ငြိမ်းချမ်းရေးဆိုတာနိုင်ငံရေးမှာရှိတာလား
စစ်သားတွေကပြောမယ်။ ငြိမ်းချမ်းရေအတွက် စစ်ပွဲတွေဆင်နွဲနေရတာပါလို့။ နိုင်ငံရေးသမားတွေကလည်းပြောမယ်။ ငြိမ်းရေးကိုသူတို့ ဦးဆောင်လှုပ်ရှားနေကြတာပါလို့။ နောက်ဆုံးဘာသာရေးသမားတွေကလည်းပြောမယ်။ ဘာသာရေး အဆုံးအမတွေကသာလျှင် လူတွေကိုငြိမ်းချမ်းနိုင်မယ်လို့လေ။တကယ်တမ်းကြည့်လိုက်တော့ စစ်သားတွေနှစ်ပေါင်းများစွာ လူ့အသက်ပေါင်းများစွာစတေးပြီး ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်နေပေမယ့် ယနေ့တိုင်ငြမ်းချမ်းရေးရဲ့အရိပ်အယောင် တောင်မသေချာသေးပဲ ၊တိုက်ပွဲတွေဝင်နေရဆဲ၊လူ့အသက်တွေသတ်ဖြတ်နေရဆဲပါ။ နိုင်ငံရေးသမားတွေအားကြိုးမာန် တက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ညီလာခံတွေအဆက်မပြတ်ဆင်နွဲကျင်းပနေကြသည့်တိုင် ငြိမ်းချမ်းရေးသည် ဝေးကွာ နေဆဲသာဖြစ်နေသည်။ဘာသာရေးသမားတွေကလည်း ကိုယ်ဘာသာရေးယုံကြည်မှုအရ အဆုံးအမစကားများကိုလိုက် နာကျင့်သုံးကြလျှင် ငြိမ်းချမ်းသောခေတ်ကြီးတစ်ခုရောက်ရှိလာမည်ပေါ့။လက်တွေမှာတော့ ဘာသာတရားတွေပေါ်ပေါက် လာခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီ၍ကြာမြင့်ခဲပြီဖြစ်သော်လည်း ကမ္ဘာကြီးသည် ငြိမ်းချမ်းမလာနိုင်သေးပါတကား။ ကိုယ်နေထိုင်သောကမ္ဘာကြီးကိုပင်ဖျက်စီးနိုင်လောက်သည့် လက်နက်များကို အပြင်အဆိုင်တီထွင်နေကြပြီး ကမ္ဘာ့နိုင်ငံအနှံ့ တွင်လည်း စစ်ပွဲများဖြစ်နေကြကြောင်းအဆက်မပြတ် ကြားသိနေရလေသည်။ မြန်မာနိုင်ငံအပါအဝင်နိုင်ငံအများအပြားတွင် ဘာသာရေးအသုံးချစစ်ပွဲများ၊ နိုင်ငံရေးအာဏာအတွက် ဘာသာရေးကို အသုံးချမှုများပင် ဖြစ်ပေါ်နေပါသည်။
သို့ဆိုလျှင်ကမ္ဘာကြီးသည်မည်သည့်အခါမျှ အပြီးသတ်ငြိမ်းချမ်းလာမှုကိုမရနိုင်တော့ပြီလောဟု မေးခွန်းထုတ်စရာရှိလာပါ သည်။ ဖြစ်နိုင်သည်မှာ လူသားတို့၏ အသိဥာဏ်အမြင့်မားဆုံးအခြေအနေရောက်ရှိလာခြင်းနှင့် အကြွယ်ဝဆုံးအခြေအနေ မျိုးသို့ရောက်ရှိလာနိုင်လျှင်မူ ငြိမ်းချမ်းရေးရနိုင်လေမည်လားဟု တွေးထင်မိလေသည်။
စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေးတို့ကြောင့်လူသားတို့၏ အပြီးသတ်ငြိမ်းချမ်းရေးမရနိုင်ကြောင်း ကျွန်တော်က အထောက် အထားနှင့်တကွတင်ပြခဲ့သော်လည်း ကျွန်တော်တင်ပြသည့် လူသားတို့၏ အသိဥာဏ်အမြင့်မားဆုံးအခြေအနေ ရောက်ရှိ လာခြင်းနှင့် အကြွယ်ဝဆုံးအခြေအနေတွင် အပြီးသတ်ငြိမ်းချမ်းရေးရနိုင်၊ မရနိုင်အတွက် သက်သေသာဓက အထောက်အ ထားလည်းမရှိသေးပါ။ သို့သော် အကျိုးအကြောင်းမျှလောက်တော့ သုံးသပ်တင်ပြပါမည်။
