Skills တွေကို တဖြည်းဖြည်းနဲ့ မြှင့်လာလိုက်တာမှာ မကြာခင်မှာ Destroyer ထုတ်လို့ရတော့မယ့် အခြေအနေကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ Destroyer ကတော့ frigate ထက် ပိုကောင်းပါတယ်။ အမြန်နှုန်းချင်းအတူတူပဲကို သူ့မှာ ခံနိုင်ဝန်နဲ့ သယ်ဆောင်နိုင်အား ပိုပါတယ်။ ရန်သူကို ပစ်ခတ်နိုင်စွမ်းနဲ့ ခုခံကာကွယ်နိုင်စွမ်းမှာလဲ ပိုမိုမြင့်မားလာပါတယ်။ အမြန်နှုန်းချင်းတူတဲ့ အတွက် frigate တွေနဲ့ တစ်ဖွဲ့တည်းလွှတ်လို့ရပါတယ်။
Destroyer ကလဲ သုံးမျိုးရှိပါတယ်။ Rocket, Bullet နဲ့ လေဆာတွေပဲ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ကျွန်တော့်ရဲ့ အဆင့်က ၂၄ ကို ရောက်နေပြီ ဖြစ်ပါတယ်။ နောက်ထပ်လဲ ထပ်တက်လာဦးမယ့် အလားအလာတွေ တွေ့နေရပါတယ်။
ယာဉ်ပိုင်ဆိုင်ထား ရှိမှုမှာကတော့ အဆင့် ၂၃ မှာ ရပ်တည်နေပါတယ်။ သိပ်တော့မဆိုးလှဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ကို ဘိုဘိုကျော်ဆိုရင်လဲ ဒီနေ့မှာ သူ့ရဲ့ ကိုးလုံးမြောက်ဂြိုဟ်ကို ရှာတွေ့ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်နောက်ကို လိုက်မီလာတော့မှာ ဖြစ်ပါတယ်။ အနည်းဆုံး ၂၀ ကနေ ၃၀ ကြားထဲဆိုရင်တောင် မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။
ယာဉ်ပိုင်ဆိုင်မှု နေရာမှာတော့ ၆၁ စီးနဲ့ အဆင့် ၄၆ နေရာမှာ ရပ်တည်နေပါတယ်။ ကို ကတော့ အဆင့် ၆၀ နေရာမှာ ရှိနေပြီး ကို
ကတော့ အဆင့် ၈၀ နေရာမှာ ရှိနေပါတယ်။
နဲ့
တို့ကလဲ ဂြိုဟ်တွေကို စတင်တွေ့ရှိနေပြီ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ အချက် ကျွန်တော်လဲ ဒီနေ့ ဂြိုဟ်တစ်လုံး ထပ်တွေ့ပါတယ်။ နာမည်ကိုတော့ သူပေးထားတဲ့ အတိုင်းပဲ Kappa လို့ ပေးထားပါတယ်။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=457