
နောက်ဆုံးမှာတော့ ကျွန်တော်တို့အနေနဲ့ esteem surfer ကို ပုံစံအသစ်နဲ့ ပြုပြင် ပြောင်းလဲ မှုအသစ်တွေကို လုပ်ဆောင်ပြီး သင်တို့ကို မျှဝေပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ eSteem Surfer ဆိုတာကတော့ ကျွန်ပျူတာပေါ်မှာ အသုံးပြုလို့ရတဲ့ (Mac, Windows, Linux) စတင်း ဘလောက်ချိန်း နဲ့ ချိတ်ဆက်ထားတဲ့ ဆော့ဝဲလ်တစ်ခုပဲဖြစ်ပါတယ်။ eSteem Surfer ကို ပုံစံအသစ်၊ ကုဒ်အသစ်တွေနဲ့ ပြန်လည်ရေးဆွဲထားပါတယ်။ ဒိအတွက် ဒီ app ဟာ အရင် ကထက်ပိုလှ၊ ပိုလွယ်ကူပြီးတော့ ၅ဆ ပိုပြီးတော့ မြန်ဆန်လာမှာဖြစ်ပါတယ်။

ဒီ app ဟာ alpha ဗားရှင်းပဲဖြစ်နေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆော့ဝဲလ်တိုးတက်မှုသမိုင်းမှာတော့ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပရောဒတ်ကို အဆင့်အတန်းမှီနေစေဖို့အတွက် အပတ်စဉ်ပြောင်းလဲမှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

လူတိုင်းရဲ့ ဒီ software ကို အသုံးပြုပြီး အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးမှာ(feedback) ပေးမှုတွေက ကျွန်တော်တို့အတွက် တန်ဖိုးရှိပါတယ်။ အဲ့ဒိအတွက် ဒီ app ကို စမ်းသပ်သုံးစွဲကြဖို့ တောင်းဆိုလိုပါတယ်။

ဒါကတော့ လက်ရှိလုပ်ဆောင်နေတာတွေဖြစ်ပြီး သင့်ရဲ့ စက်မှာတော့ ဒီပုံတွေထဲက အတိုင်း ပေါ်ချင်မှ ပေါ်ပါလိမ့်မယ်။ သင့်အနေနဲ့ eSteem Surfer ရဲ့ ဒီဇိုင်း၊ user interface( အသုံးပြုသူအနေနဲ့ မြင်ရတဲ့ ပုံစံ) နဲ့ လုပ်ဆောင်ချက်အသစ်တွေကို လွတ်လပ်စွား အကြံပေးလို့ရပါတယ်။

သင့်အနေနဲ့ (Mac OS, Windows ဒါမှမဟုတ် Linux) စက်လည်ပတ်မှုစနစ်တွေအတွက် eSteem Surfer ကို အသုံးပြုနိုင်ပါတယ်။ eSteem ရဲ့ တရားဝင် Github page ကနေ ဒေါင်လုဒ်ရယူနိုင်ပါတယ်။
https://esteem.app/#downloads
https://github.com/eSteemApp/esteem-surfer/releases
Sincerely yours, eSteem Team.
- eSteem Founder & CEO
- CTO & Full Stack Developer
- CMO & Product Lead, UI designer
info@esteem.app🌐
eSteem.app | 👨💻GitHub | 📺YouTube✍🏻
Telegram | 💬Discord
Ref Link: https://steemdit.com/esteem/@good-karma/esteem-surfer-2-alpha-released-13309d8952038est