
2023ခုနှစ်မှာAIက တွင်တွင်ကျယ်ကျယ်ဖြစ်ခဲ့တယ်ဆိုပေမဲ့လည်း
2024မှာပဲ AIဖုန်းတွေ ပေါ်လာတော့ 2024ဟာ
AIခုနှစ်ပါလို့ ကျနော်ကတော့ သတ်မှတ်ချင်တယ်ဗျာ၊
AIဆိုတာနဲ့ အားလုံးက တမ်းပြီးတော့ သိကြတာတွေ များမှာပါ
AIကြောင့် ကျနော်တို့ရဲ့ လူမှုဘဝတွေ ပြောင်းလဲလာတာတွေ ရှိသလိုပဲ
AIဆိုတဲ့ ဉာဏ်ရည်အတုဟာလဲ အချိန်တိုအတွင်းမှာ
တိုးတက်နှုန်းက အရမ်းမြန်လာတော့
လူသားအားလုံးဟာ AIကို အသိမှတ်ပြုလာကြပါတယ်ဗျ၊
ဟိုတလောက သတင်းတစ်ပုဒ်ဖတ်မိတာ AIနဲ့ ကျန်းမာရေးအတွက် သုတေသနလုပ်တယ်ဆိုလား
ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေခြင်းလား ဘာလား
ကျနော်သဲသဲကွဲကွဲ မမှတ်မိတော့ပါဘူးဗျ၊
AIကို မတူညီတဲ့ နယ်ပယ်တွေမှာ အသုံးပြုသူတွေ များပါတယ်
စာရေးတဲ့အခါတွေမှာ Ideaမထွက်ရင် AIကိုမေးပြီး Ideaထုတ်မယ်
Designတွေ ဖန်တီးတဲ့အခါမှာ ပုံတွေကို AIနဲ့ထုတ်မယ်
Logoတွေဆွဲခိုင်းမယ်
ပုံတွေပြင်ခိုင်းမယ် အစရှိတာတွေနဲ့
ကျနော်တို့မသိတာတွေကို မေးလို့ရတဲ့အထိ
AIက စွမ်းပါတယ်ဗျ
AIခေတ်ကို လက်ခံပြီး ထဲထဲဝင်ဝင်
ကောင်းမွန်တဲ့နေရာတွေမှာ အသုံးချနေသလိုပဲ
AIကြောင် ဖြစ်လာမဲ့ မကောင်းတဲ့ အချက်တွေကိုလဲ
ဆင်ခြင်သုံးသပ်ပြီးတော့ ဟန်ချက်ညီညီနဲ့ အသုံးပြုသင့်တယ်လို့တော့ ကျနော်က ယူဆပါတယ်ဗျ၊
AIနဲ့က လုပ်စရာတွေ အရမ်းများပါတယ်
ကိုယ်စိတ်ဝင်စားတဲ့အပိုင်းတွေမှာ AIကိုထည့်သုံးကြည့်လိုက်ပါ
အဲကျရင် ကျနော်တို့တွေဟာ အရမ်းသက်သာပါတယ်ဗျ။
စာရေးမယ်ဆိုပြီး အာရုံရလို့သာ ကောက်ရေးလိုက်တာမို့
လိုအပ်ချက်တွေအများကြီးရှိပါတယ်ဗျ
ဝေဖန်ထောက်ပြပေးကြပါဦးဗျ🙏🙏
အခုပိုစ့်ကို ဝန်းရံပေးသူများကိုလဲ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