သံသရာသည် တစ်ပတ်လည်တက်သော သဘောရှိပေ၏။ဟိုတလောက ရပ်ကွက်ထဲမှ ကယ်ရီသမား နှင့် ကားတစ်စီး တိုက်မိကြသည်။မှားသည်မှာ ကယ်ရီသမား ဖြစ်သည်။မျက်မြင်သက်သေ ဆို၍ ဘတူ တစ်ဦးတည်းသာ ရှိသည်။ကားသမား နှင့် ကယ်ရီသမားတို့ ညှိနှိုင်း၍ အဆင်မပြေသောအခါ ရပ်ကွက်ရုံး သို့ရောက်သွားသည်။ဘတူကို မျက်မြင်သက်သေအဖြစ် ဆွဲထည့်သည်။
credit image source
ဘတူအတွက် တော်တော် ဆုံးဖြတ်ရခက်သော ကိစ္စတစ်ခုဖြစ်လေသည်။ကယ်ရီသမားမှာ ဆင်းရဲပြီး သူ့မိသားစုစားဝတ်နေရေးအတွက် တစ်ဦးတည်းရှာဖွေ ပေးနေသူဖြစ်သည်။ကယ်ရီသမားမှာ နဂိုကမှ ဆင်းရဲရသည်အထဲ ကားသမားအား လျှော်ပေးရပါက သူမိသားစု ထမင်းပင် နပ်မှန်မည် မဟုတ်တော့ပေ။သို့သော် ကယ်ရီသမားက မှားနေသည်။
ကားသမား ဘက်က ဝင်ကြည့်ပြန်လျှင်လဲ သူ့ကားကို နှမြှောပေလိမ်မည်။သို့သော် သူသည် ပိုက်ဆံရှိ၍ ကားတောင်ဝယ် စီးသေးတာပဲ ဟုတွေးကာ ဘတူသည် ဆန္ဒအဂိ လိုက်ကာ ကယ်ရီသမား မှန်ကြောင်း ရပ်ကွက်လူကြီးထံတွင် မျက်နှာပူပူဖြင့် ပြောပြလိုက်သည်။ရပ်ကွက် လူကြီးမှ ကားသမား အမှား ဖြစ်သောကြောင့် ကယ်ရီသမားအား အလျှော် မပေးရန် ဆုံးဖြတ်ပေးလိုက်သည်။
ကယ်ရီသမား၏ မျက်နှာတွင် ပြုံးရွှမြူးထူးသွားသည်။ကားသမား၏ မျက်နှာတွင်တော့ အံသြခြင်း အတိဖြင့် ဘတူအား ကြည့်နေသည်။ဘတူသည်လည်း မိမိကိုယ်ကို မလုံ သောကြောင့် အားလုံးကို နှုတ်ဆက်ကာ အမြန်ထွက်လာလိုက်တော့သည်။
ဤသို့ဖြင့် လအတော်ကြာသောအခါ ဘတူသည် ထိုကိစ္စအား မေ့မေ့ပျောက်ပျောက်ဖြစ်သွားလေတော့သည်။တစ်ရက် ဘတူ အလုပ်က လိုင်းကားစီးအပြန်တွင် တိုက်ဆိုင်စွာ ဘတူ အဂတိလိုက်ကာ အရှုံးဖြစ်စေခဲ့သော ကားသမားနှင့် ဆုံတွေ့ရလေသည်။ဘတူ မျက်နှာပူလှသည်။ထိုကားသမားသည်လဲ ဘတူကိုမြင်သောအခါ မှတ်မိနေသည်။
ကားသည် ရုံးဆင်းချိန်ဖြစ်၍ လွန်စွာ ကြပ်တည်းလှသည်။ထိုအချိန်တွင် အမျိုးသမီးတစ်ယောက်မှ"ကယ်ကြပါအုံ ကျွန်မ ဆွဲကြိုးမရှိတော့ဘူး…ဆွဲကြိုးဖြတ်သွားပြီထင်တယ်…ကျွန်မယောက်ျားကတော့ ဆူတော့မှာပဲ…ကားစပါယ်ယာ ကူပါအုံး…"ဟု အကူညီတောင်းသံ ကြားလိုက်ရသည်။ထိုအမျိုး သမီးနှင့် ဘတူကြားတွင် လူတစ်ဦးသာခြားသည်။
