တခါက တောအုပ်တစ်အုပ်တွင်
ဖင်သရမ်းသော ကြက်မတစ်ကောင်ရှိလေ၏
အနှီ ကြက်မကား အသံအတော်စွာစွာဖြင့် ဘိုကြက်ဖတို့အား မြူဆွယ်တတ်လေ၏
ထို ကြက်မကား ရုပ်လေးသနားကမားနှင့် မည်သို့ဖြစ်လေသည်မသိ
ဖင်သရမ်းသော ဝါသနာကြောင့်ပင်လော
တခြားအကြောင်းကြောင့်ပင်လောမသိ
ဘိုကြက်ဖတို့ ၏ မကြာခဏစွန့်ပစ်ခြင်းကိုခံရလေ၏
တနေ့သ၌
တောအုပ်ထဲ ဖုန်းမဲဖေါက်ရာမှ ၁၅၀၀တန် ဖုန်းတစ်လုံးရသောဟူ၏
ဖုန်းရသည့်နေ့မှ စ၍
အနှီကြက်မသည် အရင်ကထက် ပို၍ဖင်သရမ်းလာ၏ ပို၍အသဲကွဲလာ၏
ပို၍ ခံစားချက်များပြင်းထန်လာလေ၏
အများသူငါကိုအားကျသဖြင့်
ဖွဘုတ်အကောင့်လေးဖွင့် ၍
ပရိုဖိုင်တွင် ရှိသမျှအမွှေးကိုသလျက်
ကညာပျိုစင် ရွှေကြက်ဖင် အမည်နဲ့ ဂိုက်ပေးကြမ်းလေတော့၏
ဘိုကြက်ဖ တစ်ကောင်နှင့် လမ်းခွဲလိုက်
ဖွဘုတ်ပေါ်တွင်
''နင့်ကိုရောငါက ဂရုစိုက်မယ်ထင်သလား
မလွမ်းဘူး နောက်မှနောင်တမရနဲ့သေနာ ငါ့အတွက် ကြက်ဖ မရှားဘူး''
စသည်ဖြင့်ကြွေးကြော်သော status မျိုးတင်တတ်၏
တခါတလေ feeling အသဲကွဲဖင်ပြဲ
သောက်ဂရုမစိုက်ဆိုပီး ရင်ကော့ ဖင်ကော့ပုံနှင့်လဲ တင်တတ်လေ၏
သို့သော် အနှီကြက်မ၏ ရင်ထဲတွင်ကား မည်သို့ရှိလေမည်နည်း
ဘိုကြက်ဖ နဲ့အဆင်ပြေတုန်း
ဘိုကြက်ဖ အာဘွားပေးတဲ့ပုံတွေ တောအုပ်ထဲမဟုတ်ကဟုတ်က ပုံတွေတင်တုန်းက like ပေး comment ရေးထားတော့
ဘိုကြက်ဖနဲ့ ပြတ်ဆဲတော့လည်း like မပေးချင်တောင် အားပေးရင်း comment တော့ရေးပေးရ၏
ကြာသောအခါ ဖွဘုတ်ပေါ်တွင်
ဘိုကြက်ဖ အမျိုးမျိုးနဲ့ တွဲလိုက်
ပြန်အသဲကွဲလိုက် ဖင်ပြဲလိုက်
status တင်၍ ကြွေးကြော်လိုက်နှင့်
အနှီကြက်မသည်
ငတုတ်ကြီးအမည်ရလာလေ၏
ထိုကြက်မလေး၏
status မျိုးဆိုပါက
ဥပမာ
ဟိုဘဲနဲ့တွဲလိုက် ပုံတွေတင်လိုက်
ဒီဘဲနဲ့တွဲလိုက်တင်လိုက်
ပြတ်သွားပြန်လျင်လည်း သောက်ရှက်မရှိ ဖီလင် ဖင်ပြဲပြတတ်သော status မျိုးတွေ့ပါက
မဆီမဆိုင်အားနားရ၏
ကိုယ်သာ သူတို့ဘဲတွေ ဘိုကြက်ဖနေရာမှာသာဆို
ဒီကြက်မလေးက ငါတခါခွပ်ပီးသားပါကွာ ခုမှအာကျယ်နေတာ
ဟာ ဒီဟာလေးနဲ့တုန်းက ငါ ဘယ်လိုပြုစုပေးလိုက်တာကွာ ခုမှလာပီးအသဲကွဲနေတယ် အဲ့လိုအတွေးမျိုးဝင်လာရင်
ရီချင်တာအူတတ်မတတ်
သနားတာလည်း မျက်ရည်ကျမတတ်
အဲဒါမျိုးဆိုနောက် မဖတ်တော့ဘူး
ကျော်သွားတော့တာပဲ
်
အဲဒါကြောင့် အနှီကြက်မလေးတွေရဲ့ ခံစားချက် status တွေဆို မဖတ်ဖြစ်တော့တာကြာပါပီလေ
အနှီကြက်မလေးတွေ ကံကောင်းကြပါစေ
ဒါပါပဲ