အရူးမျာနှင့်တစ်ညတာ
ကျွနု်ပ်သည်ညီဖြစ်သူ စိတ္တဇဝေဒနာရှင်အား ရွာသားကြီးတွင်အပ်နှံရင်း အရူးများ၏အခန်းအတွင်း တစ်ည တာ မအိပ်မစက်ရပဲဒုက္ခရောက်ခဲ့ရသည့်အကြောင်း ပြီးခဲ့သည့် ဆောင်းပါးတွင်ရေးသားဖော်ပြခဲ့ပါသည်။ ထိုနေ့ ညကကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များသည် ရီစရာလိုလို၊ ကြေကွဲဝမ်းနည်းစရာလိုလို၊ သနားစရာလိုလို လူ့ဘဝ၏ အတွေ့အကြုံသစ်များမို့ ခံစားမှုမျှဝေပေးရန် မကြံကောင်းမစည်ရာ ကြံစည်မိပါသည်။
အခန်းတွင်းပိတ်ခံထိရခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်နှင့် တံခါးစောင့်တို့ အတန်ကြာအောင်ငြင်း ခုန်ပြော ဆိုမိကြပြီး အစောင့်က ဆရာဝန်များက ခိုင်းလို့လုပ်ရတာပါ။သူလည်းမတတ်နိုင်လို့ပါဟုပြောဆို၍ထွက်ခွါသွား သည်။ကျွန်ုပ်လည်းဘာမျှမတတ်နိုင်ပဲ အရူးတွေသော့ခတ်ထားသည့် အချုပ်ခန်းအတွင်း စိတ်မသက်မသာဖြင့် ထိုင်နေရလေတော့သည်။ မကြာမီအရူးတစ်ယောက်က အနားကပ်လာပြီး “အန်ကယ်၊ အန်ကယ့်ဖိနပ်နဲ့ ကျွန်တော့ ဖိနပ်ဘယ်ဖိနပ်က ကြာရှည်ပိုခံမလဲ” ဟုလာမေးသည်။ ကျွန်ုပ်က ကြည့်လိုက်တော့ သူက ဂျပန်ဖိနပ်၊ကျွန်ုပ်က သားရေဖိနပ် “မင်းဖိနပ်ကပိုခိုင်တာပေါ့ ရေစိုလည်းမပြတ်နိုင်ဘူး” လို့ပြောလိုက်တော့ သူကသဘောကျသွားသည်။ “ဟဲဟဲ” ဟုရယ်ပြီးထွက်သွား၏။
တော်နေကြာတော့တစ်ယောက်ရောက်လာပြန်သည်။ “ခုဖြစ်တာက အန်ကယ်ညီလား။သားလား”ဟုလာ မေးသည်။ “ညီအငယ်ဆုံးပါ” ဟုပြန်ဖြေလိုက်သည်။ “ဘာဖြစ်တာလည်း”ဟုထပ်ပြီးစပ်စုပြန်သည်။ “ကြောက်နေ တာကွာ မိသားစုဝင်တွေကို အန္တရာယ်ပြုမယ်ထင်ပြီးကြောက်စိတ်ဝင်နေတာ”ဟုဖြေပေးလိုက်သည်။ “ဟုတ်လား အန်ကယ် ကျွန်တော်ကတော့ စိတ်ကြွတာအန်ကယ်။ ကျွန်တော့မိန်းမကို ကြာခိုတဲ့ရပ်ကွက်လူကြီးကို စိတ်ကြွပြီး သတ်ပစ်ခဲ့တာ အရူးဆိုတော့ အဖမ်းမခံရတော့ဘူး၊ပိုင်တယ်မို့လား အန်ကယ်တဲ့” ဘုရားဘုရား ခုနေစိတ်ကြွပြီး ကိုယ့်ပါ အန္တရာယ်ပြုနေမှဒုက္ခဆိုပီး ကြောက်ကြောက်နဲ့အင်းလိုက်နေရသည်။
