ပြီးဆုံးသွားသော အတိတ်ကာလတို့သည် တက်မြောက်ဖို့ရန်အတွက် ဖြစ်လာတာပါလေ……………။
ပြီးဆုံးသွားပြီဖြစ်သော အတိတ်ကာလအချိန်တို့ကို ပျော်မွေ့နေလို့မဖြစ် အတိတ်ဟာပြီးဆုံးသွားခဲ့ပြီလေ………………။
လူသားအားလုံးအတွက် အချိန်သည် တန်ဖိုးကြီးလှသလို လူသားအားလုံးတို့၏ လုပ်ငန်းဆောင်တာ လုပ်ကိုင်ကြံစည်သမျှ တိုးတက်ပြောင်းလဲနိုင်ရန် အချိန်ဆိုတာကြီးက များစွာအကူအညီပေးနိုင်ပေသည်………………။
ထို့ကြောင့် အချိန်ဆိုတဲ့ တန်ဖိုးကြီးဆုံးအရာကို လူသားတွေဘက်က အချိန်ပြန်ပေးနိုင်လိမ့်မည် …………။
ဘယ်အရာပဲ လုပ်ကိုင်ဆောင်ရွက်နေပါစေ မိမိတို့လုပ်ကိုင်သော အလုပ်ကိုသာတစ်စိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်ပါလေ မိမိကိုယ်ကို အခြားသောသူများနှင့် မနှိုမ်းယှဉ်ပါနဲ့ ………………။
နှိုမ်းယှဉ်တက်သောစိတ်ရှိသူသည် စိတ်ဆင်းရဲစေနိုင်ပါလိမ့်မည်……………။
ထို့ကြောင့် သူတစ်ပါးတိုးတက်နေသော အကြောင်းကိစ္စများကို တွေးတောစဉ်းစားနေခြင်းနှင့် မိမိအတွက် တန်ဖိုးရှိလှသော အချိန်တွေက်ု မကုန်ဆုံးပါစေနဲ့ ………………။
ဘယ်ကိစ္စပဲလုပ်ကိုင်ဆောင်ရွက်နေပါစေ အပိုအလို တွေတောစဉ်းစားနေခြင်းများကို မပြုလုပ်လျှင် ပိုပြီးကောင်းပါလိမ့်မည် ………………။
မိမိလုပ်ကိုင်ဆောင်ရွက်နေသော အလုပ်အပေါ်၌ လူအများ၏ ပြောဆိုဝေဖန်မှုများကို အလွန်အကျွင်ဂရုစိုက်နေခြင်းများ ကို မိမိ၏စိတ်တွင် ဖြစ်ပေါ်နေပါက မိမိသာလျှင် စိတ်ဆင်းရဲမှုများ ဖြစ်ပေါ်နေလိမ့်မည် ………………။
ထို့ကြောင့် မိမိ၏ပုံစံအနေအထားနဲ့သာ နေထိုင်လုပ်ကိုင်သွားသင့်ပေသည်………………………။
author:
photos:cedit google images