"ကံ... ကံ...ကံ... ကံဆိုတာ အလုပ်။
ရှင်းရှင်းပြောရရင် လုပ်ဆောင်ခြင်း လို့
မှတ်ယူရမလား။ လုပ်ဆောင်ခြင်း
မှန်သမျှ ကံပေါ့။ ကံကိုနှစ်မျိုးထပ်ခွဲ
လိုက်တော့ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံ။
ကံတွေဟာ ချက်ချင်း အကျိုးပေးတာ
နဲ့ မပေးတာဆိုပြီး နှစ်မျိုးရှိပြန်သတဲ့။
မြန်မာစကားပုံရှိပါတယ်။ "ကံဆိုးမှ
သွား၊ မိုးလိုက်လို့ရွာ (သိုမဟုတ်)
မုဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုပြီး
အခက်ခဲ ပြဿနာတွေ ဆင့်ကဲဖြစ်လာ
ရင် အဲ့ဒီစကားမျိုးသုံးနေကြ။
ကံဆိုးခြင်းအကြောင်းတွေ မပြောခင်
ကံကောင်းခြင်းနဲ့ပတ်သတ်ပြီးတော့
လည်း _
"ခွေးဘုရားပွဲတွေ့" ။
"ကံနဲ့လူမပူနဲ့"။
စတဲ့ ကံကောင်းခြင်းနဲ့ပတ်သတ်ပြီး
ြမန်မာစကားပုံတွေကလည်း
တိုတိုနဲ့ ထိထိမိမိရှိပြန်တယ်။
ကံနှစ်မျိုးကို အမြင်သာဆုံးဥပမာ
ပေးရမယ်ဆိုရင် _
ရုတ်တရက် အဲ့စီးဒန့် ဖြစ်ရင် ချက်ချင်း
ထိခိုက်မိပြီး ဝေဒနါကို ခံစားရ
စေတယ်။ ဒါပေမဲ့ ထမင်းစားပြီးပေမဲ့
ချက်ချင်း "မစင်" ဖြစ်မသွားတာမျိုး
ပေါ့။
ကျွန်တော့် ဥပမာကတော့ ရယ်ချင်စရာ
ကောင်းပါတယ်။ စာရေးဆရာ၊ တရား
ဟောဆရာ၊ ကဗျာ ဆရာမဟုတ်တော့
သွယ်ဝိုက်ပြီးလည်း မရှင်းပြတက်ဘူး။
ဒီနေရာမှာ ထပ်စဥ်းစားမိတာက
ကားအဲ့စီးဒန့် ဖြစ်တော့ ကားနဲ့တိုက်မိ
ခြင်းဆိုတဲ့ "အကြောင်း" ကြောင့်၊
ဒဏ်ရာ၊ ဝေဒနါဆိုတဲ့ "အကျိုး" ဖြစ်
တယ်။ ပြောရမယ်ဆိုရင်
"ကံဆိုတာ
လုပ်ဆောင်ခြင်းပေါ်မူတည်ပြီး အကျိုး
နဲ့အကြောင်း သို့မဟုတ် အကွောငျးနဲ့
အကျိုးဖြစ်တယ်။"
အဲ့ဒီမှာမှ ရှေ့ကပြောခဲ့သလို ချက်ချင်း
အကျိုးပေးတဲ့ ကံနဲ့ ခကွခြငွြး
အကျိုးမပေးတဲ့ကံ။ သေသေချာချာ
ခရေတွင်းစေ့ကျ တွေးတောစဥ်းစား
ကြည့်တော့ လူဘဝဆိုတာ ဒီကံတွေနဲ့
တဗွတ်အူလည်နေကြတာပဲလို့
အမှောင်ထဲမှာ ရုတ်တရက် ဓာတ်မီး
ထွန်းလိုက်သလို ထင်းထင်းလင်းလင်း
သိမြင်လာတယ်။
သိမြင်လာရခြင်း အကြောင်းကလည်း
ရှေ့ကပြောခဲ့တဲ့အတိုင်း မုဆိုးမသွားရာ
မိုးလိုက်လို့ရွာဆိုပါတော့။ သေချာ
စဥ်းစားကြည့်ပြန်တော့ ဒီစကားပုံကို
ဖြစ်ပေါ်စေခဲ့တဲ့ မုဆိုးမတွေကို
မျက်လုံးထဲ မြင်ယောင်လာပြီး သူတို့ရဲ့
ဖြစ်ပုံကို ကိုယ်ချင်းစားမိလာတယ်။
ဆိုတော့ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့
ထမင်းစား "ကံ" အကြောင်း ပြောပြပါ
ဦးမယ်။ အဲ့ဒီနေ့မနက်ကတည်းက
စိတ်တွေလေးနေတယ်လို့ ခံစားနေရတာ။ စိတ်ထဲမှာတစ်ခုခု အလိုမကျဖြစ်
နေတယ်။ သံတိုသံစ လုပ်ငန်းဆိုတော့
ရောင်းရမဲ့ သံတွေ သုံးဘီးပေါ် တင်ရ
တာပေါ့။ တစ်မနက်ခင်းလုံး မိုးအုံ့နေရာ
ကနေ ချက်ချင်း ကိုယျတောနြမငြေးက
ချွဲရွဲနေတဲ့ ကျောကုန်းကို စောင့်ထိုး
တော့တာပဲ။ ငါတောင် ဒီလောက်
ပူလောင်နေတာ ဒေဝရက်တော့
ဘယ်လိုနေမယ်မသိဘူး... လို့ စိတ်ထဲ
က မဆီမဆိုင် ခလုပ်တိုက်မိလိုက်သေး
တယ်။
သံတိုသံစတွေ သုံးဘီးပေါ် တင်ပြီးပြီ