လူသားတို့၏ အကြွယ်ဝဆုံးအခြေအနေအကြောင်းမတင်ပြမီ လူသားတို့ အစာရေစာငတ်မွတ်ခေါင်းပါးသော အခြေအနေ တစ်ရပ်ကို ဦးစွာတင်ပြလိုပါသည်။ အလွန်ချစ်ခင်သော သူငယ်ချင်များ သင်္ဘောအတူစီးကြရင်း သင်္ဘောမှောက်သွားပြီး အသက်ကယ်လှေကလေးဖြင့် ပင်လယ်ပြင်တွင် မျောနေကြည်သည့်အဖြစ်မျိုးတွင် ရက်များစွာကြာလာပြီး ရိက္ခာပြတ်လပ် သွားသည့်အခါ မိမိအသက်ရှင်ရန်အတွက် မိမိအဖော်သူငယ်ချင်းဖြစ်သူကိုပင် သတ်ဖြတ်စားသုံးကြသည့် သာဓကများရှိပါ သည်။ နောက် ချစ်သူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးအလွန်အမင်းချစ်ကြသည်။ ပြီးတော့လက်ထပ်လိုက်ကြ၏။ ကျန်းမာ ပျော်ရွှင်ရသော ချစ်သူနှစ်ဦးအတွက် ဘာပြဿနာမျှပေါ်မလာသော်လည်း ယောက်ျားက အလုပ်အကိုင်မရှိ မိန်းမက ကြုံရာကျပမ်းလုပ်ကိုင်စားသောက်ကြရသည့်အခါ စီးပွားရေးအဆင်မပြေမှုကြောင့် နေ့စဉ်တကျက်ကျက်ရန် ဖြစ်နေကြသော လင်မယားစုံတွဲများကိုလည်းမြင်ဖူးကြမည်ထင်ပါသည်။ ထို့ကြောင့်ကြွယ်ဝချမ်းသာမှုသည် ငြိမ်းချမ်းရေးကို ၇၅% မျှထောက် ပံ့နိုင်သည်ဟု အဆိုပြုလိုပါသည်။
နောက်တစ်ခုက အသိဥာဏ်အမြင့်မားဆုံးအခြေအနေတွင် လူသားသည် သူ့အလိုလိုယဉ်ကျေးသိမ်မွေ့သွားတတ်လေသည်။ နိုင်ငံခြားဇာတ်လမ်းတစ်ခု ဇာတ်ကားအမည်မှတ်မိတော့ပါ ။ ကိုယ်ဝန်သည်မိန်းမတစ်ယောက်သည် နေ့စေ့လစေ့ ကာလ တွင် မိုးကြိုးပစ်ခံထိ၍သေဆုံးသွားသည်။ ကံအားလျော်စွာ အတွင်းထဲကလေးက အသက်ရှင်ကျန်ရစ်သဖြင့် ခွဲစိပ်မွေးဖွား လိုက်ရသည်။ ထူးဆန်းသည်မှာ မွေးဖွားလာသောကလေးသည် သာမာန်ကလေးများကဲ့သို့ အသွေးရောင်အသားရောင် မရှိပဲ၊ စက္ကူဖြူကဲ့သို့ စွတ်စွတ်ဖြူနေသည်။ ပြောရရင်တစ္ဆေတစ်ကောင်နှင့်တူနေသည်။ သို့သော်အသက်ရှင်သန်နေ သဖြင့်မိဘများက နွားနို့တိုက်၍ မွေးရသည်။ ကျောင်းထားရမည့်အရွယ်ရောက်တော့ အများကလေးများကဲ့သို့ ကျောင်းသို့ သွားထားရန်မဖြစ်သဖြင့် အိမ်တွင်ဆရာခေါ်ယူ၍ စာသင်ပေးရသည်။ ဤကလေး၏ ထူးခြားချက်မှာ သင်သမျှကျက် သမျှစာများကို တစ်ခေါက်ထဲနှင့် ၏ သည် ၍ မလွဲမှတ်မိပြီးတတ်သိလွယ်ခြင်းဖြစ်သည်။
အသက် ၉ နှစ် ၁၀ နှစ်အရွယ်သို့ရောက်သောအခါ စာအုပ်ပေါင်းများစွာကို ဖတ်ရှုပြီးဖြစ်နေလေသည်။ ပြောရလျှင် အသိဥာဏ် အမြင့်မားဆုံးအခြေသို့ရောက်ရှိနေခြင်းကို ဆိုလိုပေသည်။အမည်ကို White boy ထားပါတော့ ပေးလိုက်မည်။ White boy တွင် သူ့အကြောင်းကိုသိပြီး သူ့ကိုမကြောက်သော သူငယ်ချင်းအချို့ရှိလာပြီး ကျယ်ဝန်းလှသော သူတို့ခြံကြီး တွင် ကစားဖေါ်များဖြစ်လာသည်။ သူတို့ခြံကြီး၏ အကျယ်အဝန်းကို ခန့်မှန်းရလျှင် ယုန်ကလေးများ၊ ဂျီကလေးများပင် သဘာဝအတိုင်း ရှိနေကြသည်။
