာ့အမွေခံပွဲတွေ ပြုလုပ်ကြရင် ပြီးစလွယ် မဟုတ်ကြဘဲ နည်းစနစ်ကျကျ ပြုလုပ်သင့်ကြပါတယ် ဒီသဘောတရားတွေ ကို ရှင်ပြု သာသနာ့အမွေခံပေးကြမယ့် အလှူရှင် မိဘတွေကလည်း
နားလည်သင့်ကြပါတယ်
မြို့အရပ်က ရှင်ပြုပွဲအများစုတွေက ရှင်ပြုပွဲရောက်ရင်
ရှင်လောင်းဝတ်စုံ အပြည့်စုံနဲ့ သံစုံသီးလုံးတွေနဲ့အတူ စည်စည်ကားကား ရှင်လောင်းလှည့်ကြပါတယ် ရှင်လောင်းလှည့်ပြီး
ကိုရင်ဝတ်ခါနီး ခေါင်းရိပ်ကြရင် ဘုန်းကြီးချပေးတာကိုပင်
ဋ္ဌာန်ကရိုဏ်း မကျ မှားမှားယွင်းယွင်းတွေနဲ့ လိုက်ဆိုကြပါတယ်
ကြိုတင် ပြင်ဆင်မှု သင်ယူထားမှုတွေ မရှိလေးတော့ မှားယွင်းစွာ ဆိုကြရပါတယ်အဲဒီလို ဘဲ များသောအားဖြင့် နဲ့ ကိုရင်ဖြစ်သွားကြပါတယ်
ရှင်ပြုပြီးတော့ ၇ရက်လည်အောင် မစောင့်နိုင်ကြဘဲ ၃ရက် ၄ရက်လောက်နေပြီး လူထွက်သွားကြတာတွေ အများကြီး
ကြုံဖူးပါတယ်ကိုရင်ဘဝကို လွယ်လွယ်ရပြီး လွယ်လွယ်နဲ့ ပြန်ထွက်လိုက်ကြပါတယ် တန်ဖိုးရှိမှန်း တန်ဖိုးထားတတ်ရမှန်း
မသိကြပါ တကယ်ဝမ်းနည်းစရာကောင်းလှပါတယ်
ဆရာနဲ့ ဒကာ ဒကာနဲ့ ဆရာ ညီနေဖို့ လိုပါတယ်တကယ် တန်ဖိုးရှိတဲ့ ရှင်ပြုပွဲလေး ဖန်တီးသင့်ကြပါတယ်
ရှင်ပြုပွဲကို အချိန်ကုန် ငွေကုန်ခံ လုပ်ပေးကြပြီး မိမိတို့သား
ကိုရင်ထွက်လာတော့မှ ငါးပါးသီလမှ ပါမလာဆယ်ပါးသီလ
လည်း မရ ဝိကာလဆိုလည်း နားမလည် ဖြစ်နေရင် ကုန်ခဲ့တဲ့ အချိန်နဲ့ ငွေဟာ အကျိုးနည်း ဖြစ်နေတတ်ပါတယ်
အလှူပွဲမှာ လှူဒါန်းရလို့ ထိုက်သင့်သလောက်တော့
ကုလိုလ်ရခဲ့ပေမယ့် ကုန်ရကျိး မနပ် ဖြစ်စေပါတယ်
မိမိတို့ဗုဒ္ဓဘာသာ မိမိတို့သားသမီးကို ရှင်ပြုပွဲ ပြုလုပ်ပေးခြင်း
ဖြင့်တကယ့်အခြေခံ ဘာသာရေးနဲ့ ရင်းနှီးအောင် ပျိုးထောင်
ပေးခြင်း ဖြစ်ပါတယ်
ရှင်ပြုမယ့် ကလေးတွေကို ဘုန်းကြီးကျောင်း ပို့ပြီး သင်္ကန်းတောင်း သင်ခိုင်းသင့်ပါတယ်ရှင်ပြုပွဲရောက်မှ ဘုန်းကြီးနှုတ်က ချပေးတာကို အလွယ်လိုက်ဆိုတာမျိုး မဖြစ်သင့်ပါအလွယ်ရရင် တန်ဖိုးနည်းတတ်ပါတယ်
