အောင်မြင်မူအတွက် ရှာဖွေခြင်း(Steemit=Work)
ကျွန်တော် ငယ်ငယ်က အါဖိုး ပြောခဲ့တဲ့ မှတ်သားစရာ တစ်ခု ကို အမှတ် ရမိပါတယ်။ တကယ်လို့ မင်း က သူများထက် ပိုကောင်းတဲ့ ပစ္စည်းတစ်ခုကို လုပ်နိုင်ခဲ့တယ်ဆိုရင် မင်းရဲ့အိမ်က ဘယ်လောက်ပဲ ဝေးတဲ့နေရာ မှ ဖြစ်ပါစေ မင်းစီကို လူတွေက လာကျမှာပဲ ဟု ပြောဖူးပါတယ်။ကျွန်တော်တို့အနေနဲ့ ရသင့်ရထိုက်တဲ့ လစာကောင်းကောင်းမရဘူး အယ်တာကြောင့် အလုပ်ကို အကောင်းဆုံး မကြိုးစားခဲ့ဘူး။
လစာကောင်းကောင်းမရခဲ့တဲ့အတွက် အလုပ်ကိုအားကြိုးမာန်တက် မပြုလုပ်ခဲ့ခြင်းဟာ လူပေါင်းများစွာကို အောင်မြင်မှု မရရှိစေတဲ့ အကြောင်းအရင်းပဲဖြစ်မယ်ထင်ပါတယ်။ ကျွန်တော် တို့လုပ်နေတဲ့ အလုပ်ဆိုတာ လစာကိစ္စ အပြင် မိမိရဲ့ အရည်းအချင်း ကို ပြသရာ ကိစ္စတစ်ခုလဲ ဖြစ်တယိ။ မိမိရဲ့ အရည်အချငိး ကိုအခွင့် အရေးရတဲ့ အချိန်မှာ ပြသဖို့အတွကိ အစွမ်းကုန်ကြိုးစားအားထုတ်သင့်ပါတယ်။ ပိုက်ဆံဆိုတာ မိမိအရည်အချင်းနဲ့ယှဉ်ရင် အဆုံးအဖြတ်ပေးတဲ့ အရာ မဟုတ်ပါဘူး။
ကျွန်တော်တို့ပိုက်ဆံဘယ်လောက်ပဲရရ ကျွန်တော်တို့ရဲ့ အရည်းအချင်းမပဲနဲ့ ကျွန်တော်တို့ထုတ်လုပ်တဲ့ ပစ္စည်းကထုတ်လုပ်နိုငိမှာမဟုတ်ပါဘူး။ကျွန်တော်တို့ ထုတ်လုပ်တဲ့ ပစ္စည်းဟာ ချွတ်ယွင်းအားနည်းတာ တွေ ဖြစ်ကတတ်ဆန်း လုပ်တာတွေဟာ ကျွန်တော် တို့ရဲ့ အရည်းအသွေးကိုထိခိုက်စေပါတယ်။
ဥပမာ -ခင်ဗျာ ကလက်သမားဆရာ ဆိုပါစို့။ ပရိဘောဂ တစ်ခုကိုလုပ်ရင် ဆက်ရမယ်နေရာမှ ကော်ကပ်ထားတာမျိုး ခိုင်ခံ့မှုရှိရမယ် နေရာတွေမှာ ပွတဲ့အသား အနာပါတဲ့ သစ်တွေသုံးပြီး သဘောင်္ဆေးသုပ်ပြီးဖုံးကွယ်ထားတာမျိုးတွေဟာ မရိုးမသားမူ အကျင့်စာရိတ္တ ညံဖျငိးမှု တုပလှည့်ဖြားမှု အရည်အချင်း ညံ့ဖျင်းတောတွေကို တွေ့ရမှာပါ။
ကျွန်တော်တို့ ပေါ့ပေါ့ဆဆ လုပ်ကိုင်လိုက်ခြင်းဟာ ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည် ကိုအလဲထိုးခံလိုက်ရသလို့ စာရိတ္တကိုလည်းအရောင်ဆိုးစေပါတယ်။ ကျွန်တော်တို့အနေနဲ့ အယ်လို့ ညံ့ဖျင်းတဲ့ အလုပ်တစ်ခုကို လုပ်ပြီးတဲ့အခါတိုင်း ကျွန်တော်တို့အနေနဲ့ အရင်တုန်းကလို့ လူမျိုးပြန်မဖြစ်တော့ပါဘူး။
ကျွန်တော်တို့Steemit မှာရော
ကျွန်တော်တို့တွေ့ဟာ$ကောငိးကောင်းမရခဲ့ကျတဲ့အတွက်postတင်တဲ့အခါ ဗဟုသုတ ရသ မှတ်သားစရာတွေ အရည်အသွေး မီတဲ့ postတွေကို မတင်ပဲ အဆင်ပြေသလို့ လွယ်သလို့ တင်ခဲ့ကျတယ်။ ကျွန်တော် တို့ ကြိုးစားအားထုတ်မူမရှိပဲ ဖြစ်သလို့ တင်ခဲ့တာတွေဟာ Steemit မှာအောင်မြင်မူအတွက် နှောင်းနှေးစေတဲ့ အရာတွေ ဖြစ်ပါတယ်။ $ဘယ်လောက်ပဲ နည်းနေပါစေ ကျွန်တော် တို့ရဲ့အရည်းအချငိးကို ထုတ်ပြီးအကောင်းဆုံး ရေးသားကျမယ်ဆိုရငိ steemitမှ အောင်မြင်မူအတွက်လမ်းစလေးဖြစ်မယ်ထင်ပါတယ်။
သင်သာအရည်းအချင်းကို အကောင်းဆုံးအသုံးချပြီး သူများထက် ပိုကောင်းတဲ့ original content ရေးသားသူဖြစ်နေရငိ သင်ရဲ့ Reputation ကဘယ်လောက်ပဲရှိနေပါစေ သင်ကို အားပေးနေကျတဲ့ လူတွေ ရှိကျတယ်ဆိုတာ သတိရပါ။myanmar steemit newbies များကို ထာဝရကြိုဆိုလျက်
https://www.facebook.com/Myanmar-Steemit-Newbies-116871002276941/
ရေးသားသူဖြိုးဝေအောင်
WriterPhyowaiaung