ဘဝမှာအောင်မြင်ချင်ရင်ခြေလမ်းတွေဘယ်တော့မှ မယိမ်းယိုင်ပါစေနဲ့နှေကွေးတုန်ဆိုင်း မနေပါနဲ့။ထိုသို့ဖြစ်မှူ့ကြောင့် လိုရာခရီးမရောက်ကာ အချိန်ကိုနောက်နှေးစေပါတယ်။လောကဓံကိုကြံ့ကြံ့ခံပါ။မှန်ကန်သောခြေလမ်းများဖြင်လျှောက်လမ်းပါ။
ဘဝအောင်မြင်ခြင်ရင် အလွယ်ဖြတ်လမ်းက မလိုက်ပါနဲ့။ထိုသို့လုပ်ခြင်းဟာ အန္တာရာယ်များရုံမက သင့်ဘဝအနာဂတ်အတွက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေလိမ့်မည်။
တစ်စုံတစ်ခုပြသနာဖြစ်ပေါ်ပါကရှောင်လွဲမနေပါနဲ့ ။ရင်ဆိုင်ဖြေရှင်းကျော်လွားပါ။ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာလည်း သင်အမြဲတွေးရမယ်။နှစ်ဦးနှစ်ဖက်ပြေလည်သောဖြေရှင်းမှူမျိုးဖြစ်ပါစေ။
ဆိုးကျိုးကောင်းကျိုးဆိုတာအမြဲဒွန်တွဲလျက်ရှိတယ်။ထို့ကြောင့်သင်အမြဲဆိုးကျိုးများသာခံစားနေရမည်မဟုတ်ကောင်းကျိုးများလည်း သင့်ဆီကို တစ်ဖန်ပြန်ရောက်လာမည်မှာ အမှန်ပင်ဟုတွေးထားပါ။
ဘဝအောင်မြင်မှူရခြင်ရင် သင်ရရှိသောအကျိုးအမြတ်များကို ရင်းနှီးမြုပ်နှံစုဆောင်းပါ။ရင်းနှီးမြုပ်နှံမှသာ အဆများစွာတိုးပွားလာမည်ဖြစ်တယ်။သိုသော်သေချာသောအတွေ့အကြုံရှိသောလုပ်ငန်းများတွင်သာ စတင်ရင်းနှီးမြုပ်နှံသင့်တယ်။
အကောင်းမြင်စိတ်ထားရှိပါ။အောင်မြင်သူများ၏ အဆိုအမိန့်ကိုနားထောင်ပါ။သူတို့ပြောသမျှကိုသေချာလေ့လာမှတ်သားပါ။ပြန်လည်လက်တွေ့အသုံးချပါ။(nyein chan)