တခါတလေ ဖုန်းလှမ်းဆက်မလို့ပါပဲ။
နေကောင်းလား ဘာညာပေါ့။
ပီးတော့ ဘာဆက်ပြောရမှာလဲ ဟန်နီ။
မင်းနဲ့စကားပြောဖို့က ဘာလိုလဲ ငါမသိ။
ငါတို့ပြောကြရမယ့် စကားလုံးတွေဟာ
ph7 အမှတ် ဖြစ်သင့်တယ်တဲ့ တချို့က။
ငါးပါးသီလ နဲ့ ကင်းလွတ်ကြောင်း ကျမ်းစာအုပ်တွေနဲ့ ကော တိုက်ကြည့်ရဦးမှာလား။
သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တွေဆီက ထောက်ခံချက်လိုသေးတာလား။
နှစ်ယောက်စာကြားရုံပဲပြောရင်ကျတော့ကော
ဘယ်သူ့ဆီက ခွင့်ပြုချက်လိုပါလိမ့်။
-
မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ အညီ
ဘောလုံးပွဲတွေအကြောင်းပြောကြရင်ကော
တချိန်က ငါ့အကြိုက်ဆုံး မန်ယူဆိုတာ အခု မဟုတ်တော့ဘူး။
ဗန်ဂိုးပန်းချီကားတွေလဲ ပျင်းသွားပီ။
ဦးသန်းထွန်း ကဗျာတွေရဲ့ အရသာက သူဖျော်တဲ့ လဖက်ရည်လိုပဲဆိုတာ။
သူများသောက်တဲ့ ဆေးလိပ်ငွှေ့တွေက ခေါင်းကို ခဲပါရဲ့။
မင့်မျက်လုံးနဲ့ နှုတ်ခမ်းတွေရဲ့ အကြောင်းကိုတော့ ငါထည့်ပြောလို့မရဘူး။
သွေးကြောတွေထဲမှာ တဒိတ်ဒိတ်ခုန်နေတဲ့ အရာရဲ့ အကြောင်းကိုရောပဲ။
ဒီကဗျာက ကျမ်းနဲ့ အညီဖြစ်တယ်။
.....
#ကျမ်းနဲ့အညီ
#min min thant
SMT 33
Monywa