လူတစ်ယောက်နဲ့တစ်ယောက် ပိန်တာဝတာအသာထား ထမင်းစားနိုင်တာချင်းမတူကြဘူး။ ကျွန်တော် ဆို ငယ်ငယ်ကတဲက ထမင်း ၂ ပန်းကန်ဆိုဝပြီ။ ဗိုက်ကြီးတင်းနေအောင်လည်းမစားတတ်ဖူး။မှတ်မှတ်ရရ ရွှေတောင် မြို့နယ်၊ ကုလားချောင်းဆည်မှာ နေ့စားဝင်လုပ်ခဲ့တုန်းက မောင်မောင်ဆိုတဲ့သူငယ်ချင်းတစ်ယောက်နဲ့ အတူချက် စားရတာ ဆန်နို့ဆီဗူး(၂)လုံးချက်အမြဲချက်ရတယ်။တိုးလည်းမချက်ရဘူး၊ လျော့လည်းမချက်ရဘူး ပုံ မှန်ပဲ။ ဘေး အခန်းမှာနေတဲ့ ကြည်လင်ဆိုတဲ့ကောင်ကတော့ တစ်ယောက်တည်း (၄)လုံးချက် ကုန်တယ် ဆိုပဲ။ မယုံလို တစ်နေ့သားသွားကြည့်တာ ဆန်(၄)လုံးချက်ကုန်ရုံမကဘူး။ ထမင်းကျန်ရင်နည်းနည်းပေးပါဦး ဆိုပြီးလာတောင်း နေသေးတယ်။ဟုတ်ပ တကယ်ကုန်တာဗျ။
အဲ…အဲဒီကောင်နဲ့ကိုယ်တွေနဲ့ဘာကွာလည်းဆိုတော့ ကိုယ်တွေက ဘိလပ်မြေတစ်အိတ်၊ ဆန်တစ်အိတ် ထမ်းရင် ခေါင်းထဲမှာ ကြယ်တွေ လတွေ မြင်ရတာ။ သူ့ကျတော့ တစ်ယောက်တည်းကို ဆန်(၂)အိတ်ကို အသာ လေးထမ်းနိုင်တာ၊အဲတာကွာတာပဲ။ ထမင်းများများစားနိုင်တဲ့သူက အလုပ်ကလည်းအရမ်းလုပ်နိုင်တာ။ လူကြည့် တော့ကိုယ့်လောက်တောင်ဝတာမဟုတ်ဖူး၊ခပ်ပိန်ပိန်ရယ်။အရိုးကမာချက်။
သူ့ဝမ်းခေါင်းကတော့ ကိုယ့်ထက်ကျယ်မှာအသေအချာပါပဲ။အဓိက ကအစာအိမ်ကျယ်နေတာနေမှာပါဗျာ။ စပါးစိုက်ပျိုးသူကရှားလာ၊ ဆန်ဈေးတွေကကြီးနဲ့ ဒီလိုမျိုးအူက ကျယ်နေရင် ထမင်းကဘယ်လောက်မလဲဗျ။ သူ့ဘာသာသူအလုပ်ပိုလုပ်နိုင်တာမလုပ်နိုင်တာအသာထား ကိုယ်တွေလည်းလုပ်နေကြတာပဲ၊ဆိုတော့ ။ဒီလိုမျိုး အစာအိမ်ကျယ်နေတဲ့သူတွေကို စစ်တပ်နဲ့တစ်ယောက်မကျန်ဖမ်း ဆရာဝန်တွေခေါ်ပြီး အစာအိမ်တွေ ချုပ်ပစ် ထမင်းတစ်ပန်းကန်စာပဲချန်ထားလိုက်ရင် ဆန်စပါးတွေပိုလျံမလာနိုင်ဘူးလား။ ပိုတဲ့ဆန်တွေကို နိုင်ငံခြားကိုပိုပို့နိုင် လာတော့ အမျိုးသားဝင်ငွေပို တက်မလာပေဘူးလား။ သမ္မတဦးနှောက်သုံးပြီးစဉ်းစားကြည့်တာပါ။
ကိုယ်သာ သမ္မတဖြစ်လို့ကတော့ ဒီနေ့ကျမ်းသစ္စာဆိုပြီးတာနဲ့နောက်နေ့ တပ်ကိုအမိန့်ပေးလိုက်ပြီ၊ အစား ကြီးနေတဲ့သူတွေအကုန်ဖမ်းခဲ့။ဒါပဲ။ထမင်းအစားကြီးတဲ့သူတွေရော၊ တခြားဘာအစားကြီးကြီးအကုန်ဖမ်း။ ရွှေတွေ အစားကြီးလည်းဖမ်း။ သစ်တွေအစားကြီးလည်းဖမ်း၊ရေနံတွေ၊ဓာတ်ငွေ့တွေအစားကြီးလည်းဖမ်း ကုန်ကုန်ပြော မယ်၊ ဘိလပ်မြေတွေ၊သံချောင်းတွေအစားကြီးရင်တောင်မချန်နဲ့အကုန်ဖမ်း။
ပြီးရင်ဆေးရုံတွေမှာ စားတဲ့သူတွေရဲ့အစာအိမ်တွေအကုန်ချုပ်။ဂိုထောင်တွေပါ သေးသွားအောင်ချုပ်ပစ် လိုက်။ အိမ်တစ်လုံးရှိရင် တစ်မိသားစုကောင်းကောင်းနေနိုင်ပါရဲ့နဲ့ အိမ်တွေအများကြီးပိုင်နေသူတွေလည်း တစ်ပန်းကန်စာချုပ်ပစ် ။ ဒါဆိုဘာပဲပြောပြော နိုင်ငံဝင်ငွေ တက်မလာရင်တောင်၊ သုံးငွေဖြုန်းငွေလျော့သွားလို့ GDP ကအသေအချာတက်လာမှာပဲ။ဟုတ်တယ်မို့လား။
ဘယ်လိုလဲ သမ္မတခန့်ပေးချင်စိတ်ပေါက်လာပြီလား။ အစာအိမ်တွေ တစ်ပန်းကန်စာချုပ်ပစ်တာခံချင်ရင် ၂၀၂၀ မှာ မင်းစိုးနိုင်ကိုသာမဲပေးလိုက်။ ပြီးရင်သမ္မတအထိတော့ ဆက်ထောက်ခံပေးဦး။
အရူးထသူ - မင်းစိုးနိုင်
Msc 010
Photo- Google