နံရံကပ် သံချေးတက်နေတဲ့ ငါဦးနှောက်
သံမှိုတွေ အထပ်ထပ် စွဲနေတဲ့
ဖာတစ်ရာ နှလုံးလေးခန်း
အက်ကွဲနေတဲ့ အသည်းနှစ်ခြမ်း
အကောင်းတိုင်း မကျန်တော့တဲ့
ခန္ဓာအစိတ်အပိုင်း
စွန့်လွှတ်ချင်နေတဲ့ စိတ်. . .
မာယာတွေနဲ့ တန်ဆာဆင်ထားတဲ့
ဒီလူ့လောက
အမှန်တရားတွေ ပျောက်ဆုံးနေတဲ့
ဒီကမ္ဘာကြီး
နင်းချခံနေရတဲ့ ဒီမြေကြီး
အတ္တတွေကို ခြုံပဝါ လုပ်ထားတဲ့
လူတချို့ကြောင့်
နိမ့်ပါးတဲ့ လူတချို့
လှံနဲ့အစိုက်ခံနေရရှာလေရဲ့
အမှန်တရားကို ဆေးရောင်တွေဆိုး
အချိုတွေကို အခါးရည်တွေလောင်း
ဝမ်းနည်းနေတဲ့ အသံတွေကို
ပေါက်ကွဲသံစဉ်တွေနဲ့ဖုံးလွှမ်း
အမုန်းတရားတွေ ထည့်သိုထားတဲ့
ဒီစတိုခန်း
ခါးသီးမှုနဲ့ ဒီလမ်း
မဆုံးနိုင်တဲ့ ဒီမိုးည. . .
ရှည်လွန်လှပေတာ. .
Author - pannthiri
Myanmar steemit