အကျင့်ကောင်းလေး တွေက မွေးမြူရခက်ခဲပါတယ်
ဒါပေမယ့် ငယ်စဉ်ကတည်းက ထို အကျင့်ကောင်း တွေကို
သေချာလေး ဂရုတစိုက် မွေးမြူလာ သင့်ပါတယ် သို့မှသာလျှင်
ကြီးလာသောအခါ လူကောင်း လူမွန်များ ဖြစ်လာစရာ ရှိပါတယ်
ငယ်စဉ်ကတည်းက အကျင့်ကောင်းတွေကို တည်ဆောက်နိုင်ခြင်း
သည် အလွန်ကို ကောင်းမွန်သင့် မြတ်လှ ပါလေသည်။
အသက်အရွယ်ကြီး ရင့်လာကာမှ အကျင့်တွေ သီလတွေ သမာဓိတွေကို
ကြိုးစား ပြုပြင်နေရခြင်းသည် အလွန်ကို ခက်ခဲ ပင်ပန်းလွန်းလှပါသည်။
ငယ်စဉ်ကတည်းက အခြေခံကောင်းလေး တွေကိုစတင် နိုင်ခဲ့လျှင်
ကြီးသောအခါ ခက်ခဲတော့မည် မဟုတ်ပါ
စာရေးခြင်း စာဖတ်ခြင်း တွေကိုလည်း ငယ်စဉ်တုန်းကတည်းက
သေချာ ကောင်းမွန်စွာ အပြစ် အနာကင်းစွာ ရေးသာခဲ့ပါလျှင်
အကောင်း ဆုံးဖြစ်ပါသည်။ ကြီးမှ ပြင်မရသော လက်ရေးလက်သား
များသည် လက်တွေ့ပင်ဖြစ်သည်။ ငယ်စဉ်အခါ စည်းကမ်းရှိမှ
ကြီးသောအခါလည်း စည်းကမ်းရှိမည်သာ ဖြစ်ပါလေသည်။
photo : google image