Nextcolony ဆိုတာကတော့ အခုထပ်မံထွက်ရှိလာတဲ့ ဂိမ်းအသစ်ပဲ ဖြစ်ပါတယ်။ သူ့မှာ ထူးခြားချက်က referral bonus မပါပါဘူး။သူ့ရဲ့ ဂိမ်းပုံစံကလဲ တစ်မျိုးထူးခြားပါတယ်။ Free ကစားလို့ရသလို ပိုက်ဆံရင်းပြီးတော့လဲ ကစားလို့ရပါတယ်။ ပိုက်ဆံရင်းထားရင်တော့ ကစားရတာပိုကောင်းတာပေါ့။ မိမိလိုချင်တာကို မြန်မြန်ဆန်ဆန်ရမှာ ဖြစ်ပါတယ်။
ဒီဂိမ်းကိုကစားချင်တယ်ဆိုရင် အပေါ်ကလင့်ခ်မှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ သူ့မှာ ပေးထားတဲ့ rss အနည်းငယ်ရှိပါတယ်။ အဲဒါကို သုံးပြီး skill တွေကို အရင်ဦးဆုံးအဆင့်မြှင့်ရမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ အဆောက်အအုံတွေကို ဆောက်ပါ။ နောက်တစ်ဆင့်မှာတော့ ship တွေကို ဝယ်ရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်ဖို့အတွက်ရော ခုခံဖို့အတွက်ရော လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
သူ့ရဲ့အားသာချက်ကတော့ ဂြိုဟ်တွေကို တစ်လုံးထက်မက ပိုင်ဆိုင်နိုင်တာပဲ ဖြစ်ပါတယ်။ မိမိအဆင့်မြှင့်ထားတဲ့ skill တွေကလဲ ဂြိုဟ်တိုင်းမှာ အကျိုးသက်ရောက်မှာ ရှိပါတယ်။ ဒါပေမဲ့ Rune တွေကတော့ မိမိသတ်မှတ်ထားတဲ့ ဂြိဟ်ပေါ်မှာပဲ အကျိုးသက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။
မိမိမှာ ရှိတဲ့ rss တွေနဲ့ မလောက်ဖူးဆိုရင် shop မှာ ထပ်ဝယ်လို့ရပါတယ်။
Rune တွေကတော့ မိမိဂြိုဟ်ရဲ့ ထုတ်လုပ်မှုကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ လက်ရှိထုတ်လုပ်မှုရဲ့ ၅၀% အထိ မြှင့်တင်ပေးနိုင်ပါတယ်။
ပထမဆုံးက skill တွေကို အရင်အဆင့်မြှင့်ရမှာ ဖြစ်ပါတယ်။နောက်တစ်ဆင့်မှာတော့ building တွေကို ဆောက်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာမှ အာကာသယာဉ်တွေကို ဆောက်ရမှာပါ။
ပိုက်ဆံဘယ်လိုရနိုင်မလဲဆိုတော့ မစ်ရှင်းတွေကို လုပ်ရာကနေ မိမိရဲ့ ဂြိုဟ်တွေကို ရောင်းချရာကနေ၊ မိမိရဲ့ rss တွေကို ရောင်းချရာကနေ ရရှိနိုင်ပါတယ်။
အာကာသယာဉ်တွေ တည်ဆောက်ပြီးတဲ့အချိန်မှာတော့ အာကာသကို ခြေဆန့်လို့ရပါပြီ။ ရန်သူကို တိုက်မလား။ နယ်မြေသစ်တွေပဲ ရှာမလားဆိုတာကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။ Nextcolony က အကြီးကြီးပါ။ ဒါပေမဲ့ Steem game တွေရဲ့ထုံးစံအတိုင်းပဲ အင်အားကြီးတဲ့သူတွေကို လိုက်မှီဖို့ မလွယ်ပါဘူး။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=218