သူထွက်သွားတော့ ညီအကိုနှစ်ယောက်စလုံးစိတ်ကြွရောဂါဖြင့် ရောက်နေသူ နှစ်ယောက်ရောက်လာ သည်။“ အန်ကယ်ဖုန်းလေးတစ်ကောလောက်ရမလားအန်ကယ်”တဲ့။အဲ.. ဒုက္ခ။မပေးရင်လည်းပြဿနာရှာလေမ လား။ ပေးလိုက်ပြန်ရင်လည်းပြန်မရရင်ဒုက္ခ။သူတို့ကအရူးတွေလေ။ ဒါပေမယ့် လောလောဆယ်အန္တရာယ်မပြု ဖို့ဦးစား ပေးရမှာဆိုတော့ “ရော့”ဆိုပြီးကြောက်ကြောက်နဲ့ပေးလိုက်ရတယ်။“ကျေဇူးအန်ကယ်”တဲ့။ ဖုန်းဆက်တယ် ။ “သူငယ်ချင်း မင်းမနက်ဖန်လာမှာလားတဲ့၊ လာဖြစ်အောင်လာခဲ့ကွာ ဒီမှာ သူများဖုန်းငှါးပြီး ဆက်နေရ တာအား နာဖို့ကောင်းတယ်။အေးအေး အိုကေ ငါမျှော်နေမယ်နေဒါပဲ” ဆိုပြီးဖုန်းချလိုက်တယ်။ ကျေးဇူးပါအန်ကယ်ဆိုပြီး တရိုတသေပြန်ပေးပါတယ်။ ကံသီပေလို့။သွားပြီထင်နေတာလေ။
၁၂ နာရီလောက်ရောက်တော့ အခန်းတွေထဲကတစ်ယောက် ဆေးလိပ် ၂ လိပ်ကို ကိုပါးစပ်တစ်ပေါက်ထဲ နှစ်ခုခွဲထိုးပြီး ထွက်လာတယ်။ အစောင့်က “ဟိတ်ဟိတ် အိပ်တော့အိပ်တော့ ထွက်မလာနဲ့”ဟု လှမ်းအော်သည်။ “ထိုသူက “အိပ်ရေးဝပြီ” ဟုပြန်ပြောသည်။ “ဘုရားရှစ်ခိုးမလို့ အပြင်လိုက်ပို့ပါ။ဒီမှာကဘုရားစင်မတွေ့ဘူး၊”ဟုဆို၏ “မရဘူး အထဲမှာပဲရှစ်ခိုးလိုက်” အစောင့်ကပြောသော်လည်း တွင်တွင်သာတံခါးကိုဖွင့်ခိုင်းနေသည်။ ပြောမရ သည့်အဆုံးအထဲသိုပြန်ဝင်သွားပြီး သစ်ပင်ငုတ်တိုကြီးပေါ်သို့ကုတ်ကပ်တက်လေတော့သည်။အစောင့် ၂ ယောက် ဝင်လာပြီး ထိုအရူးကိုဖမ်းချုပ်ကာ သီးသန့် အခန်းသို့ရွေ့ရလေတော့သည်။
ထိုအရူးထွက်သွားပြီးမကြာမီ ကျွန်ုပ်ထံသို့အရူးတစ်ယောက်ကလာပြီး မိတ်ဆက်သည် ၊မင်္ဂလာပါ အန် ကယ်တဲ့ ၊သူ့လက်ထဲမှာဘာမြင်ရပါသလဲတဲ့ကြည့်လိုက်တော့ကျောက်ခဲ ၅ လုံး ၊ဒါနဲ့ကျောက်ခဲတွေပဲလို့ဖြေလိုက် တော့ ဒါဟာ ဘုရားလည်းဖြစ်နိုင်တယ်၊ တိုက်ကြီးတာကြီးလည်းဖြစ်နိုင်တယ် မဟုတ်ဘူးလားတဲ့။ အေးအေး ဟုတ် တယ် ဟုတ်တယ်လို့ဖြေခဲ့ရတယ်။ “ကျွန်တော့ အတွေးအခေါ်မှန်ရဲ့လားအန်ကယ်။” “မှန်တာပေါ့ကွာ ဘုရား လည်းဖြစ်နိုင်တယ်။ တိုက်ကြီးတာကြီးလည်းဖြစ်နိုင်တယ်၊မှန်တာပေါ့”ဆိုတော့ “အဲတာပဲအန်ကယ် ကျွန်တော့ ကိုအရူးတဲ့ ကျွန်တော်ရူးနေသလား၊ ကျွန်တော်အရူးဆိုရင်အန်ကယ်လည်းအရူးဖြစ်နေပြီ။” “တိန်“ အပြောမတတ် တော့တစ်ခါတည်း အရူးစာရင်းသွင်းသွားပြီ။သေလိုက်ပါတော့။ ခံလိုက်ရပြီ။
