"Huawei Nova 3e ပန်းရောင်ကို ဈေးကွက်အတွင်း စတင်ဝယ်ယူနိုင်ပြီ "
Huawei Nova 3e ပန်းရောင်ကို ဈေးကွက်အတွင်း စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ ပထမတစ်ခေါက်တွင် တင်သွင်းခဲ့သည့် Nova 3e သည် အနက်ရောင်နှင့် အပြာရောင် နှစ်မျိုးသာပါဝင်ခဲ့ပြီး အပြာရောင်သည် ဈေးကွက်ထဲတွင် ပိုမိုအကြိုက်တွေ့ခဲ့သည့်အရောင်ဖြစ်သည်။ ယခုအရောင်အသစ်ဖြစ်သည့် ပန်းရောင်ကိုပါ ထပ်မံတင်သွင်းရခြင်းနှင့်ပတ်သက်ပြီး Huawei ၏ Marketing Director မခင်ရတနာဝင်းမှ “ သုံးစွဲသူတွေက Nova 3e ကို အရမ်းအားပေးကြတာတွေ့ရတဲ့အတွက် အရမ်းကို ဝမ်းသာရပါတယ်။ ကျွန်မတို့ရဲ့ Nova Series ၊ Y Series ဖုန်းတွေကဆိုရင် ဈေးနှုန်းအသင့်အတင့်နဲ့ High End ဖုန်းတွေမှာ ပါဝင်တဲ့ Features ၊ Specifications တွေနဲ့ အများကြီးမကွာခြားအောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီ Nova 3e မှာဆိုရင်လည်း လူငယ်တွေအကြိုက်တွေ့မယ့် Full View Display ၊ လှပတဲ့ရုပ်ထွက်နဲ့ အရောင် ၊ မနိမ့်တဲ့ Specifications တွေနဲ့အတူ ထုတ်လုပ်ထားပါတယ်။ Nova 3e ဟာဆိုရင်လည်း လူငယ်တွေ တကယ်အကြိုက်တွေ့နေတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဈေးကွက်ထဲကို ထပ်မံတင်သွင်းတာဖြစ်ပြီး မိန်းကလေးတွေ အထူးအကြိုက်တွေ့မယ့် ပန်းရောင်ကိုပါ ဒီတစ်ခေါက် ထပ်တိုးတင်သွင်းတာ ဖြစ်ပါတယ် ” ဟု ဆိုသည်။ ထို့အပြင် Huawei Nova 3e ဝယ်ယူသူများအား အထူးလက်ဆောင်အဖြစ် Wired Headphone တစ်လုံး ပြန်လည်လက်ဆောင်ပေးအပ်သွားမည်ဖြစ်သည်။ Nova 3e ပန်းရောင်၏ဈေးနှုန်းက ငွေကျပ် 339,000 ဖြစ်ကြောင်း သိရှိရသည်။
NetGuide Journal