အမေထံမှ မနက်ဖန် အဒေါ်တို့ အိမ်သွားပြီး သီတင်းကျွတ်ကန်တော့မည် ဟုညီညီသိလိုက်ရသောကြောင့် အရမ်းပျော်လေသည်။ဖေဖေက ရဲ ဝန်ထမ်း မေမေကဆရာမဆိုပေမဲ့ စီးပွားရေးက အဆင်သိပ်မပြေပါ။အဒေါ်တို့ အိမ်ကချမ်းသာသောကြောင့် အဒေါတို့အိမ်သွားလျင် အစားကောင်းတာတွေစားရသည် မုန့်တွေကလဲအစုံအလင် အပြန်ကျရင် မုန့်ဖိုးကလဲရသည်။အကိုဝမ်းကွဲရဲ့ မတော်တော့တဲ့ အင်္ကျီ သူမဝတ်တော့တဲ့ အင်္ကျီလေးများလဲရသည်။ကိုကိုနှင့်လဲ ဂိမ်းတူတူဆော့ခွင့်ရသည်။
credit image source
ကိုကို ကလဲစက်ဘီးစီးသင်ပေးမယ်ပြောထားသောကြောင့် ဒီတစ်ခေါ က် စက်ဘီးစီး သင်ခိုင်းရမည်။ပြီးတော ကိုကိုထံက ကိုကိုမသုံးတော့တဲ့ ထောက်စူးလဲတောင်းရမည်။ညီညီ ထေက်စူးရှိမှ သချာင်္ချိန်တွင် အဆင်ပြေမည်။ညီညီမှာ ထောက်စူးမရှိသောကြောင့် သချာင်္အချိန်တွင် ထောက်စူးသုံးရန်လိုပါက ဘေးမှသူငယ်ချင်းထံက ငှားရသည်။
သူငယ်ချင်းက သူ့ကိုယ်ပိုင်ပစ္စည်းဆိုတော့ သူဆွဲပြီးအောင် စောင့်ရသည်။သူလဲပြီးရော ဘေးကသူငယ်ချင်းတစ်ယောက်က ဗိုလ်ကြပြီ ကြားဖြတ်ကာ အလှည့်ကျော်သွားသည်မှာ အမြဲပင်ဖြစ်သည်။ဗိုလ်ကြသော သူငယ်ချင်းလည်း ဆွဲပြီးရော ဆရာမက ပြီးပြီးလာဟုဆိုကာ ကျောက်သင်ပုန်းကစာများကို ဖြတ်သွားသည်။ညီညီ မှာ မဆွဲလိုက်ရ။ညီညီမှာ ဤသို့ ထောက်စူးပြသနာကြောင့် သချာင်္(၂)အပိုင်းမှ စက်ဝိုင်းခန်းများကို မလုပ်ဘူးကွာဆိုပြီး ပစ်ထားရာမှ သချာင်္ညံလာသည်။သချာင်္အချိန်တွင် အမြဲတမ်းနောက်ကျသောကြောင့် ခဏခဏဆရာမအဆူခံရပါတယ်။ညီညီ ဘာကြောင့်မပြီးတာလဲကို ဆရာမသိ။ထို့ကြောင့် ကိုကိုဆီက ထောက်စူးရအောင်တောင်းရမည်။ညီညီတစ်ယောက် မနက်ဖန်ကို မြန်မြန်ရောက်စေချင်ပါပြီ။
credit image source
ညီညီ အဒေါ်အိမ်ရောက်သောအခါ ပျော်ရွှင်ရသည။်ဟင်းကောင်းလဲစားရသည်။ကိုကိုနှင့်တူတူ ဂိမ်းဆော့ရသည်။ပြီးတော့ ကိုကိုက ညီညီကို စက်ဘီးစီးသင်ပေးသည်။ ကိုကိုက နောက်မှထိန်းပေး ညီညီကဒရိမ်းဒယိုင်ဖြင့် စက်ဘီးကို စစီးသည်။တစ်ဖြည်းဖြည်း နေ့တစ်ဝက်ကျော်ခန့် လေ့ကျင့်လိုက်သောအခါ အတော်အတန် အဆင်ပြေလာသည်။ကိုကိုကလည်း"ဘာမှမကြောက်နဲ့ ကိုကို ကိုင်ထားပေးမယ်"ဟုအမြဲပြောသည်။
ညီညီ ကုန်းအတက်ကိုအားစိုက် နင်းတက်နေသည်။ ကုန်းအဆင်းရောက်တော့ ညီညီ မဆင်းရဲတော့ပေ။ထို့ကြောင့် ရပ်ရန်အတွက် ကိုကိုအား ဆွဲခိုင်းသည်။ကိုကို အသံ မကြေားသောကြောင့် နောက်လှည့်ကြည့်သောအခါ ကိုကိုမှာမောလွန်း၍ ခါးထောက်ကာ အဝေးကြီးမှာကျန်ခဲ့သည်။ညီညီ ကုန်းအဆင်းတွင်ကြောက်ကြောက်ဖြင့် ဘရိတ်၂ခုစလုံးအသားကုန်ဆွဲပြီးရပ်လိုက်သည်။
ညီညီ ကံကောင်းသည် လမ်းမှ မည်သည့်အရာနှင့်မှမတိုက်မိ။သို့သော် ညီညီကံဆိုး၏။အရှိန်ဖြင့် အဆင်းတွင် ဘရိတ်ဆောင့်အုပ်လိုက်သောကြောင့် ညီညီ၏ ဂျိုးကလေးနှင့် စက်ဘီး လက်ကိုင်ပြေးဆောင့်မိသည်။"အားးး" ဆိုသောအသံနှင့် ညီညီကမ္ဘာကြီးနှင့် ခေတ္တခဏ အဆက်အသွယ်ပြတ်သွားသလိုပင်။ ကိုကို ညီညီထံပြေးလာကာ "ဘာဖြစ်သွားသေးလဲညီလေး"ဟု မေးတာကိုတောင်မှ ညီညီမှာပြန်မဖြေနိုင်။ညီညီ ရူးပေါက်သောအခါ မျက်ရည်တောက်တောက်ကျရသည်။စပ်ပြီးနာလိုက်သည့် ဖြစ်ခြင်း။ သူများတွေ စက်ဘီးစီးသင်တာ မြောင်းထဲထိုးကျတာ ဒူးပြဲလက်ပြဲ ပဲကြားဖူးသည်။ညီညီအလှည့်ကြမှ တစ်ပတ်လောက် ရူးပေါက်တိုင်း စပ်ပြီးနာသလိုခံလိုက်ရသည်။
ဆက်ရန်………