ဆိုတော့ ကီလိုဆိုင်ကို သွားရောင်းရဦး
မယ်မဟုတ်လား။ ဒီလိုတွေးမိတော့
ဟင်း.... ဆိုပြီး သက်ပြင်းချမိပြန်တယ်။
အကြောင်းက ကီလိုဆိုင်မှာ သံရောင်းဖို့
အလေးချိန်ကို ကတ္တားတင်ချိန်၊ ပြီးရင်
သုံးဘီးပေါ်က ပြန်ချရဦးမယ်။ အဲ့တာ
က သုံးဘီးပေါ်တင်တာလောက်တော့
မကြာပေမဲ့၊ တင်တုန်းက သံတိုသံစ
တွေ ထွက်မကျအောင် အတင်းထိုး
ချိတ်တင်ထားတာဆိုတော့ ပြန်ချရတဲ့
ခါ တစ်ခုနဲ့တစ်ခု ချိတ်နေတော့ ဆွဲချရ
တာ အခက်တွေ့ရပြန်ပါတယ်။
ဟုတ်ကဲ့ အဲ့တာတင်ပဲလား ဆိုတော့
မဟုတ်ဘူး။ ကီလိုဆိုင်က သံတိုသံစ
ရောင်းပြီး အပြန်မှာပေါ့၊ ဘာပဲပြော
ပြော ပိုက်ဆံမြင်ရတော့ ဒီလို အခက်ခဲ
တွေကို ဖြေသိမ့်နိုင်ပါသေးတယ်လေ။
သုံးဘီးစီးရင်း တဖြူးဖြူးတိုက်ခက်နေ
တဲ့ လေအေးကို အရသာခံကောင်းနေ
တုန်း သုံးဘီးက ရုတ်တရက် ညာဘက်
စောင်းသွားတော့ တိုက်ခက်နေတဲ့လေ
တွေ ချက်ချင်းပူသွားတယ်။ အပြောင်း
လဲကလည်း မြန်လိုက်လေခြင်း။
သုံးဘီး ဘီးပေါက်သွားပြီ။ ဒီဆိုင်လာ
ရောင်းရင်း ဒီလိုကြီးပဲလို့ တွေးမိတော့
စိတ်က ပိုပြီးဆင်းရဲသွားတယ်။
ပေါက်နေတဲ့ သုံးဘီးကို အဖာဆိုင်ပို့ဖို့
ဖြုတ်နေတုန်း ဆိုင်းမဆင့်ဘုံမဆင့်
မိုးကရွာချလာတယ်။ သုံးဘီးက အမိုး
မပါ။ အနားမှာ မိုးခိုစရာလည်း မရှိပြန်။
ဆိုတော့ မထူးဇာတ်ခင်းကာ မိုးရွာထဲပဲ
လုပ်စရာရှိတာ ဆက်လုပ်နေလိုက်တော့
တယ်။ ပြဿနာတွေများ ဖြစ်ပြီဆိုရင်
ဆက်တိုက် တစ်ခုပြီးတစ်ခု ဖြစ်
နေတော့တာပဲ။ ဘယ်ဘဝက ဝဋ်ကြွေး
များလဲလို့ ကိုယ့်ကိုယ်ကို မကျေမနပ်
မေးမိတယ်။ ဝဋ်ကြွေးရှိလာရင်တော့
လည်း ဆပ်ရတော့မှာပေါ့။ ရှေးကဘဝ
က ကိုယ်လုပ်ခဲ့တဲ့ ကံတွေက
အကျိုးပေးလာတော့လည်း ခံရပေဦး
မပေါ့။ အင်း... ကံတွေများ ရှေးဘဝက
လုပ်ခဲ့တာ ရှေးဘဝကတည်းက
အပြီးပျက် အကျိုးပေးခဲ့ပါလား။
ခုဘဝကျမှ ပြန်ပြီး အကျိုးပေးတော့
ရှေးဘဝက ဘာတွေလုပ်ခဲ့လည်း မသိ
တော့ ခုဘဝ ပြန်ခံရတာ အောင့်သက်
သက်ကြီး ဖြစ်တာပေါ့။ သေချာတာ
တော့ မကောင်းတာ တစ်ခုခု လုပ်ခဲ့လို့ပဲ
နေမှာပေါ့ လို့တွေးရင်း ကိုယ့်ကိုယ်ကို
ပြန်ဖြေရပါတယ်။ အော် ထမင်းစား
"ကံ" တွေ...
**>> ကံကိုနှစ်မျိုးထပ်ခွဲ
လိုက်တော့ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံ။
ကံတွေဟာ ချက်ချင်း အကျိုးပေးတာ
နဲ့ မပေးတာဆိုပြီး နှစ်မျိုးရှိပြန်သတဲ့။
အလွယ်ဆုံးနဲ့ အမြင်သာဆုံး ဥပမာ
ပေးရရင် __
ရုတ်တရက် အဲ့စီးဒန့် ဖြစ်ရင် ချက်ချင်း
ထိခိုက်မိပြီး ဝေဒနါကို ခံစားရ
စေတယ်။ ဒါပေမဲ့ ထမင်းစားပြီးပေမဲ့
ချက်ချင်း "မစင်" ဖြစ်မသွားတာမျိုး
ပေါ့။**
မကြေသ၍ ကြေအောင်သည်းခံ
ဆပ်ရင်း နောက်ဘဝကို အဆိုးကံတွေ
လက်ဆင့် မကမ်းမိအောင် သတိထား
ရင်း ကောင်းတာတွေ တက်နိုင်
သလောက် ဆက်လုပ်သွားရပါဦးမယ်။
ကိုကိုမိုးဟိန်း
| The future is in your hand | Do not kill the time | If you love yourself |
|---|---|---|
| Never give up! | Try your BEST |