ဘဝတစ်ခုစတင်ဖြစ်တည်
လူသားဆိုတဲ့နိယာမဖြင့်
သမုဒ္ဒရာဝမ်းတစ်ထွာစာ
ဖူလုံလောက်ငှပြည့်ဝရေးအတွက်
ရုန်းကန်လှုပ်ရှား
ပြေးလွှားခုန်ပေါက်
လောဘ ဒေါသ မောဟ တွေနှင့်
အသင်ဘာကြောင့်ဖြစ်သနည်း........
ဖောက်လွှဲဖောက်ပြန်
ဤလူ့ဘောင်မှာ
ငါ၏ ပစ္စည်း
ငါ၏ ဉ္စစ္စာ
ငါ့ စည်းစိမ်ဟု
ငါစွဲ စွဲသူ
ထိုလူသားအား
အဘယ်သူက
ချွတ်မည်နည်း.............
တိုးတက်လာတဲ့
ခုခေတ်အခါမှာ
သောက်လေသောက်လေ
ငတ်မပြေဟု
ပြောကြလေတဲ့ခေတ်နှင့်အညီ
ပေါ်ထွန်းလာတဲ့
မူးယစ်မျိုးနွယ်
ဘီယာဟုခေါ်
ဤအရည်ကို
မိမိရှာဖွေစည်းစိမ်များအား
လောဘ ဒေါသ မောဟ ကင်းကွာ
အသင်ဘာကြောင့်သောက်နိုင်သနည်း..........
Credit photo >>>Photo is my life
ကလောင်အမည်-ပျံလေတဲ့ငှက်ခါး
ဘဝတစ်ခုစတင်ဖြစ်တည်
လူသားဆိုတဲ့နိယာမဖြင့်
သမုဒ္ဒရာဝမ်းတစ်ထွာစာ
ဖူလုံလောက်ငှပြည့်ဝရေးအတွက်
ရုန်းကန်လှုပ်ရှား
ပြေးလွှားခုန်ပေါက်
လောဘ ဒေါသ မောဟ တွေနှင့်
အသင်ဘာကြောင့်ဖြစ်သနည်း........
ဖောက်လွှဲဖောက်ပြန်
ဤလူ့ဘောင်မှာ
ငါ၏ ပစ္စည်း
ငါ၏ ဉ္စစ္စာ
ငါ့ စည်းစိမ်ဟု
ငါစွဲ စွဲသူ
ထိုလူသားအား
အဘယ်သူက
ချွတ်မည်နည်း.............
တိုးတက်လာတဲ့
ခုခေတ်အခါမှာ
သောက်လေသောက်လေ
ငတ်မပြေဟု
ပြောကြလေတဲ့ခေတ်နှင့်အညီ
ပေါ်ထွန်းလာတဲ့
မူးယစ်မျိုးနွယ်
ဘီယာဟုခေါ်
ဤအရည်ကို
မိမိရှာဖွေစည်းစိမ်များအား
လောဘ ဒေါသ မောဟ ကင်းကွာ
အသင်ဘာကြောင့်သောက်နိုင်သနည်း..........
ကလောင်အမည်-ပျံလေတဲ့ငှက်ခါး