ကျုံးရေဟာ နန်းဆန်
မန်းမြေရဲ့ အလှတစ်ခုပေါ့
ကြမ္မာဖန်ရင်
ဘယ်လိုပဲ ပုန်းနေပါစေ
ဆုံဖြစ်အောင် ဆုံကြရတယ်တဲ့...
တောတောင်ကို ကျော်ဖြတ်
ကျောက်ဆောင်တွေကွေ့ပက်
လေပူကြား အတင်းတိုးရင်း
မန်းမြေကို ခြေချမိတော့
ကိုယ့်ဖြစ်တည်မှုဟာ
ပျောက်ဆုံးသွားခဲ့ရတယ်။
တကယ်တော့ ကျွန်တော်ဟာ
ဘယ်တော့မှ မစီးဆင်းနိုင်ခဲ့တဲ့
စမ်းချောင်းငယ်တစ်ခုပါ...
#ကိုကိုမိုးဟိန်း
Feb, 1 2026