ယနေ့ခေတ်တွင် တောအရပ်တွေမှာလည်း ကိုရင် ရဟန်းတွေ ရှားပါးနေကြပါပြီရဟန်းဆိုတာ ကိုရင်တွေက ဖြစ်တာပါကိုရင်မရှိဘဲ ဘုန်းကြီးရဟန်းဆိုတာ မဖြစ်လာနိုင်ပါအပါး ၅၀ရှင်ပြုပြီး ၅ပါးကျန်ဖို့ မလွယ်ကူပါ ရှင်ပြုပြီး အားလုံး လိုလို လူပြန်ထွက်သွားကြပါတယ်
တောအရပ်က ရှင်ပြုပွဲ ဓလေ့တွေကို မြို့မဆန်ကြပဲ ရှိရင်း
သော အနေထားကိုသာ ဆက်လက်တည်မြဲအောင် ထိန်းထားသင့်ပါတယ်
ဗုဒ္ဓဘာသာ ကလေးတွေကို ဓမ္မစကူးလ်သင်တန်းတို့
ယဉ်ကျေးလိမ္မာသင်တန်းတို့ကို မဖြစ်မနေ ရောက်အောင်
ပို့သင့်ကြပါတယ်ရှင်ပြုကြမယ့် ကိုယ့်သားသမီးတွေကိုလည်း ဘုန်းကြီးကျောင်းပို့ပြီး ကျောင်းက ကိုရင် ရဟန်းတွေနဲ့
ရင်းနှီးအောင် သင်္ကန်းတောင်းစာတွေရအောင် ရည်ရွယ်ချက်
တွေနဲ့ ပို့ဆောင်ပေးသင့်ပါတယ်
တစ်ချို့ကျေးလက်တောရွာများမှာတော့ ပကာသန မဖက်တဲ့
ရှင်ပြုနားသ အလှူ ပွဲ များလည်း ရှိနေပါသေးတယ်
ရှင်ပြုပွဲ နဲ့အတူ တရားပွဲများ ပြုလုပ်ကြပါတယ်
ယနေ့ခေတ် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ရှင်ပြု နားသ
အလှူ မင်္ဂလာပွဲ များဟာဆိုရင် ရှင်သာမဏေ အဖြစ်
ရောက်ရှိ ဖို့ထက် ပကာသန ဖက်တဲ့ အလှူပွဲ ကြီးများ
အဖြစ် ပြုလုပ်မှု့ များလာတာကို တွေ့ရပါတယ်
ထို့ကြောင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေဖြင့် မိမိတို့၏
ရင်သွေးရတနာများ ကို ဗုဒ္ဓ အမွေ ခံယစေသည့် ရှင်ပြုနားသ
အလှူ တော် မင်္ဂလာပွဲများဆင်နွဲ ရာတွင်
ကြီးကျယ်ခန်းနားစွာ အလှူ ပွဲ များ ပြု လုပ်ကြခြင်းသည်
ကောင်းမွန်သောဓလေ့ ဖြစ်သော်လည်း ရှင်သာမဏေ စစ်စစ်
ဖြစ်မြောက်ရေး ကိုလည်း အလေးထား ဆောင်ရွက်သင့်သည်
ဟုထင်မြင်မိစွာ ရေးသားဖြစ်ပါသည်
မှတ်ချက်- photo များသည် စစ်ကိုင်းမြို့ နယ် အတွင်းတွင်
စညိကားသိုက်မြိုက်စွာ ကျင်းပသွားသော
ဆင် (၅)ေ ကောင် မြင်း (၃၀) လှည်ယဉ် (၂၀) ဒေဝါဝင်း
ရာဇာဝင်း ကွမ်တောင်ပန်းတောင်ကိုင်များ ဖျော်ဖြေရေးကား
များဖြင့် လှည့်လည်သွးသော အလှူလှည့် မြင်ကွင်း ပုံ များ
့ဖြစ်ပါတယ်
အားလုံးသော steemit member များ အားလုံးလည်း
အလှူရေစက်လက်နဲ့မကွာ လှူတန်းနိုင်ကြပြီး
ကျန်းမာရွှင်လန်းကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်
author-
MSC-070