တစ်နေ့တွင် သူငယ်ချင်းများနှင့် ခြံကြီးအတွင်းပြေးလွှားစော့ကစားရင်း သူငယ်ချင်းများက ဒူးလေးအငယ်စား ကလေးတစ် လက်ယူလာပြီး ယုန်ပစ်အမဲလိုက်ကြမည်ဟု ပြောကြသည်။ White boy ကပြင်းပြင်းထန်ထန်တားမြစ်သည်။ သူ့ခန္ဓာတွင် လျှပ်စီးရောင်များပင်လင်းလက်လာသည်။ သူတားမြစ်နေသည့်ကြားမှပင် သူငယ်ခြင်း Davit က ယုန်ကလေးတစ်ကောင် ကိုလှမ်းပစ်ထည့်လိုက်ရာ ယုန်ကိုတန်းတန်းမတ်မတ်ထိမှန်သွားသည်။ White boy က `မပစ်နဲ့` ဟု အသံကုန် အော်ဟစ်ဟန့်တား လိုက်သော်လည်း အချိန်မမမီလိုက်ပါ။ ထိုအခါ White boy ကလေးသည် သူငယ်ချင်းဖြစ်သူ Davit ကို လက်ကဆွဲ၍ မြှားမှန်ထားသည့် ယုန်ကလေးထံ အပြေးသွားသည်။ အနီးနားရောက်သောအခါ လက်တစ်ဖက် သူငယ်ချင်းဖြစ်သူ Davit ကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်က ယုန်ကလေးကိုကိုင်ထားရာ လျှပ်စီးကြောင်း တစ်ခု ဖြစ်ပေါ်လာ၍ ယုန်ကလေး၏သေခါနီးခံစားနေရသော ဝေဒနာသည် သူငယ်ချင်း Davit ထံသို့ လျှပ်စီးကြောင်း မှကူး ပြောင်းသွာပြီး Davit သည် သေခါနီးဝေဒနာကို အလူးအလဲခံစားလိုက်ရသည်။ မကြာမီ ယုန်ကလေးမှာအသက် ထွက်သွားလေသည်။ ထိုအခါမှ Davit ခံစားလိုက်ရသော သေခါနီးခံစားလိုက်ရသည် ဝေဒနာလည်း ပျောက်ကွယ် သွားသည်။ Davit လည်းအလွန်အမင်းထိတ်လန့်သွားပြီး နောက်ကိုသူတပါး၏ အသက်ကို မသတ်ဖြတ်တော့ပါကြောင်း White boy ကိုဂတိပြုလိုက်သည်။ ဤ အဖြစ်အပျက်သည် တကယ့်အဖြစ်အပျက်မဟုတ်ဘဲ ဇာတ်လမ်းတစ်ခုသာဖြစ်ပါ သည်။ သို့သော် အသိတရားမြင့်မားသွားသူတို့သည် ကိုယ်ချင်းစာတရားကိုလည်း အလိုလို နားလည်သွားသည့် သဘောရှိတတ်ကြောင်းဖေါ်ပြလိုခြင်းဖြစ်ပါသည်။
ယနေ့မြန်မာပြည်တွင် မည်သည့်ပါတီမှအစိုးရဖွဲ့နိုင်သည်ဖြစ်စေ အစိုးရတစ်ရပ်အဖြစ်တာဝန်ယူရသောအခါ တိုင်းပြည်၏ ပညာရေးနှင့် စီးပွားရေးစနစ်ကို အမြင့်မားဆုံးရောက်ရှိလာရန်စွမ်းဆောင်နိုင်မည်ဆိုလျှင် နည်းပညာမြင့်မားသော လူ့အဖွဲ့ အစည်းတစ်ရပ်၊ ချမ်းသာကြွယ်ဝသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာပေလိမ့်မည်။ အချို့ကပြည်တွင်း ငြိမ်းချမ်းရေးမရှိသရွေ့ တိုင်းပြည်၏စီးပွားရေးမတိုးတက်နိုင်ဟု ဆိုကြပါသည် ပြည်တွင်းငြိမ်းချမ်းပြီး ပညာရေးအဆင်မမီ လျှင်လည်းမည်သည့်နိုင်ငံမျှချမ်းသာမလာနိုင်ပါ စစ်အာဏာရှင်လက်ထက်တွင် ပညာရေးကို တန်ဘိုးမထားခဲ့၍ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်နောက်ကျခဲ့သော်လည်း ။ ဒီမိုကရေစီအစိုးရများလက်ထက်တွင်မူ ပညာရေးကိုသာ ကမ္ဘာ့အဆင့်အတန်းမီ သည်အထိ မြှင့်တင်ပေးနိုင်ပါက တိုင်းပြည်ကြွယ်ဝချမ်းသာလာမှုနှင့်အတူ ကျွဲကူးရေပါဆိုသလို ငြိမ်းချမ်းရေးလည်း ရရှိလာ နိုင်မည်ထင်မြင်မိပါကြောင်း မီးမောင်းထိုးတင်ပြအပ်ပါသည်။
မင်းစိုးနိုင်
MSC 010
Photo - Google