စကြာဝဠာဘယ်မျှကြီးသနည်း။ကျွန်ုပ်တို့ထင်သည်ထက်၊မှန်းဆနိုင်သည်ထက်ကြီးမားသည်။ကိန်းဂဏန်းအရေအတွက်တစ်ခုခုကိုမှန်းဆနိုင်မည်လား။ လွန်ခဲ့သည့်နှစ်၌ဘယ်လောက်ဝေးဝေးကြီးသင်ခရီးသွားလာခဲ့ပါသလဲ။မိုင်ပေါင်းနှစ်သောင်းလား၊ငါးသောင်းလား။စီးပွားရေးလုပ်ငန်းအတွက် လေကြောင်းဖြင့်ခရီးသွားလာရသောသူများသည်တစ်နှစ်လျှင်မိုင်ပေါင်းတစ်သိန်းနှင့်အထက်ခရီးသွားလာရသည်။ကောင်းကင်ပေါ်သို့ကြည့်သောအခါမှာလကိုလွယ်ကူစွာမြင်နိုင်သည်၊မိုင်ပေါင်းနှစ်သိန်းငါးသောင်းမျှသာဝေးကွာသည်။နေကိုလည်မြင်နိုင်သည်။ကြည့်ရပုံက လလောက်ပဲရှိမည်ဟုထင်ရသည်၊ သို့ရာတွင်ပို၍ပင်ဝေးကွာသည်၊မိုင်ပေါင်းကိုးဆယ်သုံးသန်းဝေးကွာသည်။ခရီးဝေးလွန်း၍ နေ၏အလင်းသည်ကမ္ဘာမြေကြီးသို့ရှစ်မိနစ်ကျော်ကြာပြီးမှရောက်လာသည်
နေသည်ဘယ်မျှလောက်ကြီးပါသနည်း။ နေထဲသို့ကမ္ဘာမြေကြီးပေါင်းတစ်သန်းမျှဝင်ဆန့်နိုင်သည်။ကမ္ဘာမြေကြီးသည် ဒင်္ဂါးစေ့တစ်ပြားလောက်ရှိလျှင်၊ နေကြီးသည် ကိုးပေအချင်းရှိသောင်ပြင်ဘောလုံးလောက်ရှိမည်။၎င်းမှာမှန်းဆဖို့ကြီးလွန်းပါသည်။ထိုသို့ဆိုလျှင်စကြာဝဠာမှာနေသည်အကြ်ီးဆုံးအရာဖြစ်မည်လား။မဟုတ်သေးပါ ကောင်းကင်ယံမှာ Orion the Hunter ကြယ်တာရာ-ကြယ်စုကိုမော့ကြည့်ဖူးပါသလား။Betelgeuse ဆိုသည့်ကြယ်တာရာ၏ဘယ်ဘက်ရှိ တောက်ပသောကြယ်သည် ကျွန်ုပ်တို့၏နေနှင့်ဂြိုလ်များရဲ့နေအဖွဲ့အစည်းတွင်းရှိပါက၊ ကမ္ဘာ၏နေကိုပတ်သောလမ်းကြောင်းကိုးဆယ်သုံးသန်းအဝေး၌ ထိုပတ်လမ်းကြောင်းအတွင်းသို့ဆန့်နိုင်မည်မဟုတ်ပါ။ဂျူ ပီတာပတ်လမိးကြောင်း၌ပင်ဆန့်နိုင်မည်မဟုတ်ပါ။ထို့ကြောင့်နေနှင့်၄၈၄သန်းမိုင်ပေါင်းကွာဝေးသည်။
သို့ရာတွင် အကြီးဆုံးကြယ်ကိုမူ Canis Majoris လို့ခေါ်ပါသည်။ဘယ်လောက်ကြီးသလဲဆိုလျှင် အကယ်၍သာကမ္ဘာကြီးကဒင်္ဂါးပြားလောက်ရှိပြီး၊နေကကိုးပေသောင်ပြင်ဘောလုံးလောက်ရှိလျှင်၊ Canis Majoris သည်အချင်းနှစ်မိုင်ခွဲရှိမည်။
ကမ္ဘာကြီးကဒင်္ဂါးစေ့လောက်ရှိပြီး၊နေကကိုးပေအချင်းရှိသောင်ပြင်ဘောလုံးကဲ့သို့ဖြစ်လျှင်၊နေသည်ဘယ်လောက်ဝေးပါသလဲ။ဘောလုံးကွင်းအကျယ်တမျှလောက်ရှိလိမ့်မည်။အကယ်၍သာကျွန်ုပ်တို့၏နေအစု-နေနှင့်ဂြိုလ်အားလုံးပေါင်းတို့သည် ဒင်္ဂါးပြားလောက်ရှိလျှင်၊နေသည်မိုက်ခရိုစကုပ်နှင့်သာကြည့်မှမြင်နိုင်မည်။အနီးဆုံးကြယ်မှာပေပေါင်းသုံးရာအကွာအဝေးရှိလိမ့်မည်။အကယ်၍ သင်သာလျှင်အလင်းရောင်ပြေးနှုန်း တစ်စက္ကန့်လျှင်မိုင်ပေါင်း ၁၈၆၀၀၀မိုင်သွားနိုင်လျှင် ကျွန်ုပ်တို့၏နေအစုကိုတဖက်မှတဖက်သို့နှစ်ပေါင်းတစ်သိန်းလောက်ကြာလိမ့်မည်။
ကျွန်ုပ်တို့၏ကြယ်စု galaxy မှာဒင်္ဂါးပြားအရွယ်လောက်ရှိလျှင်သတိပြုရမည်မှာ ကြယ့ပေါင်းဘီလျံနှစ်ရာရှိသည်။ကျွန်ုပ်တို့၏နေအစုမှာ သာမန်မိုက်ခရိုစကုတ်နှင့်ပင်မြင်၍မရနိုင်ပါ။အခြားသောကြယ်အစုတို့မှာ တစ်ပေမှပေပေါင်းတစ်ထောင်အထိဝေးကွာလိမ့်မည်။
ဆက်ရန်..,....
SMT 17