စိတ်ဖိစီးမှု(stress)
ဒီလိုနည်းပညာတွေ တိုးတက်များပြားလာတဲ့ခေတ်ကာလမှာ တစ်နေ့
ပြီးတစ်နေ့ အလုပ်တွေကို သူ့ထက်ငါ များစွာ လုပ်ကိုင်လာကြရတယ်
သူ့ထက်ပိုတော်အောင် လေ့လာကြရတယ် ခေတ်ကာလနောက်ကို
ဒရောသောပါး ပြေးလို့လိုက်ကြရတယ် ပြိုင်ဆိုင်မှုတွေက ပြင်းထန်
လာကြတော့တယ် ဒီတော့ တစ်နေ့တစ်နေ့ စိတ်ချမ်းသာ ကိုယ်ချမ်း
သာနေနိုင်မှုတွေလည်း လျှော့ပါး လာရတော့တယ်။ သင်ယူရမှုတွေ
လေ့လာရမှုတွေကလည်း များသည်ထက်များလို့လာနေတာက
နေ့စဉ်ဖြစ်နေတော့တယ်
တာဝန်ယူရမှုတွေ တာဝန်ခံရမှုတွေနဲ့ြ ပစ်တင်ဝေဖန်ခြင်းတွေကလည်း နေရာအနှံ့က ရောက်လို့လာပြန်
ရော ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်လို့ စိတ်ဖိစီးမှုလွန်ကဲတာတွေများ သည်ထက်များလို့လာပါတယ်
စိတ်ဖိစီးမှု ဝေဒနာသည် တွေဒီခေတ်မှအလွန်များပြားလွန်းလှတယ်
စိတ်ဖိစီးမှုဆိုတာ အခုမှ ပေါ်လာတဲ့ရောဂါတော့မ ဟုတ်သေးပါ
ကဘာဦးကာလတည်းက လူသားတို့သည် စိတ်ဖိစီးမှုကိုခံစားကြ
ရပါလေသည်။ ရှိပါသည်။ ကဘာဦးတုနးကနည်းပညာတွေမရှီ
ပေမယ့် ပြိုင်ဆိုင်မှုတွေကတော့ ရှိနေခဲ့တာပါဘဲ။ ခုခေတ်လို ယဉ်
တွေရထားတွေ ကားတွေ လေယဉ်တွေနဲ့ စိတ်ညစ်စရာသူတို့မှာ
မရှိသော်လည်း။ သူတို့ခေတ်တုန်းက မီးတောင်တွေပေါက်ကွဲတာ
တောကောင်ကြီးတွေရဲ့ တိုက်ခိုက်ခံရတာ အုပ်စုတစ်ခုနဲ့တစ်ခု
အားပြိုင်ကြတာ အမဲလိုက်ကြတာ ရာသီဥတုဒဏ် ရောဂါသေဒနာ
ဒဏ် မသိခြင်းများစွာနဲ့ နေ့ရက်တွေကို ဖြတ်သန်းကြရတာ
သူတို့လည်း စိတ်ဖိစီးမှုအတော်ကို ရှိနေခဲ့မှာ မလွဲပါဘူး
နောက်တစ်ခုက ရောဂါဝေဒနာ တွေခပ်များများဟာဆိုရင် ဘယ်က
အစပြုသလဲ လေ့လာကြတဲ့အခါ စိတ်ဖိစီးမှု ကနေစတယ်လို့ လေ့
လာမှုတွေ ကဖော်ပြကြ ပါတယ်။ စိတ်ဖီစီးမှုကို စောစီးစွာ မတား
ဆီးနိုင်ဘူးဆိုရင် မကြာခင်ဘဲ စိတ်ကျရောဂါ ၀င်ရောက်လာပြီး
တခြားသော ရောဂါတွေဟာ တစ်ခုပြီး တစ်ခုရောက်လို့လာတယ်
လိုဖြစ် လာတယ်လို့ ဆိုကြပါတယ်။ စိတ်ဖီစီး မှု များလွန်း ခဲ့ရင်တော့ ကျန်းမာရေးကို များစွာ ထိခိုက် နိုင်ပါတယ် လူမှုဘဝ
လူနေမှု ဘ၀ကို လည်း တိုက်ရိုက် ထိခိုက်နိုင်ပါတယ် ဆိုတာလေး
ကို လေ့လာသိရှိရပါလေသည်။ စိတ်ဖီစီးမှုမဖြစ်အောင် လောဘ
ဒေါသ မောဟတွေ လျှော့ချပြီး ကောင်းမွန်စွာ အသင့်အတင့် နှလုံး
သွင်းနိုင် ကြမယ်ဆိုရင်တော့ အကောင်းဆုံး နေထိုင်မှုဖြစ်ပါတယ်
photo : google image