Four Year Anniversary အဝေးရောက်အလွမ်း
ကောင်မလေး
မနက်ဖြန် ဆိုရင် ကောင်မလေးက ကိုယ့်ကို အဖြေပြန်ပေးခဲ့တာ လေးနှစ်ပြည့်ခဲ့ပြီနော်
"" တွေ့ ချင်လိုက်တာ ကောင်မလေးရယ် ""
Anniversarry ဆိုတာ ကိုယ့်အတွက်တော့ ခုလို ဝေးကွာနေတဲ့အချိန် မှာ ကျိန်စာသင့်တဲ့ နေ့ ရက်တွေလို ပါပဲ။နှစ်တိုင်း ခုလို အမှတ်တရ နေ့ လေးတွေရောက်ရင် မနက်အစောကြီးထ တူတူဘုရားသွားဖို့ အတွက် ကြိုတင်ပြင်ဆင်လို့  ကိုယ်က ပုဆိုးနဲ့ အကျီ င်္အကွက်လေးဝတ်ပြီး ကောင်မလေး က သနပ့် ခါး ပါးကွက်ကျားလေးနဲ့ မြန်မာ ဆန်ဆန်လေး အမှတ်တမဲ့ ပြုံးပြတာလေးကို
ကို ကြည့်တော့
့ ' ဘာလို ကြည့်တာလဲတဲ့  '
နွေးထွေးတဲ့ လက်တစုံကိုဆုပ်ကိုင်ပြီးပျော်ရွှင်ခဲ့တာတွေကို သတိရမိတယ်။
ကောင်မလေး ဘုရားရှစ်ခိုးနေတဲ့ ပုံစံလေးကို ကိုယ့်သတိလက်လွှတ်ငေးနေမိတယ်။ ကောင်မလေးရဲ့ အပြုံးတွေကို ကိုယ်အရမ်းချစ်တယ်။ကိုယ်ရဲ့ နှလုံးသား အနက်ရိုင်းဆုံးနေရာတိုင်းမှာ ကောင်မလေးရဲ့ အပြုံးကို စွဲနေအောင်မှတ်သားထားပြီးသားပါ။
ဘယ်လောက်ပဲ ဝေးကွာနေပါစေ ကောင်မလေးရှိတဲ့ နေရာကို ကိုယ်ရောက်အောင် လာမယ်။ကိုယ့် ရင်ခွင်ကို ကောင်မလေးအတွက် လုံခြုံ တဲ့နေရာလေးဖြစ်အောင် ကြိုးစားသွားမယ်နော်။ဝေးကွာနေတဲ့ ခုလို ဘဝလေးကို ကျွတ်လွတ်အောင် ကိုကြိုးစားနေသလို ကောင်မလေး လဲ ကြိုးစားနေတာ သိပါတယ်။ကိုယ်တို့ နှစ်ယောက်ကြားမှာ ဘာ ပြဿနာတွေ ပဲ ရင်ဆိုင်နေပါစေ အတူတူ ကျော်လွှားရအောင်။ဒုက္ခ တွေ အန္တရာယ်တွေ ကျော်လွှားပြီးကိုယ့်တို့ နှစ်ယောက် ကမ္ဘာလေးကိုပျော်ရွှင်စွာအရောက်သွားနိုင်စေရမယ်။
တနေ့ တော့
ကိုယ်တို့ နှစ်ယောက် စိတ်ကူးယဉ် အိပ်မက်တွေ ကို အတူတူ အကောင်အထည်ဖော်သွားကျမယ်နော်
Bunny Phyo (အလွမ်းပြေအနမ်း)
ဝေးကွာနေတဲ့ အချိန်တွေ ကုန်ဆုံးလို့  တွေ့ တဲ့နေ့ ရောက်ရင်လေ
အကြာကြီး ဖက်ထားပြီး 😘😘😘😘
လွမ်းခဲ့သမျှ တွေကို ဖြေဖျောက်လိုက်ချင်တယ်
ခုတော့အချိန်တိုင်း လွမ်းလို့ 
အရမ်းတွေ့ချင်တဲ့ အခါ ကောင်မလေး
photoလေးတွေက ကိုယ်အတွက် အလွမ်းပြေ ပေါ့
ဘယ်လောက်ထိဘယ်လိုချစ်နေတာလဲ ဆိုတာထက်
ဒီနေ့တစ်ရက်ကို အပြည့် အဝ ချစ်လိုက်ချင်တယ်
……
……
……
……
……
But
နောက်နေ့တွေလည်း အပြည့်အဝ ဆက်ချစ်သွားမှာပါ
ကောင်မလေး ကို အများကြီးချစ်တဲ့  ကို
ရေးသားသူ ဖြိုးဝေအောင်
(7.2.2014 မှာ ချစ်သူတွေစဖြစ်ခဲ့တာ 7.2.2018 ဆိုရင် 4 year တောင်ပြည့်တော့မယ်နော် ဘယ်လို အခက်အခဲ ပဲ ဖြစ်ဖြစ် အတူတူ ကျော်ဖြတ်ရင်ဆိုင်ကျမယ်နော်)