နှစ်တရာပြည့်အထိမ်းအမှတ်နှင့်ရွှေထီးတော်တင်ပွဲ
နံနက်အချိန်အခါ (6)နာရီခန့် နှစ်ပွင့်တွေက လူးလွင့်ဆော့ကစားနေချိန်
မြို့ပေါ်ရပ်ကွက်ရှိ မြို့သူမြို့သားများနှင့် နယ်မှလာရောက်ကြသော နယ်သူ/နယ်သားများအားလုံး
ဟိုတစ်စုဒီတစ်စုဖြင့် သွားလာလှုပ်ရှားနေလျှက် စည်းကားသိုက်မြိုက်နေလေတော့တယ်။
ခဏအကြာမှာတော့ အသံချဲ့စက်မှ ထမင်းများသုံးဆောင်နိုင်ပါပြီလို့လည်း ဆော်သြလိုက်ရော
ကျွန်တော်တို့တစ်တွေ ခုံချပေးသူကပေး ၊ ဧည့်သည်တွေကို နေရာချပေးသူမပေး။ ဟင်းပွဲတွေပြင်ဆင်ကြ
ထမင်းပွဲတွေပြင်ဆင်ပေးကြနဲ့ အလုပ်ကိုယ်စီစရှုပ်လာပြီလေ။ တစ်ဖွဲဖွဲနဲ့ဝင်လာလိုက်ကြတာ ခုံနေရာပြည့်တဲ့အထိ
ဖြစ်သွားခဲ့တယ်။ ခုံအလွတ်မရှိသေးတော့လည်း ထမင်းစားသုံးရန် ကျန်ရှိနေသူတွေကို အချိုပွဲသုံးဆောင်နိုင်နှင့်အောင်
အရှေ့ဘက်ဘုရားတန်းဆောင်မှာနေရာအသီးသီးချပေးဖို့လည်း တာဝန်ကျ သူများက ဖော်ဖော်ရွေရွေ နေရာထိုင်ခင်း
လုပ်လို့ပေးကြပါတယ်။ ထမင်းစတင်ကျွေးပြီဆိုတော့ ငါးခြောက်ဟင်းဟေ့ ငါးခြောက်ဟင်း ဒီဝိုင်းကိုချပေးဦး ။ သရက်ချဉ်သမားဒီမှာလိုနေပြီဟေ့ ။ ဟင်းချိုဟင်းရည်
လည်း ဟိုဘက်ဝိုင်းမှာ တောင်းနေတယ် လုပ်ပေးလိုက်ကြဦး။ ဆူညံပွက်လောရိုက်နေပေမယ့် အားရပါးရစားသောက်နေတာ
မြင်ရတော့ရင်ထဲမှာပိတိဖြစ်မိတယ်။ မောတယ်ရယ်လို့လည်း မသိတော့ပါဘူး။ ထမင်းစားပြီးကြတဲ့လူတွေရဲ့ပန်းကန်ပြားတွေကို လိုက်သိမ်းသူကသိမ်း။ ပန်းကန်ဆေးကြော
ပေးသူတွေကလည်း မငြီးမငြူ အလျှင်မှီအောင်ဆေးကြောပေးကြပါတယ်။ ဘုရားဝန်းရဲ့အရှေ့ဘက်ခြမ်းမှာတော့ အားကစားပြိုင်ပွဲအဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ
နှင့် ရိုးရာခြင်းလုံးအလှပြ တင်ဆက်မှုတွေလည်း အများသူငှာအပန်းဖြေကြည့်ရှု့နိုင်အောင် ဖျော်ဖြေတင်ဆက်ပေးနေပါတယ်။ ရိုးရာခြင်းလုံးအလှပြမှာ (၆)တန်းသာရှိသေးတဲ့
ခြင်းအလှပြမယ်လေးရဲ့ စွမ်းဆောင်ရည်ကလည်း အံ့မခန်းပါဘဲ ။ ပုလင်းပေါ်မတ်တပ်ရပ်ပြီး ခြင်းခတ်ပြတာကလည်း တစ်မျိုး ၊ ပုလင်းကွဲတွေရဲ့အပေါ် ခြေဗလာနဲ့ ခြတ်ပြတာ
ကလည်းတစ်ဖုံ၊ ဆိုင်ကယ်နောက်ကနေစီးရင်း ခြင်းလုံးကို အမျိုးမျိုးကစားပြနေတာကလည်း ပရိတ်သတ်ရင်ထဲ ကျေနပ်ပိတီဖြစ်နေ၊ အားရနေတာ ကို အတိုင်းသားမြင်နေရ
ပါတယ်။ (၉)နာရီခွဲလောက်ရောက်လာတော့ ရွှေထီးတော်၊ စိန်ဖူးတော်တင်ဖို့ ပန်းရထားနဲ့ကြိုးဆွဲကာ ဘုရားအပေါ်ထိရောက်အောင် ၀ိုင်းကာဝန်းကာ ကြိုးပမ်းနေကြတာကလည်း
လူစည်ကားလှပါပေတယ်။ ကလေးသူငယ်လေးများကလည်း အက အလှများနဲ့ ဖျော်ဖြေတင်ဆက်ပေးကြပါသေးတယ်။ ဘွန်တော ဆိုတဲ့သီချင်းနဲ့ တင်ဆက်ကပြတာလည်း ၁ တန်း ကလေး
ငယ်လေးများ အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်နိုင်ကြတာကိုလည်း ကြည့်ရှုခဲ့ရပါတယ်။ ရွှေထီးတော်တင်ပြီးတာနဲ့ တောဓလေ့ တောရိုးရာအတိုင်း ထီးတော်တင်သူ
တွေက ပိုက်ဆံတွေကြဲလို့ လုကောက်ကြတာလည်း တစ်မျိုးပျော်စရာကောင်းပါတယ်။ ကျွန်တော်ဆိုလည်း ပိုက်ဆံဝင်လုကောက်လိုက်မဟေ့ဆိုပြီးအားတင်းထားတာ
ရှေ့ကို ဘယ်လိုမှ မတိုးနိုင်တာနဲ့ဘဲ နောက်ဆုတ်လက်ပိုက်ကြည့်နေခဲ့ရတယ်။ ရွှေထီးတော်တင်ပြီးသည်နှင့်တစ်ပြိုင်တည်း မင်္ဂလာရေစက်ချအခမ်းအနားစတင်ဖို့ ဆရာတော်
မှ လှူဒါန်းခြင်း၊ ပေးကမ်းခြင်းအကြောင်းနဲ့တကွ နောင်သံသရာခရီးအတွက်ပါ ကုသိုလ်တွေဆက်စေတဲ့အကြောင်း တရားတော်များဟောကြားပြီးနောက် အသံချဲ့စက်မှ ရေစက်ချလို့
ပြီးပါပြီး။ အလှူတော်ကြီးလည်းအောင်မြင်ပါပြီဆိုတဲ့အသံလည်း ဖွင့်လိုက်ရော ဟိုတစ်စု ဒီတစ်စု ပြန့်ကြဲနေတဲ့လူအုပ်ကြီးလည်း ကိုယ့်အိမ်ကိုယ့်ယာ အလုပ်တာဝန်များထမ်းဆောင်ရန်
အလီလီထွက်ခွါသွားကြလေတော့ပါတယ်။
.