လူတိုင်းဟာ ကြိုးစားမှု နဲ့ စိတ်ဆန္ဒပြင်းပြဖို့က အဓိကပါ။ မဖြစ်နိုင်တာကိုပြောတာလဲလူတွေပဲ မဖြစ်ဒါကို ဖြစ်မြောက်အောင်လုပ်နိုင်တာလဲတွေပါပဲ။ စိတ်ဓါတ်လေးတွေပဲ ကွာသွားကြတာပါ။တကယ်တော့ကို့အသက်အရွယ် မကြီးရင့်ခင် ကိုယ်ဖြစ်ခြင်တဲ့ ဆန္ဒတစ်ခုကိုဖြစ်မြောက်အောင်လုပ်နိုင်ဖို့ကအဓိကပါ။ မင်းဘာဖြစ်ချင်တာလဲ ၊မင်းမှာဘယ်လိုဆန္ဒရှိလဲ၊ မင်းမှာလုပ်ခြင်တဲ့ဆန္ဒရော ပြင်းပြရဲ့လား၊မင်းမှာထောက်ပံ့လမ်းညွန်ပေးမဲ့ လူတွေကောရှိလား၊ ကိုယ့်ကိုယ့်ပြန်ဆန်းစစ်ကြည့်ပါ၊ကိုယ်လျှောက်မဲ့ လမ်းဟာ ကိုယ်ဖြစ်ခြင်တဲ့ စိတ်ဆန္ဒနဲ့ တစ်ထပ်တည်းကြပါစေ။ ကျနော်တော့ အသက်၆၅နှစ်မတိုင်ခင် (travel around the world)ကမ္ဘာပတ်ဖူးချင်တယ်။ ဒါဟာကျနော့် စိတ်ကူးလေးပါ။ဖြစ်ချင်မှဖြစ်လာမှာပါ။ဘာဖြစ်လို့ ကမ္ဘာ ပတ်ဖူးခြင်တာလဲလို့မေးရင် အဖြေကတော့ရှင်းရှင်းလေးပါ။ သူများနိုင်ငံရဲ့ အလှအပနဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို မှတ်တမ်းတင်ပြီး steemit ဆိုတဲ့ ဆိုရှယ်နက်ဝေါ့ မှာပြန်တင်ခြင်လို့ပါ။ဒါဟာ steemit scam မဖြစ်ခဲ့ရင်ပေါ့။
တကယ်တော့ကိုနိုင်ငံမှာလည်း သဘာဝအလှတရားတွေဟာ အများအပြားရှိပါတယ်။ ကိုယ့်နိုင်ငံရဲ့ အလှအပတရားနဲ့ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာဓလေ့ထုံးတန်းတွေဟာ ပြည်ပြနိုင်ငံတွေအတွက်တော့ မျက်ရှိကျစရာဖြစ်နေပါတယ်။ တစ်ခါက ကျနော့်ကို ဘန်ကောက်မှာအလုပ်သွားလုပ်ပြီး ပြန်လာတဲ့ လူတစ်ယောက်ကပြောဖူးတယ်၊ သူ့သူဋ္ဌေးကပြောတယ် မြန်မာနိုင်ငံမှာရှိ ၊ရွှေတိဂံစေတီတော်မြတ်ကို တစ်ခေါက်လောက်သွားဖူးခြင်တယ်လို့ သူ့သူဋ္ဌေးကပြောဖူးတယ်။သူဋ္ဌေးက သွားခြင်ပေမဲ့ မြန်မာနိုင်ငံပြည်တွင်ရေး ပြဿ နာတွေကြောင့် သူဋ္ဌေးက မသွားရဲပဲစိုးရိမ်နေတာတဲ့။သူပြောပုံကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်ကိုကမ္ဘာလှည့်ခရီးသည်တွေဘယ်လောက်လာခြင်ကြသလဲဆိုတာ သိနိုင်ပါတယ်။ထိုကြောင့်ပြည်တွင်းငြိမ်းချမ်းရေး မြန်မြန်ရပါစေလို့ စုတောင်းနေမိသည်။
အပေါ်ကဟာကို ပြန်ဆက်ရမယ်ဆိုရင် အသက်အရွယ်မကြီးခင် ကျနော်ကတော့ ခရီးသွားခြင်းကိုဝါသနာပါသူမို့ ခရီးထွက်ခြင်ပါတယ်လို့ပြောပါရစေ။မိမိနိုင်ငံရဲ့ လှပတဲ့နေရာဖြစ်ဖြစ် ၊တစ်ပါးနိုင်ငံရဲ့ လှပတဲ့နေရာဖြစ်ဖြစ် သွားလည်ဖို့ စိတ်ကူးအမြဲ ရှိသူပါ။...ဆက်ရန်......