အားလုံးပဲ.မင်္ဂလာပါ ခင်ဗျာ။
Game လေးတစ်ခုအကြောင်းကို အနည်းအကျည်း ဆွေးနွေးရေးသားပါရစေ။
Game ဆော့ရတာကို နှစ်သက်သူတစ်ယောက်တော့မဟုတ်ပါဘူး။
ယနေ့ခေတ် ကလေး၊သူငယ်အရွယ်ပေါင်းစုံ နှစ်သက် ဆော့ကစားနေတာတွေ့ရတော့....စာရေးသူလဲ.ဆော့ကစားကြည့်ချင်စိတ်ဖြစ်လာပါတယ်။ ထို့နှင့်တစ်ပြိုင်တည်း...ဘေးနားရှိ သူငယ်ချင်းတစ်ယောက်က ထိုဂိမ်းကို ဆော့နေတာတွေ့လေရဲ့။အဲ့သည်နောက် သူငယ်ချင်းဆီမှ ထိုဂိမ်းကို ကူးယူကာ လေ့လာကြည့်မိလေရဲ့။
Online ဖွင့်၍ ဆော့ရသော ဂိမ်းဖြစ်လေ၏။ ဒါ့အပြင် ကစားကွက်ပေါင်းစုံ၊လက်နက်ပေါင်းစုံ မြင်ကွင်းတစ်ချို့နဲ့ လူတွေကို ဖမ်းစားနေတယ်ဆိုတာကို စ ပြီး သတိထားမိစ ပြုလာပြီလေ။
ဂိမ်းကတော့ စ စ ဆော့ချင်းတော့ နားလည်မည်မဟုတ်။သို့ပေမယိ့ အချိန်ကာလတစ်ခုတိုင် ဆော့ကစားလာလျှင်တော့ သေချာပေါက် ထိုဂိမ်းကို နားလည်သဘောပေါက်လိမ့်ပါမယ်။
ထိုဂိမ်းလိုပဲ အရင်က popular ဖြစ်တဲ့ ဂိမ်းလဲ ရှိခဲ့ဖူးပါတယ်။ စာရေးသူလဲ ထိုဂိမ်းကို ဆော့ခဲ့ဖူးပါတယ်။ COC(Clash of Clan)ဖြစ်ပါတယ်။
စစ်တိုက်ဂိမ်းတစ်ခုပါပဲ။စခန်း ၊လက်နက်၊လူအင်အား အစသဖြင့်စုံလင်စွာနဲ့ လူတွေကို ရူးရူးမိုက်မိုက်ဖြစ်အောင် လှုပ်ကိုင်ခဲ့ပါတယ်။
ယခု ဂိမ်းနေမည်ကတော့ Mobile Legends Game ပဲ ဖြစ်ပါတယ်။ဆော့ကြည့်ခြင်းအားဖြင့်သော စိတ်ကို ရူးသွပ်စေပါတယ်။ သို့ပေမယ့် အချိန်တစ်ခုကို အလွယ်တစ်ကူနုတ်ယူသွားနေသလိုပဲ။
သေချာစဉ်းစားကြည့်တော့ ကိုယ့်အတွက်ကောင်းရာကို ရှာမရသေးပါဘူး။အခုမှ ဆော့လို့လားတော့မသိ။ဒီလိုနဲ့ပဲ ဂိမ်းသမားတွေ အချိန်တွေဖြုန်းပစ်တော့မှာလားလို့ တွေးရင်း ရင်လေးမိပါတယ်။
အားလုံးကျေးဇူးတင်ပါတယ်။