ပင့်သက်ရှိုက်ငို
ပုလဲခိုလို့
ကျလုဆဲမှာ
ပုတ်ခတ်မျက်တောင်
သိမ်းဆည်းလို့
ကျမျက်ရည်
တွဲလွှဲခိုလို့သာ. . .
အလွမ်းတွေ သိမ်း
ဖွင့်မပြတော့တဲ့
ချစ်ခြင်းမေတ္တာ
သူ့နေရာနဲ့သူ
အသားကျနေပစေတော့. . .
ထိရှခါးသက်
အစိမ်းလိုက်ခွဲတဲ့
အပေါစားဓါးနဲ့
ငါ့ရင်ကို နှစ်ခြမ်းကွဲလေစေရဲ. . .
ကြွေပျက်သွားတဲ့
စိတ်ကူးအိမ်မက်
စိတ်ကူးထဲသာ
နေပစေတော့
ပုံဖော်ခွင့်တော့
မရှိပြီပေါ့
ဆတ်သုဉ်းခြင်းနဲ့
အဆုံးသတ်လေရဲ့. . .
Author-pannthiri
myanmar steemit