သူငယ်ချင်းတိုရေ ဘဝမှာ မကောင်းတဲ့ လူနဲ့လည်း ကြုံရမယ် ကောင်းတဲ့လူနဲ့လည်း ဆုံရမယ်ကွဲ့ သူများကကိုယ့်ကို မုန်းတဲ့ လူနဲ့လည်း ကြုံရမယ် ချစ်တဲ့ လူနဲ့လည်း ဆုံရမယ်သလို မနာလိုတဲ့ လူနဲ့လည်း ကြုံရမယ် ကြည်ဖြူတဲ့ လူနဲ့လည်း ဆုံရမယ်ကွဲ့ တန်ဖိုး မထားတတ်တဲ့ လူတွေနဲ့လည်း ကြုံရသလို တန်ဖိုးသိပြီး တန်ဖိုးထားတတ်တဲ့ လူနဲ့လည်း ဆုံရမယ်ကွဲ့
မကောင်းတဲ့လူ အမုန်းပွားတဲ့သူ မနာလိုသူ မချစ်ခင်တဲ့သူ တန်ဖိုးကို နားမလည်တဲ့သူတွေအတွက် သူငယ်ချင်းတို့ ဘာမှခံစားမနေပါနဲ့နော် ကိုယ့်အတွက် အကျိုးမဲ့စေတဲ့ အရာမှန်သမျှကို စိတ်ထဲက ထုတ်ပစ်နိုင်လေ ကိုယ်စိတ်ချမ်းသာရလေပဲကွယ် လောကကြီးမှာ ကိုယ်နဲ့ထိုက်တန်တဲ့ နေရာ တစ်နေရာတော့ ရှိကို ရှိပါတယ် ဒါကို ရှာမတွေ့ သေးလို့ တန်ဖိုးမဲ့နေတာပါ လောကကြီးက ကိုယ့်ကို စိတ်ချမ်းသာ ပျော်ရွှင်စေမဲ့ လူတချိုနဲ့ ကိုယ့်အတွက် စိတ်အေးချမ်းစေဖို့ ခိုလှူံစရာ နေရာတစ်နေရာ ရှိကိုရှိပါတယ် ရှာမတွေ့သေးလို့ သာ စိတ်မငြိမ်းချမ်းသေးတာပါ
ရှာဖွေသင့်တာကို ရှာဖွေပြီး လက်လွှတ်သင့်တာကို စိတ်ပြတ်ပြတ်နဲ့ လက်လွတ်တတ်မှ ဘဝကို စိတ်ချမ်းသာ ပျော်ရွှင်စွာနှင့် လျှောက်လှမ်းနိုင်မှာပဲ ဖြစ်တယ် သူငယ်ချင်းတို့ အောင်မြင်ကြပါစေကွယ်.....