➡ကျနော်တွေးမိတာလေး တင်ပြချင်ပါတယ်။မိတ်ဆွေတို့လည်း ကိုယ်တိုင်တွေးခေါ်ယူဆနိုင်ပါတယ်။
➡တကယ်တော့ steemitဟာ ကိုယ်ပိုင်skillရှိတဲ့သူတွေကို လေ့ကျင့်ပိုးထောင် ပေးတဲ့သဘောကိုဆောင်ပါတယ်။
➡စာရေးခြင်းဝါသနာပါတဲ့များအတွက်
အလွန်ကောင်းမွန်လှပါတယ်။စာရေးသူတို့သဘာဝအလျှောက် ကုန်ကြမ်းရှာ စာအချောရေးခြင်းဆိုတာ စာရေးဆရာဖြစ်အောင်ကြိုးစားသူတို့အတွက် အလေ့အကျင့်တခုပါပဲ။
➡နောက်တခြားသော အနုပညာဝါသနာပါတဲ့သူတွေအတွက်လည်းကောင်းမွန်အကိုးထူးလှပါတယ်။ ➡steemitမနှစ်သက်တာ copy ပါပဲ။တင်လိုက်တဲ့အကြောင်းအရာဟာ ကိုယ်တိုင်လုပ်ဆောင်တာ ကိုယ်တို်င်တွေးခေါ်ယူဆတာကို နှစ်သက်တာပါ။
ဒါ့ကြောင့်ကိုယ်ပိုင် skillမရှိသူတွေသည် ဘာအကြောင်းအရာ ဘာပို့စ်တင်ရမှန်းမသိ ရွာလည်တိုင်ပတ်ကြရပါတယ်။
➡လူငယ်တွေအတွက် ဆန်းသစ်တီထွင်မှု အလေ့ကျင့်တွေအားကောင်းလာပြီ တဖက်တလမ်းက ငွေရရှိကာ အနာဂတ်တွေ လှပနေမှာပါ။
➡ဒါ့ကြောင့် ကိုယ်ပိုင်skillရှိတဲ့လူငယ်တွေရဲ့ အနာဂတ်အတွက် steemitလို့သာပြောလိုက်ပရစေ။
ကျေးဇူးတင်ပါတယ် အမှားပါရင် ဖြည့်စွပ် ဖတ်ယူစေလိုပါတယ်။
မိတ်ဆွေများအားလုံး steemitမှာ အောင်မြင်ကြပါစေ။👍👍👍
###poto-google