ငယ်ငယ်ကကျောင်းသားဘဝအမှတ်တရတွေဟာ လူတိုင်းလိုလိုမှာ အမြဲရှိခဲ့ဖူးမှာပါ။ငယ်ဘဝကျောင်းသားအမှတ်တရတွေဟာ ပြန်စဉ်းစားမိတိုင်း ပြန်တွေးမိတိုင်းပျော်မဆုံး အပူအပင်ကင်းမဲ့စွာနဲ့ သူငယ်ချင်းတွေနဲ့ကျောင်းတတ်ခဲ့တာ၊စာတူတူကျက်ခဲ့တာ၊မုန့်တူစားစားခဲ့တာ၊တစ်ယောက့်တစ်ယောက်နောက်ပြောင်ဒါတွေဟာပြ့န်စဉ်းစားကြည်တိုင့်း ကြည်နူးစရာကောင်းလှပါတယ်။
ဒါတွေပဲလားဆိုရင်တော့ မကသေးပါဘူး။ယောကျာ်းလေး သူငယ်ချင်းသုံးလေးယောက်ပေါင်းမိပြီးကျောင်းမှတွေ့ရင်အတန်းလစ်ပြီး game ဆိုင်သွားကြပြီ။ပြီးရင် တစ်ယောက်တစ်ဝက်ပါလာတဲ့ငွေလေးကိုထုပ်၊game ဆိုင်ရှင်ကိုပေးကာ game သွားခိုးနှိပ်တဲ့အရသာကလည်းကောင်းတာကိုး😝😝။နေ့လည်ရောက်ရင် gameဆိုင်ကနေ ခိုးကြောင်ခိုးဝက်နဲ့ပြန်လာ ပြီးအိမ်မှာထမင်းစား ၊အချင်းချင်းသွာခေါ်ပြီကျောင်းတတ်ပြန်တတ်ကြ၊ အတန်းထဲ ဆရာမဝင်လို့ နုတ်ဆက်ပြီးရင် ဆရာမက "မင်းတို့မနက်ဘယ်သွားလဲ"လို့မေးရင်ပြိုင်တူအသံနက် မနက်ကအိမ်မှာဘယ်သူမှမရှိလို့အိပ်ရှောက်ပေးရတာဒို့၊မနက်ကကိုယ်ပူသွားလို့ဆေးခန်းသွားပြရတာဒို့ဘာဒို့ပေါ့။
ပြီးရင်မနက်ကစာကိုအခန်းဖော်မိန်းကလေးတွေစီကပြန်ကူး၊ ကူးတာတောင်သူများစီကကောင်းကောင်းမကူဘူး။"ဂျပုမ နင့်လက်ရေးကလည်း အဲ့လောက်တောင် လှနေရလား" ဆိုပြီးသူများကို လည်းပြော ဟိုကလည်း စိတ်တိုပြီး မပေးချင်ပေးချင်နဲ့ စာအုပ်ပြန်ယူ"စတာပါ လို့ပြန်ပြောရတာပေါ့"အဲ့လို့ တစ်ယောက်တစ်ရောက်စကြ၊ကျူ ရှင်ချိန်ဆိုရင်လည်း စာကိုစိတ်ဝင်စားတာက နည်းနည်း၊ အရှေ့သူငယ်ချင်းမိနိးကလေးတွေကို စားထားတဲ့ ဆီးတီးခြောက်အစိလေးတွေနဲ့လိုက်ပြီပေါက် ပြန်လှည့်ကြည့်ရင် ရုပ်တည်ရီးနဲ့ ကိုယ်မဟုတ်သလိုပေါ့။သူများတွေစာကျက်နေချိန်ဆို သူစီသွားပြီး စာမေးမလိုလို နဲ့စာအုပ်လိုက်ပိတ်တာကလည်းပျော်စရာ အမှတ်စရာလေးတွေပါပဲ။တစ်ခါတစ်လေ ဆရာမကအိမ်စာပေးရင် ပြန်မလုပ်ဘူး၊ အတန်းထဲရောက်မှ ဆရာမရဲ့ ကြိမ်လုံးကိုကြောက်တဲ့စိတ်နဲ့ သူငယ်ချင်းတွေစီက ကမန်းကတန်းကူး မှားရင်တစ်တန်းလုံးအရိုက်ခံထိ တစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်လက်ထိုင်ပွတ်နေရတာလည်း တကယ့်အမှတ်ရတဲ့ဟာတွေပါပဲ။ဒီလိုနဲကျောင်းသားဘဝပျော်စရာကောင်းခဲ့ တာတွေ၊အမှတ်ရခဲ့တာတွေကို၊ခုလိုစိတ်ရှုပ်နေတဲ့အခါ၊တာဝန်ကိုယ်စီနဲ့ အလုပ်ခွင်ဝင်ကြရတဲ့အခါ၊အဆင်ပြေတွေရှိတဲ့အခါတိုင်းကျောင်းနေဘဝကိုပြန်တွေးမိရင် ကြည်နူးမိတာတော့အမှန်ပဲ။