TU မှာ
စာကြိုးစားတဲ့ ကျောင်းသား ဆိုတာ ရှားတယ်…
ဉာဏ်ကောင်းတဲ့ ငပေတွေ များတယ်…
အတန်းတက်ပြီး Roll Call ပြည့်တဲ့သူ ရှားတယ်…
Roll Call စာရင်းကပ်မှ သံဗုဒ္ဓေရွတ်ပြီး မျက်စိဖြဲကြည့်တဲ့သူတွေ များတယ်…
Calculator ကို စာတွက်ဖို့ စိတ်ဝင်စားသူ နည်းတယ်…
မောင်+မ ဘာဖြစ် ညာဖြစ် ဆိုတဲ့ စာလုံး ဖော်နေကြသူ များတယ်…
အတန်းအချိန်စာရင်း ကြည့်တဲ့သူရှားတယ်…
ကျောင်းဘယ်နှရက် ပျက်လို့ရသေးလဲ ပြက္ခဒိန် ထုတ်တွက်တဲ့သူ များတယ်…ဘာတွေသင်သလဲ စိတ်ဝင်စားတဲ့သူ ရှားတယ်…
မနက်ဖြန် စာမေးပွဲဆိုမှ မိတ္တူဆိုင်မှာ တန်းစီနေတဲ့သူ များတယ်…အမှတ်များများ ရချင်တဲ့သူ ရှားတယ်…
Spot မေးခွန်းတွေ ရလာရင်တောင် လေးဆယ်ဖိုးပဲ ခွဲကျက်ချင်သူတွေ များတယ်…
စာမေးပွဲခန်းမှာ စာရွက်အပို တောင်းတဲ့သူ ရှားတယ်…
ကိုယ်ရသမျှစာကို ကြည့်ကောင်းအောင် မနည်း ချဲ့ကားရေးနေရတဲ့သူတွေ များတယ်…
ကျောင်းစည်းကမ်း အပြည့်အဝ လိုက်နာတဲ့သူ ရှားတယ်…
ဆရာမတွေ မချစ်ဘဲ မနေနိုင်အောင် ရုပ်တည်ကြီးနဲ့ ချွဲတတ်တဲ့သူတွေ များတယ်…
ဒီလို ငပေ ငတေ လူဆိုးတွေဟာ
ကိုယ့်ထမင်းဘူးကို ဘယ်သူယူစားစား အပြုံးမပျက်တဲ့ သူတွေ…
အဖြူ အပြာ ယူနီဖောင်းမြင်ရင် သိသိ မသိသိ ကူညီတတ်သူတွေ…
စာမေးရင် မသိပေမယ့် ပြသနာတစ်ခုခုဆို ချက်ချင်း ဖြေရှင်းနိုင်သူတွေ…
ကျောင်းလစ်ကြပေမယ့် ကျောင်းချစ်ကြတဲ့သူတွေ…
ကျောင်းအားကစားပွဲတွေဆို အုန်းအုန်းကျက်ကျက် ရောက်လာပြီး အားပေးတဲ့သူတွေ
ဘယ်သူထည့်ပေးလိုက်မှန်း မသိတဲ့ စည်းလုံးစိတ် အပြည့် ရှိသူတွေ…
ဘဝမှာ ဘယ်တော့မှ နောင်တမရမယ့် ကာလတစ်ခု ရှိတယ်…
အဲ့ဒါ TU တက်ခဲ့ရတဲ့ အချိန်တွေပဲ…
အမြဲလွမ်းဆွတ်ပြီး ပြန်ရချင်တာလည်း TU တက်ခဲ့တဲ့ အချိန်တွေပါပဲ
အိမ်မက်တွေထဲမှာ အခုထိ ရောက်ရှိနေတဲ့ TU ကျောင်းသားဘဝ
အင်ဂျင်နီယာကျောင်းက ငဆိုးငပေ သူငယ်ချင်းလေးတွေကိုလည်း လွမ်းတယ်…
နှင်းမှုံကြားက နွေးထွေးတဲ့ Main Building ကြီးကိုလည်း လွမ်းတယ်…
ဘေးပတ်ပတ်လည်က လယ်ကွင်းပြင်ကြီးတွေ ကိုလည်း လွမ်းတယ်…
မဟာနန္ဒာကန်တော်ကြီး နဲ့ ရေတံခါး ကိုလည်း လွမ်းတယ်..
လူစုံတက်စုံ စကားတွေဖောင်ဖွဲ့ကြတဲ့ ကျောင်း canteen ကိုလည်း လွမ်းတယ်…
T ပေတံ အကြီးကြီးတွေ ကျောမှာလွယ်ပြီး ကျောင်းသွားရတာကို လွမ်းတယ်…
ဘယ်သူတွေ ဘာပြောပြော စက်မှုကျောင်းသား ဂျစ်ကန်ကန် ဘဝကို အမြဲတမ်း လွမ်းမိပါတယ်…
SMT9