2018 August လ (3)ရက်နေ့ ပုဂံတွင် တွေ့ဆုံပွဲ (Gathering) လုပ်ကြမယ်ဆိုတော့ အပြင်မှာ မတွေ့ဖူးပဲ online ပေါ်တွင်သာရင်းနှီးနေသည့် MSC မိသားစုများအား တွေ့ချင်စိတ်ကပြင်းပြလှသည်။ သို့သော် မိမိအိမ်က ပြဿနာပေါင်းစုံကြောင့် ခွင့်တွေခဏခဏယူထားရတာဆိုတော့ အဲဒီရက်ကလေးမှာ ခွင့်ယူလို့ရမရ တတ်အပ် မပြောနိုင်သဖြင့် Vote Roll တွင် မလာနိုင်သည့် ဘက်ကနေလိုက်ရသည်။
အထူးသဖြင့်ပြောစရာလေးတွေရှိနေပါသည်။ Pro မရသည့်နေ့ရက်များတွင် ပို့စ်များဆက်တိုက်တင် နေ နိုင်ရန်ကိစ္စဖြစ်ပါသည်။ ကျွန်တော်တို့သည် Pro မရသည့်နေ့ရက်များတွင် Post အတင်ကျဲသွားကြသည်ကိုသာ အပြစ်မြင်မိကြသော်လည်း တင်နေသည့်လူကိုလည်း Vote ,comment များသွားပေးရန်စိတ်ထက် သန်မှုမ ရှိကြပေ။ ထို့ကြောင့် အချို့လူသစ်များမှာ မိမိကြိုးစားပမ်းစားရေးတင်ထားသည့် ပို့စ်တစ်ခုအား ဖတ်သူမရှိ Vote သူမရှိရက်လွန်သွားမှာကိုစိုးရိမ်မိကြမည်သာဖြစ်ပါသည်။ တကယ်စေတနာပါပါရေးထားသောစာဖြစ်လျှင် အလ ကားမူးတင်းဖြစ်သွားမှာကို စိုးမိကြတတ်သည်။ဒါကြောင့် Pro ကိုသာပြန်စောင့်နေမိတတ်ကြလေသည်။
အဆိုပါကွက်လပ်ကလေးကိုဖြည့်ပေးရန် ကျွန်တော်ကြိုးစားနေပါသည်။သို့သော် ကျွန်တော်၏ SP သည် နည်းပါးနေသေးသဖြင့် အားတော့ငယ်မိပါသည်။ SP 100000 လောက်ဖြင့် ကိုယ်ကတစ်ခါလောက် vote ပေးလိုက်လျှင် 10$ လောက်သာရသွားနိုင်မည်ဆိုပါက မိမိထံလင့်ချလာသူလည်းများလာပြီးမိမိလည်းပီတိဖြစ် ရမည်။
အားလုံးရွှင်လန်းကြပါစေ
မင်းစိုးနိုင်
MSC -010
Photo –Google