အပိုင်း၁ ဖတ်ရန်
အပိုင်း၂ ဖတ်ရန်
အပိုင်း၃ ဖတ်ရန်
အပိုင်း၎ ဖတ်ရန်
အပိုင်း၅ ဖတ်ရန်
အိမ်ရှင်အန်တီနဲ့ ဦးလေးကြီးကြောင်ပြီးကြည့်နေသည်။အိမ်ပေါသို့ပြေးတက်ကာ အရက်တိုက်ပါဆိုပြီး အရက်လိုက်ရှာသည် ဘုရားစင်ပေါ်က သောက်တော်ရေခွက်ကို အရက်ခွက်လို့ ထင်ပြီး ပြေးယူကာသောက်လေသည်။ကျွန်တော်လုံးဝ အသိစိတ်လွှတ်သွားသည်။
credit image source
သူငယ်ချင်းများရောက်လာပြီး သူကျွန်တော့်ကိုဖမ်းချုပ်သည်။ ကျွန်တော်ကရုန်းသည်။နောက်ဆုံး သူငယ်ချင်းများက အိမ်ရှင်အန်တီကြီးဆီမှ ကြိုးတောင်းကာ ကျွန်တော် လက်နှင့် ခြေထောက်ကို ကြိုးတုပ်ပြီး အိမ်ရှင်အန်တီကြီးတို့ကိုတောင်းပန်ကာ သဘောင်္ပေါသို့ ပြန်ခေါ်ခဲ့လေသည်။ကျွန်တော် အရူးတယောက်ကဲ့သို့ဖြစ်နေသည်။ကျွန်တော့ကိုကြည့်ပြီး ကျွန်တော့အထက်အရာရှိမှ"ဓါတ်ဆီကိုဆေးရုံပို့မယ်… ဆေးရုံစောင့် တစ်ယောက်လိုက်သွား"ဟု စေခိုင်းမှုကြောင့် ကျွန်တော်ဆေးရုံးပေါ်သို့ ကြိုးတုတ်လျက်ကြီးဖြင့် ရောက်သွားသည်။ဆေးရုံတွင်လည်း သုံးရက်လောက်ထိ စိတ်တွေမငြိမ်သေးပဲ အရူးတယောက်လို ဖြစ်နေသေးသောကြောင့် ခြေလက်တွေမှ တုတ်ထားသော ကြိုးများကို ဖြေမပေးသေးပဲ ကြိုးတုတ်လျက်ဖြင့်နေခဲ့ရသည်။
ကျွန်တော် တစ်လလောက် ဆေးရုံပေါ်မှာနေပြီးမှ အရက်ပျက်ခဲ့လေသည်။တစ်လပြည့်ပြီး စိတ်ချရသောအခါမှ ဆရာဝန်များက ကျွန်တော့ကို ဆေးရုံမှဆင်းခွင့်ပြုလေသည်။ကျွန်တော့်လက်မှာတော့ ကြိုးတုပ်ဒဏ်ရာများဖြင့် ညိုမဲစွဲနေသည်များ မပျောက်သေး။ကျွန်တော်လက်က ဒဏ်ရာကိုကြည့်နေစဉ် သူငယ်ချင်းက ဘယ်ထိမှတ်မိလဲမေးသည်။ကျွန်တော် သဘောင်္ပေါက်သည်အထိပဲ မှတ်မိကြောင်းပြောသည်။သူငယ်ချင်းက သူများအိမ်ပေါ်ပြေးတက်ကာ ဘုရားစင်ပေါ်က သောက်တော်ရေယူသောက်ပုံ အရူးတယောက်ကဲ့သို့ဖြစ်နေပုံ နောက်ဆေးရုံပို့ခဲ့ပုံများကို အသေးစိတ်ပြန်ပြောပြသည်။ကျွန်တော့်လက်မှ ညိုမဲစွဲနေသော ဒဏ်ရာလေးများကြည့်ကာ ကျွန်တော်အရက်သောက်ခဲ့တာနောင်တရမိသည်။နောက်နောင် ဘယ်သောအခါမှ အရက်မသောက်ဟု သံဓိဌာန်ချမိသည်။
ကျွန်တော် တပ်ထဲပြန်ရောက်သောအခါ တပ်ရင်းမှးုမှ ဆေးနားတစ်လပေးပြီး အိမ်မှာပြန်နားခိုင်းသည်။ကျွန်တော် အမေ့အိမ်သို့ပြန်ခဲ့သည်။အမေ့အိမ်သို့ရောက်သောအခါ စိတ်ထဲမှာ အလိုလိုနွေးထွေးလာသလို ခံစားမိသည်။ငိုချင်စိတ်လည်း အလိုလိုဖြစ်လာခဲ့သည်။အမေကတော့ ကျွန်တော့်လက်မှ ကြိုးတုပ်ထားသောဒဏ်ကြောင့် စွဲနေသော အညိုမည်းဒဏ်ရာများကြည့်ကာ ငိုလေသည်။ ကျွန်တော်လည်း ယောကျာ်းတန်ပေမဲ့မျက်ရည်များ အလိုလိုကျလာသည်။ကျွန်တော် ဘယ်တော့မှအရက်မသောက်ဟု အမေ့ကိုကတိပေးမိသည်။
