မြန်မာ စကား တွေထဲမှာ "အကြွေးတင်ရင် ၊အကြွေးဆပ်ရမယ်"ကျေးဇူးရှိရင် ၊ကျေးဇူးဆပ်ရမယ် "ဆိုပြီးစကား နှစ်ခုမျိုး ဟာ လူတိုင်းသိကြပါတယ် ။
မိမိက သူတစ်ပါးဆီ ကအကျိုးတစ်ခုခု ကို ရယူ ခဲ့ ရင် အကြွေးရှိတယ် ၊ကျေးဇူးရှိတယ် အကြွေးနဲ့ကျေးဇူး ရှိတာခြင်း က အတူတူပါပဲ ဒါပေမယ့် တုန့်ပြန်ပေးဆပ် တဲ့ အခြေအနေခြင်းက ကွားခြားပါတယ် ။
![image](" အကြွေး" ဆို တာ က ရယူလို သူက ရယူလိုတဲ့ စိတ်နဲ့ တောင်းခံရသလို ၊ပေးတဲ့သူက လည်း မိမိအတွက် ပြန်လည်တုံ့ပြန်ရရှိမယ် အကျိုးကို တွက် ချက်ပြီးမှကြွေးပေးလိုက်တာ ဖြစ်တယ် ။ တချို့ အကြွေးရှင်များက သူတို့ပေးထားတဲ့ အကြွေးပြန်မရရင် "ငါ့ အကြွေးမကျေ မြေ "လို့ပြောဆိုကြတယ် မြေနဲ့ထပ် တူ ကျွန်ခံကျွေးဆပ်ရမည် အဓိပ္ပါယ် ရပါတယ် ။ အကြွေး ယူထားသူ ကလည်း ''ပြန်လည်မပေးဆပ်တော့ ဘူး''ဆို ပြီး မပေးပဲနေခဲ့ရင် မတရားခိုးယူ ခြင်းဆို တဲ့အပြစ်မျိုး ကိုဖြစ်စေပါတယ် ထိုမျှမ က နောက်ဘဝမှာပြန်ပြီး အကြွေးဆပ် ကနိုင်ပါတယ်။ အကြွေးကို ယူပြီးရင် ပြန်ဆပ် နိုင်အောင် ပြန်ဆပ်ဖြစ်အောင် ဆပ်ပေးကြပါလို့ တိုက်တွန်းပါတယ် ။
![image]( "ကျေးဇူး"ဆို တာ အကြွေးနဲ့ လုံးဝ ကွားခြားပါတယ် ။ကျေးဇူးစိတ်က သဒ္ဒါ နဲ မေတ္တာ အရင်းခံဖြစ်တည်လာတာဖြစ်ပါတယ် ။ဒါကြောင့် ကျေးဇူး ပြု တဲ့သူ မိမိ ရှေ့မှောက်မှာရှိရင် "ကျေးဇူးတင်ပါတယ်"လို့ ကျေးဇူးတင်စကားပြောကြပါတယ် အဲ့လိုမပြောခဲ့ဘူးဆို ရင်တော့ အများအမြင်မှာ ရိုင်းရာကြပါတယ် ။ကျေးဇူး ရှိရင် ကျေးဇူးဆပ် ရမယ့်  အသိရှိရမယ် ကျေးဇူးပြန်ဆပ်ရမယ့် တာဝန် ရှိတယ် ။ဒီလို ကျေးဇူးဆပ်တဲ့နေရာမှာ အကြွေးဆပ်တာ နဲ့ လုံးဝကိုမတူပါဘူး ကျေး ဇူးဟာမြင့်မြတ်တယ် သဒ္ဒါတရား နဲ့ မေတ္တာ ပေါင်း စည်းပြီးမှ ဖြစ်လာခြင်းကြောင့်ပါ။ကျေးဇူပြန်ဆပ်သူက လဲ ကောင်းမြတ်တဲ့စိတ်နဲ့ ပြန်ဆပ်ပေးရတယ် ကျေးဇူးပြုခဲ့တဲ့သူက လဲ ကိုယ့် အတွက်တုံ့ပြန်ရ ယူလို တဲ့ လောဘစိတ်ကင်းစေရတယ်။ ကျေးဇူးရှိသူကို ကျေးဇူး ဆပ်ခြင်းက မင်္ဂလာပါ တစ်ပါးဖြစ် ပါတယ် ။ လူတိုင်းလူတိုင်းကို တိုက်တွန်းပေးပါရစေ ကျေးဇူးရှိတဲ့ မိဘနှစ်ပါးကို ကျေးဇူး ဆပ်ကြပါလို့ ညအိပ်ယာဝင် ဘုရားရှိခိုးတိုင်း မိဘနှစ်ကို မေတ္တာ ပို့ပေးခြင်းက လဲ ကျေးဇူးဆပ်နည်းတစ်မျိုး ပါ။
ဒီစာလေးတစ်ပုဒ် ကြောင့် ဖတ်မိသူတိုင်း ကောင်းမွန်တဲ့ စိတ်ထားလေး တစ်ခု ကိန်းအောင်း သွားမည်ဟု မျှော်လင့်ပါတယ်။.........။
အညာသားလေး.mho