ဝါဆို ဝါခေါင်ရောက်ပြီဆိုလျှင် ရေဖောင်ဖောင်ဖြစ်သည်ကတော့ ပြောစရာပင်မလိုပါ။တစ်ခါတစ်လေ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းရှိသည်ဖြစ်စေ၊မုတ်သုန်ဝင်သည်ဖြစ်စေ မြန်မာအနှံ့တွင် ရက်ဆက် မိုးသည်းထန်စွာရွာသွန်းတတ်သည်။ထို့ကြောင့် ဝါဆို ဝါခေါင်ရောက်ပြီဆိုလျှင် မိုးများ၍ ရေကြီးတတ်သည်။
ထို့သို့ရွာပြီဆိုလျှင် အခန့်မသင့်လျှင် မြန်မာပြည်နေရာတော်တော်များများ ရေလွမ်းလေ့ရှိသည်။ ထို့ကြောင့် ဝါဆို ဝါခေါင်လ များသည် မိုးရာသီ(raining season)ဖြစ်၍ မိုးရာသီဖြစ်သောကြောင့် စိတ်ပျက်ဖွယ်ကောင်းလှတတ်သည်။ မြန်မာပြည်၏ လမ်းအချို့အခြေအနေများကြောင့် မိုးရာသီရောက်ပြီဆိုလျှင် ချိုင့်ခွက်များဖြင့် သွားရေးလာရေးတွက် အဆင်မပြေမှုများကြုံတွေ့ရလေ့ရှိသည်။
ထို့ပြင် မိုးများပြီဆိုလျှင် အဝေးပြေးလမ်းမများသည် တောင်ကျချောင်းရေများမှာ ရေကျော်ကာ ပို့ဆောင်ဆက်သွယ်ရေးပြတ်တောက်မှုများကြုံရလေ့ရှိသည်။ဤသည်မှာ ဝါဆို ဝါခေါင် ရေဖောင်ဖောင်၏ ဂယက်ပင်ဖြစ်သည်။ထို့အပြင် ဝါဆို ဝါခေါင်လတွင် မိုးရာသီဖြစ်သောကြောင့် ခြင်များလွန်စွာပေါက်ဖွားကာ ရာသီတုပ်ကွေး၊သွေးလွန်တုပ်ကွေး၊ငှက်ဖျား စသော ခြင်နှင့်ပက်သက်သည့်ရောဂါများကို သတိထားသင့်သည်။
မိမိတို့ရပ်ကွက်အလိုက် ခြုံနွယ်များရှင်းခြင်း၊ရေဝပ်နေရာများကို မြေဖို့ခြင်း၊ခြင်ဆေးဖြန်းခြင်းများကို ပြုလုပ်ရန် လိုအပ်ပေသည်။ဝါဆို ဝါခေါင်လတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ ဝါဆိုသင်္ကန်းကပ်လှူခြင်းအမှုတို့ကို ဤဝါဆို ဝါခေါင်လတွင် ပြုလုပ်လေ့ရှိကြပါသည်။ဝါဆို ဝါခေါင်တွင် ဘုရားသားတော်ရဟန်း သံဃာတို့သည် ဝိနည်းတော်အရ ခရီးထွက်ခြင်းအမှုတို့ကို ပြုလုပ်လေ့မရှိကြပါ။
အဆိုပါ ခရီးဦးမထွက်ကျဘဲ ဝါကပ်နေသည့် ရဟန်းသံဃာများကို ဝါဆိုကာလတွင် သင်္ကန်းနှင့်ပက်သက်၍ ပူပန်ရခြင်းများမရှိစေရန် ဝါဆိုသင်္ကန်းအဖြစ် ဝါဆိုကာ လ ဝါတွင်း သုံးလတွင် ကပ်လှူကြခြင်းဖြစ်သည်။ထို့ကြောင့် ဝါဆို ဝါခေါင် ရေဖောင်ဖောင်တွင် ဝါဆိုသင်္ကန်းကပ်လှူခြင်း အမှုကိုပြုလုပ်၍ ကုသိုလ်များပွားများနိုင်ပါသည်။ msc member အပေါင်းလဲ ဝါဆို ဝါခေါင်တွင် ဝါဆိုသင်္ကန်းကပ်၍ ကုသိုလ်အထူးရရန် ရေးသားလိုက်ရပါသည်။