
အဆိပ်ဆိုလျှင် လူ နှင့်သတ္တဝါတို့စားသုံးမိပါက အူများပြတ်ကျမတတ်ပူလောင်ပြင်းပြပြီး မခံမ ရပ်နိုင်လောက်အောင်ဝေဒနာခံစား၍ သေသွား တတ်သည်ဟုသာ နားလည်ထားခဲ့ပါသည်။ မိမိ တို့စားသုံးနေကျ အစားအသောက်များကိုမူ ဘယ် တုန်းကမျှ အဆိပ်ဖြစ်သည်ဟု မယူဆဖူးပါ။ သို့သော် တကယ်တန်းမိမိတို့သေဆုံး လောက် အောင် ရောဂါဘယများ ဖြစ်လာစေသည့် အကြောင်းရင်းမှာ မိမိတို့သန့်ရှင်းကောင်းမွန် လှပါသည်ဆိုသော အစားအသောက်များ ကြောင့်ဖြစ်ရပါသည် ဆိုသောအခါ နားလည်ရန် ခက်ခဲလှမည်သာဖြစ်ပါသည် ၊ လူတို့သည့် အသီးအရွက်၊ အသားငါးတို့အား သာမန်ထက် ပိုမိုစား၍ ကောင်းမွန်စေရန် ပြုပြင် စားသောက် ကြရင်း ကင်ဆာ၊ ဆီးချို၊ သွေးတိုး ၊စသည့် လူသတ်ရောဂါများ ဝင်ရောက်လာစေပါတော့ သည်။ အဆိပ်ကိုစားမိလျှင်ချက်ချင်းအော့အန် ခြင်းမူးဝေခြင်း၊ အသက်သေဆုံးခြင်းဖြစ်နိုင်သော် လည်း ကောင်းမွန်သော အစားအသောက်များမှ ဖြစ်လာနိုင်သည့်ရောဂါဘယများမှာမူ အချိန်ကြာ မှသာ ရောဂါဖြစ်လာတတ်သည့်အတွက် လူတို့ သတိမထားမိနိုင်ပါ။
လူ၏ အစာအိမ်အတွင်းတွင် အကျိုးပြုဘက်တီး ရီးယားများရှိနေပြီး ယင်းဘက်တီးရီးယားများက ပြင်ပမှဝင်ရောက်လာမည့် အန္တရာယ်ပေးသည့် ဘက်တီးရီးယားများကို တိုက်ခိုက်သတ်ဖြတ်ပေး ကြောင်းနားလည်သိရှိထားပါသည်။ သို့သော်ယင်း အကျိုးပြုဘက်တီးရီးယားများသည် မိမိတို့အမြဲ လိုလို သုံးစွဲတတ်သည့် ပိုးသတ်ဆေးများကြောင့် သေဆုံးလျော့နည်းသွားကြရာ ပြင်ပမှအစားအစာ များနှင့်အတူဝင်ရောက်လာမည့် အန္တရာယ်ပြုဘက် တီးရီးယား ကိုကာကွယ်နိုင်စွမ်းမရှိတော့ပဲ ရောဂါ များဖြစ်လာကြခြင်းဖြစ်ပါသည်၊ ထို့အပြင် အဆိပ် ကဲ့သို့သော အစားအစာများကြောင့် အူမကြီး၊ အသည်း ၊ကျောက်ကပ်နှင့် ပန်ကရိယများ ပျက်စီးကြပြီး ရောဂါများဖြစ်ပေါ်လာကြခြင်း ဖြစ်ပါသည်။
သို့ဖြစ်၍ အစားအသောက်များစားသုံးကြသည့် အခါမိမိတို့အား အဆိပ်သင်စေသော အစားအစာများ ကို သတိထားရှောင်ရှားစားသုံး သွားနိုင်ပါစေရန်အကြံပြုရေးသားလ်ုက်ပါသည်။
မင်းစိုးနိုင်