မဂ်လာပါ။
ကျွန်တော်များ ဟိုက်ပလက်ဖောင်းကြီးသည် ပုံမှန်ပင် အေးဆေးတည်ငြိမ်စွာဖြင့် သူ့အလုပ်သူ လုပ်နေချေသည်။ Hiveတိုကင် ဈေးသည်လည်း ယနေ့ 1.5$အနီးတဝိုက်တွင် ထိန်းထားနိုင်နေသည်ကို တွေ့ရသည်။ တက်လိုက်၊ ကျလိုက်သည် ဈေးကွက်သဘောတရားပင် ဖြစ်သည်ကို သိရှိထားသော်လည်း အတက်ကိုသာ မြင်လိုလှပါသည်။

ယခုတစ်လော ဟာသတိုကင် လေးများကြောင့် ကျွန်တော်၏ Hive-engine Wallet ကလေးသည် ငွေစကြေးစလေးများ စတင်မြင်လာရပြီဖြစ်သည်။ LOLZ နှင့် PIZZA ကွန်မန့်များ ချီးမြှင့်ကြပါသော မိတ်ဆွေများအား အထူးကျေးဇူး တင်နေမိပါသည်။ လူကိုမချစ်ရင်နေပါ အသဲလေးများလဲ ပေးသနားကြပါအုန်းလို့ လမ်းကြုံ၍ ဈေးဗန်းခင်းလိုက်ပါအုန်းမည်။

ဈေးဗန်းခင်းကြသည်ဆိုလို့ ယနေ့နံနက်ပိုင်း တောမှမြို့သို့ လာရောက်၍ ဈေးရောင်းကြကုန်သော တောဈေးသည် လေးများအား စကစမှ လမ်းတွင်တားဆီး ပါသည်။ "ဈေးရောင်းသွားလျှင် ရိုက်သတ်မည် အခုလှည့်ပြန်ကြ"ဟု ခွေးစကားပြောကာ ရိုင်းစိုင်းနေကြ ပါသည်။ အချို့သော ဈေးသည်ကလေးများမှာ ပါးရိုက်ခံရခြင်း၊ နရင်းအုပ်ခံရခြင်းများ ရှိကြသည်ဟုလည်း သိရသည်။ သို့နှင့် ရောက်ရာအရပ်မှ လှည့်ပြန်ကြရသည်မှာ ရင်နာစရာကောင်းလှပေသည်။
နေရာတိုင်း၌ မဟုတ်သော်လည်း နေရာတော်တော်များများတွင် ထိုသို့သော မျိုးတူ အကြောင်းအရာများ ဖြစ်ပျက်နေကြောင်းလည်း သိရသည်။ အရင်နေ့က မင်းတို့ အကုန် ဘာလို့ပိတ်တာလဲ ဒီနေ့လဲ မထွက်ကြနဲ့ဆိုကာ လိုက်၍ ပိတ်ပင်တားဆီး အနိုင်ကျင့်နေကြတော့သည်။ ကလေးချင်းရန်ဖြစ်လျှင်သော်မှ ဤလောက်ရီစရာမကောင်း ယခုတော့ ကြည့်စမ်းပါအုန်း အကြောက်တရားနှင့် ပြည်သူကို အုပ်ချုပ်ချင်နေသေးသည်။ မနေ့ကမထွက်လို့ ဒီနေ့လဲမထွက်နဲ့တဲ့ ကလေးကလားဆန်လွန်းသော ခွေးဘရိန်းများပါပေ။
အင်တာနက် dataဈေးများ ၂ဆမက တက်သွား၍ ကြိတ်မှိတ်ခံပြင်းနေကြသော လူထုအား ထပ်မံ၍ ဖိအားပေးနေကြသည်။ ဆွပေး၍ အုံကြွလာလျှင် တဖန်ပစ်သတ်ကြအုန်းမည်။ ဒီလိုရာဇဝတ်ကောင်များနှင့် ပွဲမြန်မြန်ပြတ်မှ ကျွန်တော်တို့တိုင်းပြည် ပြန်လည်ထူထောင်ရေးများ လုပ်ကြရမည်။ ယခုလောလောဆယ်မှာတော့ ပီဒက်ဖ်လေးများအား များများထောက်ပံ့ပေးကြပါကုန်။
နိုင်ငံတကာကတော့ ကန့်ကွက်တယ်၊ ရှုံတ်ချတယ်၊ အမြန်တားဆီးမည်၊ တံခါးပိတ်လိုက်အုန်းမယ်၊ တဖန် တံခါးဖွင့်လိုက်အုန်းမယ်နဲ့ သူတို့ဟာသူတို့ လုံးချာလည်နေသည်။ တကယ်လက်တွေ့မှာကား ဘာတစ်ခုမှဖြစ်မလာ။ ဒါကိုသိလို့ လူငယ်တွေ ပညာတတ်လေးတွေ အကုန် လက်နတ်လမ်းစဉ်ကိုရွေးချယ်ကြသည်။ မရွေးလို့လဲမဖြစ်တော့ချေ။ ခွေးငပုက အချိုမကြိုက် ခပ်ကြမ်းကြမ်း ရော့အင်ရိုးလ် စတိုင်ကို ကြိုက်သည်ထင့်။
လူတွေကတော့ အံကြိတ်ကာ တင်းခံနေကြသည် သိုသော် မမကျွဲကတော့ သည်းမခံနိုင် အမြင်ကတ်သည်ထင့် ထပီးခွေ့သတ်လိုက်သည်။ ကမ္ဘာ့ပထမဆုံး ခွေးကိုကျွဲခတ်သတ်သည့် သတင်းဖြစ်ချေတော့သည်။

( Image Credit: နဂါးမင်း Artist )
အင်းရေးလို့သာ ရေးနေသည့်အကြောင်းအရာတို့မှာ ဟိုက်ပလက်ဖောင်းမှသည် ခွေးငပုအကြောင်းကို ဘယ်လိုရောက်သွားသည်မသိတော့ပေ သည်းခံကြပါကုန်။ ဘာပဲလုပ်နေလုပ်နေ ကျွန်တော်၏ စိတ်အစဉ်တို့သည် ခွေးမျိုးပြုတ်ရေးသာ တွေးတောနေမိတော့သည်။
မနေ့ညက အိမ်မက်မက်သည် ခွေးတစ်သိုက်အား တုတ်နှင့်ရိုက်နေရသည်ဟူ၍ဖြစ်တော့သည်။ အော် အချိန်ကိုကြည့်တော့ ညနေစောင်းတော့မည်၊ မကြာမီအချိန်အတွင်း လျှပ်စစ်မီးကပျက်တော့မည်။ တွေးမိတွေးရာ အတွေးများခဏရပ်ထားပီး Hiveတွင် ပိုစ်တစ်ပုဒ်တင်ရန် စာရေးအုန်းမှဖြစ်တော့မည်။

မြန်မာပြည်သူများ ဘေးရန်ကင်း၍ ကျန်းမာရွှင်လန်းကြပါစေ။
