ကျွန်တော်ဆိုင်ခန်းလေးပြောင်းရမှာဆိုတော့ ကျွန်တော်လည်း ဆိုင်ခန်းပတ်ရှာတာပေါ့ နေရာတွေကတော့အများကြီးတွေ့တယ်။ ဒါပေမဲ့ကိုယ်နဲ့အဆင်ပြေဖို့ နေရာလေးကောင်းဖို့အတွက် အသဲအသန်လိုက်ရှာရတာပေါ့။ နေ့ခင်းအချိန် စိတ်ပင်ပန်းမွန်းကျပ်နေလို့ သူငယ်ချင်း ဖုန်းဆိုင်မှာထိုင်ရင်း ဘီယာသောက်မယ်ဆိုပြီးရှေ့ကဆိုင်ကိုသွားဝယ်လိုက်တယ်။ ဖြစ်ချင်တော့ စကားစပ်မိရာက အခက်ခဲဖြစ်နေကြောင်း ပြောထွက်မိတယ်။ ဒီလိုနဲ့မိတ်ဆက်လိုက်တော့ တစ်နယ်ထဲသားတွေ။ သူ့မှာနေရာရှိတယ်တဲ့ ဒါပေမဲ့ အဲအခန်းသေချာပေါက်ရမယ်။ သူ့ကို ပြောပေးခပေးရမယ်လို့ပြောပါတယ်။ ရပါတယ် ပေးပါမယ် ပြောပြီး နေဦး မိန်းမနဲ့တိုင်ပင်လိုက်အုံးမယ်ဆိုပြီး အတိပြုပြောလာတယ်။ ခဏအကြာတော့ အခန်းလိုက်ပြပါတယ် သူနေနေတဲ့အခန်း အကျယ်ကိုရွေ့မှာ သူ့အခန်းကိုပေးတာ ပွဲစားခ တောင်းသေးတယ်။ ကျွန်တော်လည်းဘာမှမပြောပါဘူး။ အခန်းကသေချာသလောက်ရတော့။ နောက်နေ့ အခန်းပြင်ဖို့ သော့သွားတောင်းလိုက်တယ်။ ပွဲခမပေးသေးလို့မပေးသေးဘူးတဲ့ သူ့မိန်းမက အခန်းခက တစ်လမှ ဘတ်(၃၅၀၀) ကျပ်ဆို တစ်သိန်းခွဲပေါ့။ ဟုတ်ကဲ့ ဘတ်(၅၀၀)ပေးပါမယ်ပြောတာကို မရဘူးတဲ့ ဘတ်(၁၀၀၀)ပေးတဲ့ ကျွန်တော်မျက်လုံးပြူးသွားတယ်။ နီးနီးလေးပဲ ပေးပါမယ် ခုမပါလာလို့ပြောတာတောင် မပေးလို့ဆိုဆဲခံပြီး သော့ယူခဲ့ရတယ်။ ပေးမှာပါ တစ်ခါတည်းပြီးတာပေါ့လို့ပြောခဲ့တယ်။ အင်းသူ့ကိုပေးလို့တော့မဖြစ်ဘူးဆိုပြီး သူ့ယောက်ျားတွေ့မှ ဘတ်(၅၀၀)ပေးလိုက်တယ်။ ကျေနပ်ပါတယ်။ သဘောက ကိုယ်ဆိုင်နဲ့နီးနေတော့ နောက်လည်း သူ့ဆိုင်အားပေးရမှာဆိုပြီး အသိရှိပါတယ်။ သူ့မိန်းမပြောလိုက်မှ နောက်အားပေးချင်စိတ်မရှိတော့။ ပြောရရင် ကျေးဇူးကြွေးမရှိတော့ဘူးပေါ့။ ဒီလိုပုံစံမျိုးပဲ ညနေက ကောင်လေးတစ်ယောက် အခန်းလိုချင်လို့ ကျွန်တော်ဆိုင်ကိုအကူအညီလာတောင်းတယ်။ သူကဆိုင်ခန်းမဟုတ်တော့ အနီးနားက အသိလူနေခန်းကို ကျွန်တော်မိန်းမကလိုက်ပြတယ်။ အဆင်ပြေသွားတယ်။ ပိုင်ရှင်ကို လူခေါ်လာခ တောင်းကြည့်သေးလားလို့ မေးမိတယ်။ အို...တဲ့ ဘာလို့တောင်းရမှာတုန်းတဲ့။ ဖြစ်စဉ်တူပြီးဘာတွေကွာသွားသလဲ? ကိုယ်တုန်းကပေးလိုက်ပြီး သူများကြတော့ ဘာလို့တောင်းရမလဲပြောလိုက်တဲ့စကားကြောင့် ကျွန်တော် ဘာပြန်ပြောလိုက်ရမှန်းမသိဖြစ်သွားရပါတယ်။ လူတွေထဲမှာ ရိုးသားပြီးကူညီတက်သူတွေဟာ မချမ်းသာတာဆိုတဲ့ အချက်ကိုလည်းတွေးမိတယ်။ ပစ္စည်းရှိချမ်းသာသူတွေလည်း လူလူချင်းလည်ပတ်ပြီး ပြုလုပ်ကြတယ်ဆိုတာလည်း တွေးမိခဲ့ပါတယ်။
photo by: Here
#MSU_No.024
#burmese-curation
#c-squared
#esteem-myanmar
#myanmar