လိုင်းကားဆရာသည် ကားကိုရပ်ကာ တစ်ဦးချင်း ဆင်းစေပြီး ရှာဖွေလေသည်။ဤတွင် လူတစ်ဦးမှ ဖြတ်ထားသော ဆွဲကြီးအား ဘတူ လွယ်အိပ်ထဲသို့ ထည့်လိုက်လေသည်။ဘတူမသိလိုက်။ဤသို့ဖြင့် ဘတူ အလှည့်ရောက်၍ ရှာသောအခါ ဆွဲကြိုးကိုတွေ့လေသည်။ကား သမားသည် ဘတူအား ရဲစခန်းပို့ရန် ပြင်လေသည်။ဘတူမှာ သူမလုပ်ကြောင်း အကြောက်အကန်ငြင်းလေသည်။သို့သော် သက်သေမှာ သူ၏ လွယ်အိပ်ထဲတွင်။
ထိုအချိန်တွင် ကားအတွင်းမှား"အမလေးဗျ…ဖြေးဖြေးလုပ်ပါဗျ"ဟူသော အော်သံနှင့်အတူ လူတစ်ယောက် မှ လူတစ်ယောက်အား လက်တစ်ဖက်အား လိမ်ကာကျောတွင်ကပ်ထားသည်။လက်လိမ်ခံရသောသူမှာ ကားကြမ်းပြင်တွင် မှောက်လျှက်အနေထားဖြစ်သည်။လက်ကိုလိမ်ထားသောသူမှာ ဘတူ၏ အာဂတိလိုက်ခြင်းခံခဲ့ရသော ကားသမားပင်ဖြစ်တော့သည်။
ကားသမားမှ Busကားဆရာအား"ကျုပ်အခု လက်လိမ်ထားသူက ဆွဲကြိုးဖြတ်သူပဲ…အမျိုးသမီးအကူညီလို့ ခင်ဗျားက တစ်ယောက်ချင်း စစ်မယ်ဆိုတော့ ဒီလူက ကိုဘတူ လွယ်အိပ်ထဲ ဆွဲကြိုးထည့်လိုက်တာ ကျုပ်မြင်လိုက်တယ်……ဟိတ်ကောင်… လူအများသိအောင် ပြောပြလိုက်"ဟုပြောကာ…လက်ကို ထပ်ပြီး အားစိုက်ကာ လိမ်လိုက်ပြန်သည်။
အလိမ်ခံရသော ဆွဲကြိုးဖြတ်သူမှာ"အားးးးကျွန်တော်ပြောပြပါ့မယ်…လက်လိမ်ထားတာ လျှော့ပေးပါအုံး…ကျွန်တော် ဆွဲကြိုးဖြတ်တာ ပြီးတော့ ဟိုအကို လွယ်အိပ်ထဲ ထည့်ခဲ့တာပါဗျာ"ဟုပြောပြလိုက်သည်။ဘတူသည်လည်း ယ္ခုမှ အသက်ရှုချောင်ပြီး ပြုံးနိုင်လာတော့သည်။ဘတူသည် ဆွဲကြိုးဖြတ်သူကို ဖမ်းပေးသော ကားသမားအား "အကို ကျေးဇူးတင်ပါတယ်ခင်ဗျာ…အကို မကယ်ရင် ကျွန်တော်တော့ ဒုက္ခရောက်ရမှာ…ကျေးဇူး အများကြီး တင်ပါတယ်ဗျာ…ဒါနဲ့ အကို…အကို့ အပေါ်မတရားခဲ့သူကို ဘာလို့ ကယ်ရတာလဲ ခင်ဗျာ…"
"ဒါကတော့ ရှင်းရှင်းလေးပါဗျာ…ကျွန်တော့ ကိုယ်ကို ကျွန်တော် အကြည်ညိုမပျက် ချင်လို့ပါ…လူတစ်ယောက်ကို မကျေနပ်တာနဲ့ အမှန်တရား မပြောလိုက်ရင် တစ်သက်လုံး ကိုယ့်ကိုကိုယ် ကြည်ညိုလို့ရမှာ မဟုတ်တော့ဘူး…ကိုယ့်ကိုကိုယ်မှ ကြည်ညိုလိုမရရင် ဘာဖြစ်မလဲဆိုတာ ဆက်သာတွေးကြည့်ပါတော့ဗျ"
ဘတူ ခေါင်းတငြိမ်ငြိမ်ဖြင့် ဆက်လက်အတွေးပွား နေလေတော့သည်။
MSC-224