ညရောက်သောအခါ အမေခင်းသိပ်တဲ့ နွေးထွေးတဲ့ အိပ်ယာလေးပေါ်လှဲအိပ်ကာ နဖူးပေါ်လက်တင်စဉ်းစားမိလေသည်။ ၁၀တန်းဖြေပြီးသည် အထိ ကျွန်တော် လိမ္မာခဲ့သည်။ နောက်ပိုင်း အရက်ရဲ့ ကျေးကျွန် ဖြစ်သွားသောအခါ အမေနှင့်အဖေအတွက် စိတ်ဆင်းရဲစရာဖြစ်ခဲ့ပုံ၊ မူးမူးရူးရူးနှင့် အိမ်ပြန်လာ၊ အမေခူးပေးတဲ့ ထမင်းကိုစား၊ အမေခင်းသိပ်တဲ့ အိပ်ယာပေါအိပ်၊ မိဘ၏ နွေးထွေးမှုမေတ္တာတန်ဖိုးမသိတတ်ခဲ့ပုံ၊နောက်ပိုင်း အမေ့စကားနားမထောင်ပဲ အရက်သောက်မြဲသောက် သောကြောင့် တစ်ခုလပ်အိမ်ထောင်သည်ဘဝရောက်ခဲ့ပုံ၊အရက်ကြောင်ကြောင်ကာ သူများအိမ်ပေါ်တက် ဘုရားသောက်တော်ရေကို အရက်ဟုထင်သည်ထိ အခြေနေဆိုးခဲ့ပုံ၊ကြိုးနှင့်တုတ်ခံပြီး ဆေးရုံရောက်သည်ထိ ဖြစ်ခဲ့ရပုံ တို့တရေးရေးပြန်မြင်ပြီး မျက်ရည်ကျမိသလို အရက်ကိုလည်း လွန်စွာ စိတ်နာခဲ့သည်။အိမ်မှာ မိသားစုနှင့်ဆိုတော့ အရက်သောက်ချင်စိတ်က သိပ်မသိသာ။တစ်လပြည့်၍ တပ်ထဲပြန်သောအခါ အရက်ဆိုင်ရှေ့မှ ဖြတ်သောအခါ အရက်ဆိုင်က လာပါလာပါဖိတ်ခေါ်နေသယောင်။ ကျွန်တော် အရက်သောက်ချင်စိတ်လေး ပြန်ဖြစ်လာသည်။
ကြိုးဖြင့်တုတ်ပြီး ဆေးရုံအပို့ခံရသည်ထိ ဖြစ်ပြီးမှ အရက်ပြန်သောက်လျင် ကျွန်တော် လူမဟုတ်တော့။ထို့ကြောင့် အရက်ဆိုင်တွေ့လျင် သောက်ချင်စိတ်လေးဖြစ်သောကျွန်တော် အရက်ဆိုင်ရှေ့မှမဖြတ်တော့။သူငယ်ချင်းများ ဝိုင်းဖွဲ့ပြီးသောက်သောအခါတွင်လည်း ကျွန်တော် စိတ်မခိုင်သောကြောင့် ကော်ဖီမစ်လေးဖျော်ကာ သဘောင်္ဦးထပ်တွင် တစ်ယောက်ထဲသွားထိုင်နေတတ်သည်။အချိန်ကြာသောအခါ ကျွန်တော်နေနိုင်သွားသည်။အခုအချိန် ကျွန်တော့်ကို အရက်သောက်ပါဟု ပြောရင်တောင် ကျွန်တော့်ဘဝကိုဖျက်စီးခဲ့သောအရက်ကို ကျွန်တော် သောက်တော့မည်မဟုတ်။ကျွန်တော်
အရက်ကိုအရမ်းစိတ်နာတတ်ခဲ့ပြီ ဖြစ်တော့သည်။
…………………………………………………………………………………
ယ္ခုဇာတ်လမ်းလေးသည် ကျွန်တော့ သူငယ်ချင်းတစ်ယောက်၏အကို ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်လေးကို ခွင့်ပြုချက်တောင်းကာ ရေးသားထားသော ဖြစ်ရပ်မှန် ဇာတ်လမ်းလေးဖြစ်ပါသည်။
…………………………………………………………………………………
ဆက်လက်ကြိုးစားပါဦးမည်။