အတ္တအဆိပ်များ
အတွေ့လားအငွေ့လား
တင်းကြပ်မှုခပ်ပြင်းပြင်းနဲ့
ဘဝတစ်ခုလုံးနှောင်တုပ်
စိတ်ရဲ့ပြယုဒ် ဆုတ်ကိုင်မှုမဲ့
ထိမရလည်း ဘဝကိုခြယ်လှယ်လို့ 
စိတ်ရဲ့စိတ်
စိတ်ရဲ့စိတ်တို့ 
အတိတ်ကိုပုံဖော်ခဲ့
မနက်ဖန်တိုင်းကိုဖုံးလွှမ်းဆဲ
ဘယ်သူပိုင်လဲ အတ္တတချို့
ငါချင်းထပ် ကိုယ်ပိုင်နာမတို့ တပ်
ခန္ဓာကိုပါဖုံးလွှမ်းလို့ ခြယ်
ရောင်စဉ်သွယ်တို့  မလင်းဘူး
ပုထုဇနော ဥမ္မာတကော ခေါင်းစဉ်တပ်
ကိုယ့်အတ္တကိုယ်အရောင်တင်
ကြိုးများစွာ အထပ်ထပ်တုပ်
ရုန်းမရ ထွက်မရလောကီဘဝ။
မွန်းကြပ်မှုများရဲ့စိတ်လျော့ခြင်း
အားအင်တွေယူဆောင်မျောခဲ့လို့ 
မနက်ဖန်ရဲ့ခြေလှမ်းဟာမရွေ့ခဲ့တောင်
လောကဒဏ်တိုက်ပွဲဟာ အပြီးမသတ်ဘူး
ထောက်ရလွန်းလို့  ဒူးတစ်ဖက်ဟာလဲကိုက်ခဲ
သက်ပြင်းချရလွန်းလို့  အဆုပ်ဟာဖောင်းပွ
မနက်ဖန်တွေကို ရပ်ပစ်ချင်လာအောင်
ငါကိုယ်တိုင်မီးရှို့ခဲ့တာလား
ကောင်းကင်ကိုမော့ကြည့်တိုင်း
ရောင်စဉ်တွေမမြင်ချင်တော့ဘူး
အဖြူရောင်ထဲ လမ်းလျှောက်ပါရစေ
တိမ်အိုတို့ မနက်ဖြန်ဟာ မိုးစက်တပွင့်ဖြစ်လာတာအမှန်တရားပေါ့
ဒါပေမယ့်
ဒီအခါက
အဖျက်မိုးအဖြစ် အဆဲပျိုး နိဂုံးကမ္ပတ် အဆုံးသတ်ရတော့မယ်ပုံ
သြဘာခင်
Ego poison
The fumes
Stress strong
Whole life truss tie
Ontario and Alberta hold tore mind
LIFE manipulator
mind
ANGRY mind
Shape the past
Cover tomorrow
Some who own ego
My own name
Painted and covered the body
Light spectrum Lane
The title of Omar
The color of your ego
Many repeat tie
Chrome's not for the life of the world.
Takes to cool down
The need to bring the energy model
And tomorrow's step was pointed
The fighting has affected the world, but did not finish
Soon to support the other side of the knee pain
Too sigh lung inflation
To encourage them to want to stop tomorrow
My hand was burned ...
Each head toward the heavens
I want to see the spectrum
Let me walk white
Clouds have INTERSECTIONS flowers become reality tomorrow
However,
Tibet
The roof garden must end
Meechit
Msc 109
Forgive me for writing error
because my english skills is not good.