ကဗျာချစ်သူတစ်ယောက်အနေဖြင့် တခါတလေ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်လျက် ရှိတဲ့ အကြောင်းအရာ တချို့သည် ကဗျာတစ်ပုဒ်အဖြစ် ပြောင်းလဲသွားလေ့ ရှိပါတယ်။
ကဗျာတစ်ပုဒ်ဟာ မိမိရဲ့ ခံစားချက်တချို့ ဖြစ်တတ်သလို တခါတလေ တစ်ပါသူရဲ့ ခံစားချက်ကို အငှားခံစားလို့လည်း ဖွဲ့သီမိတာလည်း ရှိခဲ့ပါတယ်။ ရေးခဲ့တဲ့ ကဗျာတော်တော်များများကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားနေရ မြင်နေရသည့် အရာများကို အများဆုံးဖွဲ့သီ ဖြစ်ခဲ့တာများပါတယ်။
တခါတလေ ရာသီဥတု အပြောင်းလဲလေးကို စိတ်ထဲမှာ ဖွဲ့သီမိခဲ့လျှင် သိုဝှက်မထားပဲ စကားလုံးတွေ ကို အရိုးရှင်းဆုံးလေးနဲ့ ဖန်တီးခဲ့ပါတယ်။ တတ်စွမ်းသလောက်လေး ဖျစ်ညစ်ပြီး ဖန်တီးခဲ့တဲ့ ကဗျာလေးတွေကကျွန်မအတွက်တော့ တန်ဖိုးရှိလှပါတယ်။ ပရော်ဖက်ရှင်နယ် ကျကျတော့ မရေးတတ်သေးတဲ့ ကျွန်မရဲ့ ကဗျာစွမ်းရည်လေးကို လာရောက်အားပေးကြတဲ့ Myanmar Steemit အဖွဲ့ဝင်များကိုလည်း အထူးကျေးဇူးတင်မိပါတယ် ရှင့်. . .
Myanmar steemitအဖွဲ့ဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း ပါစေလို့ တောင်းဆုပြုလိုက်ပါတယ် ရှင့်. . .
Author- pannthiri
photo - me
Myanmar Steemit