မနက်ပိုင်းရောက်လာတော့ ၄ နာရီမထိုးခင်ကတည်းက အရူးတွေတစ်ယောက်ပြီးတစ်ယောက်နိုးလာသည် ။မိမိဘေးနားဟိုမှသည်မှရောက်လာကြပြီး၊ ထိုင်သူကထိုင်ရပ်သူကရပ်ပြီး၊ ပြောချင်ရာပြောနေသူကပြောနေသည်။ ထိုအထဲမှတစ်ယောက်က ကျွန်ူပ်ဘေးနားတွင်သေသေချာချာနေရာယူ၍ “အန်ကယ့်ညီနာမည်ဘယ်သူတုန်း”ဟု လာမေးသည်။ နာမည်ပြောလိုက်တော့ “အဆင်မပြေတာရှိရင်ပြောနော်” ပြောပြီး အိမ်ရှင်မလာသူများအတွက် ဒါနပြုချင်၍သူ့ကို ၂၀၀၀ လောက်ပေးပါလားဟုတောင်းလေသည်။ကျွန်ူပ်လည်း ဒါနပြုချင်၍ ဆိုသဖြင့် ၅၀၀၀ ကျပ်ထုတ်ပေးလိုက်သည်။ ငွေ ၅၀၀၀ ရသွားသည့်အခါ “အန်ကယ်ညီပြထားပါဦး”ဆိုပြီး ညီရှိရာကုတင်သို့ခေါ် သွားသည်။ဟိုနားရောက်တော့ “ဟေ့ဒီမှာ ဒါငါ့ညီပဲ သူဒီမှာနေမယ်၊အိပ်မယ် ဘယ်ကောင်မှမနှောက်ယှက်ရဘူး။ ပြဿနာမရှာရဘူးကြားလားဟု ပြောလိုက်လေသည်။အခြားသူများကလည်း “ဟုတ်ကဲ့ပါ” ဟုပြန်ဖြေသည်ကိုတွေ့ ရလေသည်။ သူ့ဇာတ်နဲ့သူတော့ ဟုတ်လို့ အရူးထောင်မှာတောင်“တန်းစီး”ရှိနေတာတွေ့ရတော့ ထူးဆန်းအံ့သြရ ပါသည်။သူ့အကြောင်းမေးကြည့်တော့ မိဘဆွေမျိုးများပြန်လာမခေါ်သဖြင့် ဝန်ထမ်းလိုမျိုးလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။တော်တော်လူကောင်းအတိုင်းဖြစ်နေသော်လည်း ဆေးတိုက်သည့်အခါ သူလည်းသောက်ရသည်။ သူများတွေသောက်မသောက်ကြည့်ပေးတတ်ပြီး၊ပါးစပ်ထဲငုံထားတာတွေ့လျှင် ချက်ခြင်းတိုင်တန်းတတ်သည်။
နံနက် ၇ နာရီခန့်တွင် နံနက်စာ လ္ဘက်ရည်၊မုန်ဟင်းခါး၊ထမင်းကြော်၊ အီကြာကွေး၊စမူဆာ၊ကြာဇံကြော်စ သည်ဖြင့် မှာထား သူများအတွက် ဈေးသည်များက လာပို့ကြသည်။ညဘက်ကမိမိပါ အခန်းအတွင်း အပိတ်ခံခဲ့ရ သဖြင့် ဘာမျှမှာ မထားခဲ့ရရာ။ မိမိလူနာမှာ သူဆာနေပြီဘာမှမှာမထားဘူလားပြောလေသည်။ သူတို့ဆီက Free ကျွေးမွေးသည့် “နိုင်ငံတော်အစီအစဉ်” ရှိသော်လည်းနောက်ကျနေသည်။ သို့အတွက်ကြောင့် ဈေးသည်များထံမှ အပိုပါလာခြင်းရှိမရှိမေးမြန်းပြီး အပိုပါသည့်ဈေးသည်ထံမှ ထမင်းကြော်တစ်ပွဲနှင့်လ္ဘက်ရည် တစ်ခွက်မှာ ယူကာ ကျွေးမွေးလိုက်ရသည်။နံနက် ၁၀ နာရီခန့်တွင်မှသာ ဆရာဝန်များနှင့်တွေ့ဆုံရန်အပြင်ထွက်ခွင့်ရပြီး လူနာအတွက် လိုအပ်သည့် ပစ္စည်းများဝယ်ယူပေးခဲ့ခြင်း အစားအသောက်အတွက်ငွေသွင်းခြင်းတို့ဆောင်ရွက်ကာ ပြန်လာခဲ့ရလေ တော့သည်။
အားလုံးရွှင်လန်းကြပါစေ
မင်းစိုးနိုင်
MSC -010
Photo -Google