ငွေကိုရှာပါ ပိုက်ဆံကိုမမက်မောပါနှင့်
ကျွန်တော်ငွေရှာတယ်။ ဒါပေမယ့် ရလာသမျှငွေ တွေကို ကိုယ့်ပိုက်ဆံတွေလို့မထင်ဖူးဘူး။ ဒါကြောင့် တစ်ခါတစ်လေ ကျပျောက်တာတို့ မတော်တဆဆုံးရှုံးမှုတွေရှိတဲ့အခါတို့မှာ ကျွန်တော့ စိတ်ထဲဘယ်လိုမှမနေဘူး။ ကျွန်တော်မိန်းမ လည်ပင်းကဆွဲကြိုးပြုတ်ကျပြီး ရှာမတွေ့တုန်းကလည်း သူ့ကိုလည်းအပြစ် မတင်မိ သလိုကိုယ်လည်း ဝမ်းမနည်းမဘူး။ ဒီလိုပြောလို့ ခင်ဗျားကဘာလဲ အာသဝေါကုန်ခမ်းပြီးရဟန္တာဖြစ် နေလို့လားဆိုတော့လည်းမဟုတ်ပါဘူး။ လွမ်းတတ်ဆွေးတတ်၊ ဝမ်းနည်းတတ်သေးတယ်။
နောက်တစ်ခုက ဒီလိုဆို ခင်ဗျားပိုင်ဆိုင်မှုတွေအ ကုန်လှူတန်းပြစ်ပါလားဆိုတော့လည်း မဟုတ်ပြန် ဘူးဗျ။ အလှူအတန်းအပေးအကမ်းနည်းတဲ့သူထဲ ပါတယ်။ ဘယ်လိုပြောရမလဲ လူတွေကိုအချောင်ရ တာမျိုးမယူစေချင်ဘူး။ ကိုယ်လည်းအချောင်ရ တာမျိုးမကြိုက်ဘူး။ အဲ..တိတိကျကျ ယူပြီး..တိ တိကျကျပြန်ပေးတတ်သူတွေ အကူအညီလိုတဲ့ အခါပေးချင်တယ်။ ဒါမျိုးဆိုစဉ်းစားမနေဘူး။ ဒါပေမယ့်သိတဲ့အတိုင်း လူတွေဟာ ကိုယ့်လက်ထဲ ပိုက်ဆံရောက်သွားရင် ကိုယ့်ပိုက်ဆံထင်ပြီးပြန်မ ပေးချင်တော့ဘူး။ ကိုယ်ကျတော့ သူများပိုက်ဆံ ချေးမိထားရင် ရင်ထဲမှာ ညှောင့်ဆူးခံထားရသလို့ ပဲနှုတ်မပြစ်ရမချင်း မခံစားနိုင်ဘူး။ ပြန်ပေးပြီးမှ စိတ်ကပေါ့ပါးသွားတတ်တာ။
ဘာပဲပြောပြောပေါ့နော် ငွေဟာသုံးဖို့ရှာနေတာပါ။ ကိုယ်အသုံးလိုတဲ့အခါသူများကို လက်ဖြန့်မ တောင်းချင်ဘူးလေ၊၊ မသေမချင်းတော့ငွေကလိုနေမှာပဲ ဒါပေမယ့် သေ ရင်ငွေတွေကိုယ့်နောက်မပါဘူးလေ။ ဒါကြောင့် ငွေ ကိုတွယ်တာနေတာမျိုးလည်းမလုပ်ဘူး။ ငါ့ငွေ၊ ငါအိမ်၊ ငါ့ပစ္စည်းတွေလို့ စွဲလမ်းမနေချင်ပါဘူး။ သေတဲ့နေ့ပြီးပြီ၊အားလုံးဘာမှမပတ်သက်ဘူး။