ဆင်းရဲနေတာကို ဘယ်အရာနဲ့ တိုင်းတာနေတာလဲ…………?
ဘဝမပြည့်စုံခဲ့ရလို့ ကျောင်းမတက်နိုင်သူတွေအားလုံးက အဆင့်အတန်း မရှိသူလား။
အဆင့်အတန်းဆိုသည့် ဝေါဟာရကို ငွေကြေးချမ်းသာမှုနဲ့ နှိုမ်းယှဉ်တိုင်းတာနေကြပြီလား။
ကိုယ်ကျင့်တရားကို ပိုက်ဆံဆိုတာကြီးနဲ့ မလဲပြစ်နိုင်လို့ ချို့ တဲ့စာ နေရသူတိုင်းကတစ်လုံးချိုင့်တွေ ဖြစ်ကုန်ပြီလား ။အပုပ်ကောင်ကို သရုပ်ပြထားပြီး သေမင်း ဆီကို သွားနေတာချင်းအတူတူ အဆင့်အတန်း ဆိုတဲ့စကားတစ်ခွန်းနဲ့တော့ နွမ်းပါးဆင်းရဲသူတွေကို အထင်သေးပြီး မဆက်ဆံသင့်ပါဘူး။တစ်ချို့က ဆင်းရဲတယ်ဆိုပေမယ့် မိသားစု အတွက်ဆိုတဲ့စိတ်နဲ့ ကျောင်းပညာကို ဟိုမရောက် ဒီမရောက် ဖြစ်နေတတ်တယ်။တစ်ချို့က ကိုယ့်ကျင့်တရားအတွက် ရိုးသားစွာ ကြိုးစားနေခဲ့ကြတယ် ။ဆင်းရဲမွဲတေနေသောသူတို့ လက်လေးတွေဟာ သူတို့၏မိသားစုတွေအတွက် ခွန်အားဖြစ်နေတတ်လို့ စိတ်ဓါတ်ခွန်အားပြု၍ အားပေးစကားနဲ့ ကူညီဖေးမကူစေချင်တယ် သူငယ်ချင်းရေ………………………။
author:
photo:credit google images