ဗိုက်ပြည့်လို့ အစာဝနေသူက....
ဗိုက်ဆာလို့ အစာစားချင်သူကို....
ဒီအစာက ကျန်းမာရေးနဲ့မညီညွတ်လို့ မစားနဲ့တားတာကို စေတနာဟု ခေါ်ပါသလား....။
ပြည့်စုံကြွယ်ဝလို့ အလှူလုပ်နေသူက
မရှိဆင်းရဲသားများကို ငါ့လိုလှူမှ ငါ့လိုချမ်းသာမယ်
လို့ တရားပြတာဟာ မျှတတဲ့လမ်းညွန်မှု ဖြစ်ပါရဲ့လား...။
စိန်ရွှေတွေညွှတ်နေအောင် ဝတ်ထားတဲ့သူက
ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်ရတာ ပူလောင်လွန်းလှ
ပါတယ်...လို့ အင်္ကျီနှစ်ထည် လဲလှယ်ဝတ်နေသူ ရှေ့မှာညည်းညူပြနေတာ တကယ်ပဲတရားရနေလို့ပြောတာလား....။
ဂုဏ်ထူး ၅ ဘာသာနဲ့စာမေးပွဲအောင်သူက စာမေးပွဲ ကျသူရှေ့မှာ ဘာသာစုံဂုဏ်ထူးမထွက်လို့. ငိုပြတာဟာ သင့်လျော်ပါရဲ့လား။
လိုချင်လို့လိုက်ရှာနေသူရှေ့မှာ မတောင်းဘဲရနေသူက ဒါတွေရလို့ စိတ်ညစ်ပါတယ်လို့ ဝမ်းနည်းပြတာ
စိတ်ရင်းအမှန်လား...။
ဆင်းရဲလျှင်သာ သနားတတ်သည်။
အဆင်ပြေလာလျှင်မုဒိတာမပွားနိုင်ကြ။
3 idiots ဇာတ်ကားထဲကလိုပေါ့။
သူငယ်ချင်းကျရှုံးလျှင် ဝမ်းနည်းရသည်။
ထိုသူငယ်ချင်းက အောင်မြင်မှုထိပ်ဆုံး ရောက်နေ
လျှင် ပိုဝမ်းနည်းရသည်။
အတွေးတချို့ရဲ့ ခံစားမိတာလေးတွေကို စကားလုံးအဖြစ်ပြောင်းလဲကြည့်တာပါ။ လောကကြီးထဲက
တချို့ကစ္စတွေက တခါတလေ သေချာလုပ်ပြနေသလားလို့ ထင်မိအောင် ခွကျကျနိုင်လွန်းလို့....။
Author@nweoomon
Photo@nweoomon
26.5.2018