၁၉၈၅ ခုနှစ် သခင်ဖိုးလှကြီးစက်မှုလက်မှုသိပ္ပံ ဒုတိယနှစ် အစမ်းစာမေးပွဲဖြေဆိုနေစဉ်ကဖြစ်သည်။ ကျွန်တော့ ခါး၏နောက် ကြောဘက်အပိုင်းမှ စူစူးဝါးဝါး အောင့်လာသည်။ သူအောင့်ပုံကတမျိုး ချွေးသီးချွေးပေါက်တွေကျလာအောင် အောင့်သည်။ နောက်တော့ စာမေးပွဲဆက်ဖြေလို့ပင်မရတော့ သဖြင့် အခန်းစောင့်ဆရာမကို အကျိုးအကြောင်း ပြောပြပြီး ချောက်မြို့ရေနံဆေးရုံတွင်တက်ခဲ့ရသည်။
ဆေးရုံကလည်း ဓာတ်မှန်ရိုက်ပြီးအဖြေမရှာနိုင်သေးခင် အရေးပေါ်အခြေအနေမို့ နှာခေါင်းပေါက်ထဲ ပိုက်တံကြီးထည့်ပေးထားလိုက်သည်။နှာခေါင်းပိုက်သွင်းခံရသည့် ဒုက္ခသည် အတော်ပဲခံရခက်လှပါ သည်။ နှာခေါင်းထဲကသွင်းလာသည့်ပိုက်ကို အာခေါင်နားရောက်တော့ မျိုချပေးရသေးသည်။ အထဲ ထိရောက်သွားတော့လည်း ခုတုတုကြီးဖြစ်နေသဖြင့် ပိုက်ကိုဆွဲထုတ်ပစ်ချင်နေသည်။ အစာအိမ်မှဖြစ် တာမဟုတ်ပါဘူး။ ဆီးကျောက်တည်တာဖြစ်မှာပါဆိုလည်းမရ။ဆရာဝန်တွေ Round မလှည့်မချင်း ခံနေခဲ့ရသည်။ မနက် ၁၀ နာရီလောက်ရောက်တော့မှ ဆရာဝန်များရောက်လာပြီး ဒီလူနာကနှာခေါင်း ပိုက်မလိုပါဘူးဆိုပြီးဖြုတ်ပေးသွားလို့ တော်ပါသေးသည်။ ညဘက်ရောက်တော့ ဆားခါးတွေလာ တိုက်ပြီး ဝမ်းနှုတ်ကြသည်။ မနက်ကျဆီးအိမ်ကိုဓာတ်မှန်ရိုက်လျှင် ပေါ်အောင်ဆိုပါ၏။ ဓာတ်မှန်ရိုက် တော့ဆီးအိမ်အဝမှာ ကျောက်သေးသေးလေးတစ်လုံးတွေ့သည်ဟုဆိုပါသည်။
ဆရာဝန်ကြီးက မင်းကကျောင်းသားဆိုတော့ ကိုယ့်မြို့ကိုပြန်ပြီးခွဲချင်လား ဒီမှာပဲခွဲပေးရမလားဟုမေး ပါသည်။ကျွန်တော်သည် ကျောင်းမှလာရောက်စောင့်ကြည့်ပေးကြသော သူငယ်ချင်းများအားလည်း အား နာလှသည်။မိဘဆွေမျိုးမရှိသောအရပ်ဆိုတော့ အားလည်းငယ်သည်။ ထို့ကြောင့် ဆရာဝန်ကြီး ကို ပြည်မှာပဲပြန်ပြီးခွဲစိပ်ကုသခံလိုကြောင်းပြောလိုက်သည်။ ဆရာဝန်ကြီးကလည်း သဘောတူပြီး လွဲစာရေးပေးလိုက်ပါသည်။
ထိုစဉ်က ပြည်မြို့ကုတင် ၅၀ ဆေးရုံ ခွဲစိပ်သမားတော်ကြီးမှာ ဒေါက်တာဦးဝင်းတင်ဖြစ်သည်။သူက ဓာတ်မှန်ပြန်ရိုက်ကြည့်ပြီး ကျောက်ကသေးသေးလေးပါ။ ခွဲစိပ်စရာမလိုပါဘူး ငါပေးတဲ့ဆေးတွေရယ်၊ သံမနိုင်ကျောက်မနိုင်သုံးခွက်တစ်ခွက်တင်ကြိုပြီးတော့ရယ်သောက်ပါဟုဆိုလေသည်။ ထူးခြားသော ဆရာ ဝန်ကြီးပါပေ။ တစ်ချို့ဆို မြန်မာဆေးသောက်ထားသည်ဆိုလျှင်ပင် စိတ်ဆိုး၍ မကုသပေးတော့သောဆရာဝန်များရှိသည်။ ယခုတော့ သူကတောင်ညွှန်းလိုက်သေးသဖြင့် ကျွန်တော်ယုံကြည်စွာ သောက် ခဲ့သည်။ သမားတော်ပေးသည်ဆေးဝါးများနှင့် သံမနိုင်ကျောက်မနိုင်ကိုကြိုသောက်ရင်း (၃) ရက်မြောက် အကြာတွင်ဆီးလမ်းကြောင်းမှ ကျောက်ကလေးတစ်လုံးခုန်ထွက်လာပါသည်။ နောက် ကြောခါးပိုင်းမှ အောင့်ခြင်းလည်းယူပြစ်သ လိုပျောက်ကင်းသွားခဲ့ပါသည်။
သံမနိုင်ကျောက်မနိုင်၏ရုက္ခဗေဒအခေါ်မှာ : Alysicarpus vaginalis DC ဖြစ်ပါသည်။
Species/Family : Papilionaceae
မျိုးရင်ကတော့း Fabaceae ဖြစ်သည်
