ညီတော် မကျေနပ်ဖူး နောင်တော်..
ဘာဖြစ်လို့လဲ ညီတော်ရာ
သူတို့ကျတော့ ဘာသားစားပွဲတော်ကြီးဆိုလား ကျင်းပနေတယ်။ ညီတော်နောင်တော်တို့ အတွက် အသားနဲ့ ပျော်စရာတွေရမယ့်ပွဲကြီးကျပိတ်ပစ်တယ်။ လုံးဝ မတရားဘူးနောင်တော်။
မတရားပေမယ့် ဘာမသွားလုပ်လို့မရဘူး ညီတော်...စိတ်လျှော့။ အခု....သူတို့ဟာ ဘိလပ်ပြန်အနောက်မယ်တော်ကြီး အပိုင်ထဲမှာရောက်နေတယ်။ မယ်တော်ကြီးကို ကိုးကွယ်သူတွေအရေအတွက်ဟာ ဒို့လူတွေထက်ကို များနေတယ်။ ပဝါတော်ဆက် လည်ဆွဲတော်ဆက် ဝ
မ်းဆက်တော်ဆက်သူတွေနဲ့ ဝိုင်းဝိုင်းကိုလည်လို့။
ညီတော်မမှုပါဘူး... အခု ညီတော်တို့ရဲ့ လူတွေဟာလည်း နှယ်နှယ်ရလူတွေမှ မဟုတ်ဖဲ။ အလှဖန်တီးရှင်လောက၊ ရုပ်ရှင်လောက စသဖြင့် ဆိုင်ရာ ဆိုင်ရာ လောကတွေကို ချုပ်ကိုင်နိုင်သူတွေချည်း။ ညီတော့်မှာ အကြံစည်ရှိပါတယ်။
ဟိုက ကလိထိုးတိုက်ကွက် အတော်ကျွမ်းသတဲ့ သတင်းကြားတယ်နော်။ ညီတော့်လူတွေ ခံနိုင်ပါ့လား။
ကလိထိုးတိုက်ကွက်က မနူးမနပ်ခေးတွေပဲ ရမှာပါ။ ညီတော့်လူတွေက ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတဲ့ဟာ။ မှုစရာလား။
သူတို့က တတိုင်းပြည်လုံးလေးစားတဲ့ ဟိုရုပ်ထုတွေလည်း နိုင်ငံအနှံ့ထုထားတယ်ကြားတယ်နော်။ ရုပ်ထုရှေ့တင်တိုက်ကွက်တွေကိုကော ခံနိုင်ပါ့မလား။
သူတို့ရုပ်ထုတွေတချို့ကဖြင့် ကယ်ရီကေချာတွေလိုလို ပန်းရံဆရာ လေဖြတ်ပီးထုထားတွေလိုလိုပါ နောင်တော်ရာ။ ညီတော်တို့မှာ ဒိထက်သာတဲ့ ရုပ်ထုတွေများကြီး။
သူတို့ရဲ့ အကြီးဆုံး တိုက်ကွက်က လေမုန်တိုင်းတော်ကီတိုက်ကွက်တဲ့ ညီတော်ရ။ ပီးခဲ့တဲ့တိုက်ကွက်တုန်းကဆို လူ ၁၂ သန်းလောက်တောင်ခံရသတဲ့။ နောင်တော်တို့ကို ဆက်နေကျ ထန်းရေဆိုင်လေးတောင် ပါသွားသေးတယ်။
လေထဲလွင့်သွားတာလား နောင်တော်
အဲ့ထက်ဆိုးတာပေါ့ကွာ။ သူတို့မယ်တော်ကြီးက မင်းတို့ကို ထန်းရေတဲဘဝကနေ ဆိုင်ကြီးကန္နားကြီး ဖြစ်အောင်မ,မယ်။ နွားလှည်းစီးရတဲ့ဘဝကနေ ကားတွေ တရာဖိုးသုံးစီးနဲ့ စီးရမယ်။ အဲ့လိုရဖို့ မဲတော်ဆက်ရမယ်ဆိုလို့ ဆက်လိုက်ထှာမှာ.....
ဆိုင်ကြီးဖြစ်ပီး ကားတွေစီးနေရပီလားနောင်တော်
လိုင်စင်အခွန်တော်ငွေတွေတိုးကောက်လိုက်တာ မဆက်နိုင်လို့ ဆိုင်ပိတ်လိုက်ရပီ ညီတော်။
တယ်.... ဒီအတိုင်းဆိုရင်တော့ ညီတော်တို့ ဒီအတိုင်းနေလို့မဖြစ်ပေဘူး။ လုပ်စရာရှိတာ အမြန်လုပ်ရပေတော့မယ် နောင်တော်
ဘယ်လိုအစီစဉ်ရှိလဲ ညီတော်။
မခက်ပါဘူးနောင်တော်....
ညီတော်ကြိုတင်မြင်ထားလို့ ကြိုတင်ကြံစည်ထားတာ ကြာပြီ။ ညီတော့်ရဲ့ တန်ခိုးစွမ်းအားနဲ့ ညီတော်တို့ လူကို အထက်ရောက်အောင် မ, ပေးထားလိုက်တာပေါ့။ သူ ဘာတွေပဲ သောက်တလွဲလုပ်လုပ် ဘယ်သူတွေမှ ဖြုတ်လို့မရအောင် လုပ်ထားလိုက်တယ်လေ။ ညီတော့်ရဲ့ အကြံအစည်တွေကို အဲ့လူကနေတဆင့် အကောင်ထည်ဖော်တယ်။ ဥပမာ ညီတော်တို့ကို ထန်းရေသမားတွေဆိုပီး မကောင်းကြောင်းဟောဟောနေတဲ့ ဘုန်းကြီးတွေကို ပညာပေးတာမျိုးပေါ့။ အဲ့ဒီလူရဲ့ နာမည်က ''.........''
ဟာ!!!!!!
ကိုယ်တော်ကြီး အလွန်အံ့သြပီး ပါးစပ်အဟောင်းသားဖြစ်သွားလေတော့သတည်း။
ကျနော်သည် ဤမှထိသာ ရေးပြခွင့်ရပါသည်။ နာမည်အားဖော်ပြခွင့်မရပါ။ စာရှုသူမိတ်ဆွေလဲ သိပါက မည်သူ့မျှ မပြောပြပါနှင့်။.....။
Photo credit: internet
Min Min Thant
SMT NO. 33
MONYWA