Billiard Blitz Challenge ဂိမ်းလေးကတော့ ဒီနေ့ပြိုင်ပွဲတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ် ဒီနေ့ပြိုင်ပွဲသုံးခဲထဲမှာ အမြင့်ဆုံး အောင်မြင်မှု အနိုင်ရရှိတဲ့ဂိမ်းပါ အရင်တုန်းကတော့ ဒီဂိမ်းကို ကစားတိုင်းရှုံးပါတယ် အနိုင်မရပါဘူး ဒါပေမယ့် ဒီနေ့တော့ ကံကောင်းစွာနဲ့ဘဲ အနိုင်ရလိုက်ပါတယ် ဒီဂိမ်းကတော့ ကစားရတာ သိပ်မလွယ်ကူပါဘူး ကစားရတာ အနည်းငယ်ခက်ခဲပါတယ် သက်မှတ်တဲ့ အချိန်အတွင်းမှာ ပြီးစီးအောင်ကစားရတာဖြစ်လို့ အချိန်တိုအတွင်း အောင်မြင်နိုငအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ် သက်မှတ်အချိန်အတွင်းမှာ အနိုင်မရရင်တော့ ရှုံးနိမ့်မှာဖြစ်ပါတယ် ကစားရတာတော့ ကောင်းပါတယ် ခက်ခဲတဲ့ ပြိုင်ပွဲတစ်ခုကို အနိုင်ရအောင် ကစားလိုက်နိုင်တာကိုဘဲ ကျေနပ်မိပါတယ် အခုလို ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရတဲ့ ပျော်ရွှင်မှုကတော့ တကယ့်ကို ရင်ခုန်စရာကောင်းပါတယ် ပြိုင်ပွဲက တစ်ဆင့်ချင်း ပြိုင်ရတာပါ အခုလက်ရှိမှာတော့ lavel 4 ရောက်အောင် ကစားနိုင်ခဲ့ပါတယ်
ဒီနေ့ပြိုင်ပွဲ သုံးခုအတွက် Dia 15 ခုပေးပြီးယှဉ်ပြိုင်ခဲ့ါပတယ် ပြိုင်ပွဲတစ်ခုအတွက် Dia 5 ခုပေးရတာဖြစ်လို့ သုံးပွဲအတွက် Dia 15 ခုကုန်ကျခဲ့ပါတယ် Dia 500 ကျော်စုဆောင်းမိခဲ့ပြီဖြစ်ပါတယ် နေ့စဉ်အနိုင်ရရင်တော့ Dia အများကြီး စုမိမှာဖြစ်ပါတယ် ဒါကြောင့် နေ့စဉ်အနိုင်ရအောင် ကြိုးစား ကစားပါဦးမယ်
Ranking 2 ရတယ်ဆိုတာတော့ တကယ့်ကို မယုံနိုင်စရာပါဘဲ ကိုယ့်အထက်က ဆရာကြီးနဲ့တော့ အမှတ်ကွာပါတယ် ကိုယ့်အောက်မှာလည်း ဆယ့်ငါးယောက်လောက် ရှိနေတဲ့အတွက် အောင်မြင်တဲ့ နေ့တစ်ရက်ဖြစ်စေခဲ့ပါတယ် ပြိုင်ပွဲဝင်ကစားသမား people 18 မှာ ကိုယ်က 2 ဆိုတော့လည်း ဒီနေ့အတွက် Dia အမြတ်က အများကြီးရပါပြီ အခုလောလောဆယ်မှာတော့ Dia 18.75 ရနေတာတွေ့ရပါတယ် နောက်ထပ် ကစားသမား အသစ်တွေရဲ့ အခြေအနေပေါ်မူတည်ပြီး ပိုရမည်လား လျှော့ပြီးရမည်လားဆိုတာတော့ မနက်ဖန်မှသိရပါမယ်
ဂိမ်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ကလင့်တွေကနေတစ်ဆင့် လေ့လာ ကစားနိုင်ပါတယ်
https://play.google.com/store/apps/details?id=com.ziplab.rorgame
INVEN Gaming Discord Channel: https://discord.gg/vyPHGk6