ပုံသဏ္ဌာန် : တစ်နှစ်ခံပင်ပျော့ပင်ငယ်မျိုးဖြစ်သည် ။အလျားမှာ (၁) ပေမှ (၃) ပေအထိ မြေတွင် လျှောက်၍ ပေါက်သည်။ ပင်စည်သေးသွယ်ပြီး တစ်ခါတစ်ရံ ထောင်မတ်၍နေသည်။ အရွက်မှာ ရွက်လွှဲထွက်သည်။ ဘဲဥပုံသဏ္ဌာန်ရှိသည်။ ရွက်ထိပ်ဝိုင်းသည်။ ရွက်ညှာရင်းတွင် သေးငယ်သော ရွက်စွယ်ရှိ၏ ။ ရွက်ကြောများ ထင်ရှား၏ ။ရွက်ပြားချော၍ ရွက်နားညီပြီး ရွက်ညှာရှည်သည်။ အပွင့် - ရိုးတံ၏ အဆစ်များတွင် နီဝါရောင်အပွင့်များ အဆုပ်လိုက်ပွင့်၏ ။ တပို့တွဲလ၌ ပွင့်၏။ အသီးမှာ သီးတောင့်ရှည်ဖြစ်ပြီး ပြားနေသည်။ ကဆုန်၊ နယုန်တွင်သီးသည်။ အသုံးပြုနိုင်သည့် အစိတ် အပိုင်းများမှာ အရွက်နှင့် ပဉ္စငါးပါးဖြစ်သည်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများမှာ မြန်မာနိုင်ငံ အနှံ့အပြားတွင် အထူးသဖြင့် ပူအိုက်သော ဒေသများတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ မှာသဘာဝအတိုင်း အလျောက်ပေါက်ရောက်ခြင်းဖြစ်သည်။ အသုံးဝင်ပုံမှာ အာနိသင်အရ မြန်မာဆေး ကျမ်းများ အလိုအရ သံမနိုင် ကျောက်မနိုင်သည် ချုပ်သောသတ္တိရှိ၏ ။ ဖောရောင်ခြင်းကို ကျစေ၏ ၊ ထိုင်းမှိုင်းစေ၏ ၊ ဝမ်းသွားခြင်း ၊ သွေးဝမ်းသွားခြင်း ၊ ဆီးချုပ် ၊ ကျောက်တည် ရောဂါများကို ပျောက် ကင်းစေ ၍ အနာများကို ပြည်ပေါက်စေသည်။
အသုံးပြုပုံမှာ အရွက်ကို အရည်ညှစ်၍ နို့နှင့် ရောသောက်ပါက ကလေးသူငယ်များ ဝမ်းဗိုက် အောင့်ခြင်းကို သက်သာစေ၏ ။ အရွက်ခြောက်များကို ရေစိမ်၍ သောက်ပါက ဝမ်းသွားခြင်း ၊ သွေးဆင်းခြင်း၊ မီးယပ်ဖြူ ဆင်းခြင်း စသည်တို့ကို ပျောက်ကင်းစေ၏ ။ ပဉ္စငါးပါးကို အရည်ညှစ်ပြီး ကျိုချက်၍ လည်းကောင်း၊ အခြောက်ကို လက်ဖက်ရည် ကဲ့သို့ ပြုလုပ်၍လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ ၊ ကျောက်တည် ရောဂါများပျောက်ကင်းစေ၏။ ပဉ္စငါးပါး အစိုကို ထမင်းနှင့် ဆတူ ရော၍ ကြိတ်ပြီး နံနက် ည နှစ်ကြိမ် အုံပေးပါက နို့နာများ ပြည်ပေါက်ပြီး ပျောက်ကင်း၏။
ကိုးကား ၊ ။ဝီကီပီးဒီးယား
သံမနိုင်ကျောက်မနိုင်မှာ အဓိကပါဝင်တဲ့ ဒြပ်ပေါင်းတွေကတော့ Flavonoid နဲ့ B.sitosterol တို့ဖြစ်ပါ တယ်။ ဒီဒြပ်ပေါင်းနှစ်မျိုးစလုံးဟာ ဆီးလမ်းကြောင်းမှတည်နေတဲ့ Phosphate ပါတဲ့ကျောက်ကို ပျော်ဝင်စေတဲ့သတ္တိရှိတာပါ။သံမနိုင်ကျောက်မနိုင် အရွက် (၃)ကျပ်သား ၅၀ ဂရမ်ခန့်ကို ရေသန် ၃၀၀ မီလီလီတာခန့်နဲ့ကြီုပြီးရတဲ့ ၁၀၀ မီလီလီတာကိုသကြားအနည်းငယ်ခပ်၍ တစ်နေ့သုံးကြိမ်သောက်ပါ က ကျောက်ကပ်ဖောရောင်ခြင်းနှင့် ဆီးပူ၊ ဆီးပူညောင်းကျ၊ဆီးကျောက်တည် ရောဂါများ ကိုပျောက် ကင်းစေပါတယ်။ကျောက်ကပ်မှာလာပြီး ကျောက်တည်နေတာဆိုရင်တော့ သံမနိုင်ကျောက်မနိုင် အရွက်ခြောက်မှုန့်(၄)ပဲသားကို သံပုရာရည်နဲ့ တစ်နေ့ (၃)ကြိမ်သောက်ပေးရင် ကျောက်ကပ်ထဲက ကျောက်လည်းပျော်ကိုစေပါတယ်။
ကိုးကား၊ ။ သုတဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်
မင်းစိုးနိုင်
MSC-010