အဖေဖြစ်သူကို မင်းလားငါလား
ငါကိုင်တုတ်ပြီး ရန်ဖြစ်ရဲတာ
ထိုးကြိတ်ရိုက်နှက်ရဲတာ
ဘယ်လို စရိုက်အကျင်လဲ
ဒီလိုလူဟာ ဘယ်လိုလူစားလဲ
လူကမွေးပြီး လူအသိစိတ်မဲ့တာလား
ကိုယ်တိုင်ခံစားရသူ မိသားစုတွေ
ဘယ်လို နာကျင်ရမလဲ
ကြားရမြင်ရသူအတွက်တော့
စိတ်ချမ်းမြေ့စရာမကောင်းပါ
လူ့စရိုက်တွေက ဘယ်အဆင့်အတန်းလဲ
အသိပညာမဲ့လေသောအခါ
စိတ်ဓါတ်များ အောက်ဆုံးထိုးဆိုက်လေပြီ
လူ့ဘောင်လောကမှာ
မဖြစ်သင့်တာတွေ ဖြစ်လို့လာချေပြီ
စိတ်ပျက်ဖွယ် ခေတ်ကာလပေတည်း