ပုံမှန်လည်ပတ်နေတဲ့ ဖုန်းဆိုင်လေး ပြောင်းလဲဖို့ အခြေအနေတွေဖြစ်လာတော့ နေရာပြောင်းရတော့မယ်။ နေရာတစ်ခုရဖို့ဆိုတာ မလွယ်လှဘူးလေ။ ကိုယ့်ဆိုင်လေး အခြေကျပြီးမှဒီလို ကံကျမ္မာအလဲအပြောင်းဖြစ်သွားတော့ ကျွန်တော်ရဲ့ ဘဝအပြောင်းအလဲတစ်ခု ဖြစ်ရတော့မှာပေါ့။ ဟိုနေရာလေး ကောင်းနိုးနိုး ဒီနေရာလေးကောင်းနိုးနိုး လိုက်ရှာနေတဲ့ တစ်ယောက်ရဲ့အခြေအနေပါ။ အိမ်ပိုင်ရှင်က အမှတ်မထင်ရောင်းလိုက်ပြီး ထွက်သွားဖို့ အချိန် (၁၅)လောက်ပဲပေးလိုက်တော့ ဆိုင်တစ်ဆိုင်အတွက် အတော်ဆိုးရွားတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။ ခုထိတော့ ရှာဖွေနေဆဲပါ။ နေရာစကားပြောတော့ နေရာရဖို့ ကြိုးစားနေရတယ်။ နေရာကောင်းက ဆိုင်ခန်းဈေးတွေကလည်း အော်လိုက်ကြတာ တစ်လလုပ်စာတောင်အဲလောက်ရမယ်မထင်။ ခုချိန်တော့ နေရာကောင်းပြီး ဈေးအဆင်ပြေပါစေပဲ ရှာရင်း ဆုတောင်းနေရတယ်။ ခုချိန်ကတော့ လုပ်အားဉာဏ်အားထက် ကံအားနဲ့ ဆိုင်နေပါပြီ။ ကံအလဲအပြောင်းဘယ်လိုလာမလဲတော့ ဖြစ်လာမှပဲ သိရတော့မယ်။ မျှော်လင့်ချက်ကတော့ အကောင်းပဲ မျှော်လင့်ကြတာပါပဲလေ။ ဒီအထဲ ဆိုးချင်လည်းဆိုးသွားနိုင်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကြုံသမျှ ကံအကြောင်း ဒဏ်ခံနိုင်ဖို့ အားမွေးထားပါတယ်။ ကံတရားလွန်းဆွဲနေချိန် ဉာဏ်နဲ့တော့ မမှားအောင် ပဲ့ကိုင်နေပေမဲ့ အရှုံးအမြတ်တွေပါ ပါဝင်နေပါတော့တယ်။ တိုးတက်ရင် 30% ဆုံးရှုံးရင် 120% မညီမျှကိန်းတစ်ခုကို ပဲ့ကိုင်နေရပါတော့တယ်။ လောကပင်လယ်ပြင်မှာ ကူးခတ်နေသူရဲ့ ညီထွားသံ။
photo by my shop
#MSU_No.024
#burmese-curation
#myanmar
#esteem-myanmar