credit-facebook
သီချင်းအသစ်ထွက်တော့မည်ဖြစ်ကြောင်းကြေညာလိုက်တဲ့ G Fatt။အဆိုတော် GFatt တစ်ယောက်ကတော့ သူ၏ဒုတိမြောက် အခွေထွက်ရှိတော့မှာဖြစ်ကြောင်းကြေညာလိုက်ပါပြီး။ဒုတိယခွေကို (2.3.2018) ၊တောင်သူလယ်သမားနေ့တွင် ထွက်ရှိမှာဖြစ်ပြီး ညနေ 3:00 မှ7:00 အထိအမှတ်တရလက်မှတ်ရေးထိုး သီဆိုဖျော်ဖြေသွားမှာလည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ခန့်ကနေ စာသားသီချင်းအလန်းလေးတွေနဲ့ လူသိများလာတာဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့နာမည်ကြီးလာတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။သီချင်းစာသား အလန်းလေးရေးတဲ့ အဆိုတော် GFatt ဟာလူငယ်ပရိပ်သတ်များစွာကို သူရဲ့စာသားအလန်းလေးတွေနဲ့ ဖမ်းစားထားပြီး လူငယ်တိုင်းရဲ့ အသဲစွဲလည်းဖြစ်နေပါတယ်။သူဟာ သူ့ပရိပ်သတ်တွေနဲ့ အမြဲလိုလို online ထိတွေ့မှု ရှိပြီး လွန်ခဲ့တဲ့လကလည်း ပရိပ်သတ်တွေရဲ့ ကျီစယ်နောက်ပြောင်ခြင်းကိုလဲ ခံခဲ့ရပါသေးတယ်။သူကတော့ စိတ်မဆိုးတဲ့အပြင် ဒါဟာပရိသတ်နဲ့ပိုပြီးရင်းနှီးသွားပြီးပျော်စရာလည်းကောင်ကြောင်းရယ်မောစွာဖြင်ပြောပြခဲ့လေတယ်။
လူငယ်အကြိုက် အဆိုတော်GFatt ဟာ2017 မှာ" တစ်ယောက်ထဲကိုပဲ ၊သတ်ချင်တယ်" သီချင်းကို online ကနေလွင့်တင်ခဲ့ပြီး၊ တစ်ခနအတွင်း ကြည့်ရှုသူများလာပြီး 2017 ရဲ့အောင်မြင်တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ထိုသီချင်းဟာ လူငယ်ပရိတ်သတ်အားပေးမှု အများဆုံးရရှိခဲ့ပြီး "Shwe FM " ရဲ့တစ်နှစ်သာလူကြိုက်အများဆုံးသီချင်း ဆုတွင်လည်း ဆုရရှိခဲ့ပါတယ်။ ကျနော်ကတော့ GFatt ရဲ့ Fan တစ်ယောက်ဖြစ်တာကြောင့် ခုထွက်လာမဲ့ ဒုတိယအခွေကိုစောင်မျှော်နပါတယ်။ကဲ မိတ်ဆွေတို့ကော အဆိုတော် GFatt သီချင်းကိုကြိုက်ကြလားဗျ။(ရေးမိရေးရာ😝😝) credit-facebook